2015-Apr-12 နေ.က Toa Payoh ဘုန်းကြီးကျေင်း သင်္ကြန်ကို မနက် ၁၀နာရီလောက် ရောက်သွားတယ်။ Toa Payoh ဘုန်းကြီးကျောင်းကို မရောက်ဖြစ်တာ ၃နှစ်လောက် ရှိတော့မယ်ထင်တယ်။ Toa Payoh သင်္ကြန်ကို နောက်ဆုံး ရောက်ဖူးတဲ့ နှစ်က ၂၀၀၆ သင်္ကြန်တုန်းကပါ။ တော်တော်လေး ကို ကြာပြီ ဆိုပါတော့။
Toa Payoh MRT ကနေ ဘုန်းကြီးကျောင်းကို သွားတဲ့ လမ်းတစ်လျှောက်မှာ မြန်မာတွေ တအားကြီးပဲ။ မြန်မာဆန်ဆန် ၀တ်ထားပြီး လာကြတာ တော်တော်များတယ်။ စင်ကာပူက လူတွေက တော့ သင်္ကြန်ပွဲရှိတာ မှန်းမ သိရင် ဘာဖြစ်နေတာ တုန်းလို. ထင်မိမယ်။ လမ်းတစ်လျှောက် တွေ. တဲ့ မြန်မာ အင်အားကို ကြည့်ပြီး ဘုန်းကြီးကျောင်းမှာ လူဘယ်လောက်တောင် များနေမလဲ ဆိုတာ ခန်.မှန်း ကြည့် လို.ရတယ်။
ဘုန်းကြီးကျောင်းထဲ ၀င်ဖို. တန်းစီနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ၀င်ဖို. မ၀င်ဖို. စဉ်းစားရသေးတယ်။ ၀င်ပြီး ပြန်ထွက်မရရင်လဲ ဒုက္ခ။ နောက်ဆုံးတော့ ရောက်လက်စနဲ. မထူးဘူး ဆိုပြီး စတုဒီသာ ကျွေးတဲ့ ဘက် မသွားပဲ ဘုန်းကြီးကျောင်း ထဲ အရင်သွားလိုက်တယ်။ ဘုရားဆုတောင်း ပြီးတော့မှ စတုဒီသာ သွားစားမယ်ပေါ့။
ဘုန်းကြီးကျောင်းကနေ အပြင်ထွက်လိုက်ပြီး လူအုပ်ကြီးထဲ ကို ၀င်ပါတယ်။ အစားသောက် တွေ ဝေတဲ့ ဖက် ကိုရောက် ဖို. မနည်းကို တိုးဝင်မှ ရမယ်။ ပုံထဲကလို ကျွေးတဲ့ ဘက်ကို မရောက်နိုင်ပဲ ဘေးဆုံးကနေပဲ ရွေ.နေတာ နောက်ဆုံးတော့ ဘုန်းကြီးကျောင်းနဲ. နောက်ဖေး ပေါက်ရောက်တဲ့ အထိပဲ။
ဘုန်းကြီးကျောင်း နောက်ဖေးမှာ ကြက်သား ဘူးသီးကာလသား ဟင်းတွေ အားရပါးရ ချက်နေတာ တွေ.ခဲ့တယ်။ စတုဒီသာ ကျွေးတဲ့ ဘက်ကို ပြန် မတိုးချင်တာနဲ. ဓါတ်ပုံ နည်းနည်း ရိုက်ပြီး ဘုန်းကြီးကျောင်း နောက်ပေါက် ကနေ ထွက်ပြီး ပြန်လာခဲ့တယ်။ စတုဒီတာ အ၀စားရမယ် ထင်ပြီး လာခဲ့တာ။ အိမ်အပြန် ဗိုက်ဆာလို. Mac Donald မှာ ဘာဂါ ၀င်စားခဲ့ရတယ်။ ဘာပဲ ဖြစ်ဖြစ် သင်္ကြန်ရေ စိုလို. ကျေနပ်တယ်။ :)
No comments:
Post a Comment