Dayang Bunting Marble Geoforest Park ကနေပြန်လာပြီးတော့ Eagle Feeding လုပ်တဲ့ နေရာကိုရောက်သွားပါတယ်။ ရေလယ်မှာ လှေခဏ ရပ်ပြီးတော့ ကြည့်ရုံပါပဲ။ ရူခင်းတွေက Phuket က ရူခင်းတွေ နဲ. ဆင်တယ်။
Eagle တွေကို ဘာတွေ ကျွေးလဲတော့ မမှတ်မိတော့ဘူး။ ကျွန်တော်တို. လှေတွေနားကို Eagle တွေ အများကြီး ၀ဲနေတယ်။ Eagle တွေ က တိရစ္ဆာန်ရုံမှာ တွေ.ရတဲ့ လှောင်အိမ်ထဲက ဟာမျိုးတွေလို မဟုတ်ပဲ။ အပြင်မှာ လွတ်လွတ်လပ်လပ် ပျံနေကျလို. မြင်ရတာ စိတ်ချမ်းသာ ဖို.ကောင်းတယ်။
Eagle Feeding ကြည့်ပြီးတော့ Tour ရဲ.နောက်ဆုံး အစီအစဉ် ဖြစ်တဲ့ Beras Basah Island ကိုရောက်သွားပါတယ်။ ရောက်တဲ့အချိန်က မွန်းတည့်ချိန်ဆိုတော့ အရမ်းပူနေလို. ရေမကူး ခဲ့ရဘူး။
ဒီကျွန်းက ပင်လယ်ရေက အရမ်းကို ကြည်လင်နေပြီး သဲဖြူတွေကလဲ ညက်နေတာပဲ။ တစ်ချို.တွေလဲ ရေကူးတဲ့သူကူး။ လေထီး စီးတဲ့သူ စီး နဲ. အလုပ်ရူပ်နေကြတယ်။ ကျွန်တော်တို.ကတော့ ဘာမှမလုပ်ပဲ။ အရိပ်အောက်မှာပဲ ပြန်တဲ့အထိ ထိုင်စောင့်နေလိုက်တယ်။
အချိန်တွေ ပိုနေတာနဲ. Nikon ကင်မရာလေးနဲ. Panorama တွေ စမ်းရိုက်ကြည့်ခဲ့တယ်။
![]() |
I have never tried Parasailing in my life. Now I would like to try. :) |
ဒီ Tour က နေ.လည် ထမင်းစားချိန်လောက်မှာ ပြီးသွားပါတယ်။ သဘောင်္ဆိပ်ကို ပြန်ရောက်ပြီး ၊ Tour ကားနဲ. ဟိုတယ်ကို ပြန်ပို.ပေးပါတယ်။ ကျွန်တော်တို.က နေ.လည်စာ စားဖို.အတွက် Hotel နားက Indian စားသောက်ဆိုက် မှာ ဆင်းခဲ့တယ်။ ဒံပေါက်နဲ. နံပြား မှာစားခဲ့တယ်။း)
No comments:
Post a Comment