15-Aug-2012, Half Day tour က နေ.လည် မှာ ပြီးသွားတော့ ညနေပိုင်းကို Hotel နားက Pantai Cenang Beach မှာရေကူး ပြီး အဲ့ဒီနေ.ကို ကုန်ဆုံးခဲ့တယ်။ ကမ်းခြေ ကို နေမ၀င်ခင် ရောက်သွားတယ်။ နေပူနေသေး တာနဲ. ရေထဲမဆင်းသေးပဲ ကမ်းခြေပေါ်မှာ လမ်းလျှောက် ၊ ဓါတ်ပုံရိုက် လုပ်နေခဲ့တယ်။
Pantai Cenang Beach က Phuket က Patong Beach ထက် ပိုပြီး ကျယ်ပါတယ်။ Beach feeling အပြည့်အ၀ ခံစားလို. ရတဲ့ နေရာမျိုးပေါ့။ ကမ်းဖြေပေါ်မှာ ဆော့နေတဲ့ သူတွေ၊ နေပူစာ လှုံနေတဲ့ လူတွေ နဲ. စည်ကား နေပါတယ်။
နေ နဲနဲစောင်းသွားမှာ ရေဆင်းကူးခဲ့တယ်။ ရေက နွေးနွေးလေးနဲ. ရေထဲ စိမ်နေပြီး လှိုင်း စီး ရတာ အရမ်းကို အရသာရှိပါတယ်။ ပင်လယ်ထဲမှာ ရေကူးတဲ့သူ၊ လေထီးစီးတဲ့သူ၊ မော်တော်ဘုတ် စီးတဲ့သူ။ ရေပေါ်လျှပ်ပြေး မော်တော်စီး တဲ့သူ အမျိုးမျိုး တွေ.ခဲ့ပါတယ်။
ဒီနေ. တနေ.စာ အတွက် တခြား ဘာမှ အစီအစဉ်မရှိတာနဲ. ကမ်းခြေမှာပဲ နေ၀င်သည်အထိ အေးအေးဆေးဆေး အပန်းဖြေ အနားယူခဲ့ပါတယ်။
No comments:
Post a Comment