27th SEA Games မြန်မာပြည်မှာ လုပ်ပြီးကတည်းက SEA Games ကို ပိုပြီးစိတ်ဝင်စားလာတယ်။ ဒီနှစ်က စင်ကာပူမှာ ကျင်းပတာဆိုတော့ ကိုယ်တိုင်သွားပြီး ဓါတ်ပုံတွေ ရိုက်ခဲ့တယ်။ ဒီပို.စ်မှာ ဖွင့်ပွဲည က ရိုက်ထားတဲ့ ပုံတွေရယ်။ ဖွင့်ပွဲမတိုင်ခင် တပါတ်လောက် အလိုလောက် က ရိုက်ထားတဲ့ ပုံတွေ ၂ခု ရောထားပါတယ်။
2015-May-31, SEA GAMES Carnival ရှိတယ်ဆိုလို. ဘာတွေ များ ရှိမလဲဆိုပြီး Stadium ကိုရောက်သွားတယ်။ အဲ့မှာ ကလေးတွေ ကစားတဲ့ အရာတွေ၊ SEA Games လက်ဆောင်ပစ္စည်းရောင်းတာတွေ တွေ.ခဲ့ပါတယ်။ ထူးထူးခြားခြား ဘာမှ ဓါတ်ပုံ ရိုက်စရာ မရှိပါဘူး။ ရောက်လက်စမို. Stadium ကို တစ်ပတ် ပတ်ကြည့်ရင်း၊ အသစ်ဝယ်ထားတဲ့ Mi4i ဖုန်းရဲ. ကင်မရာကို စမ်းရင်းပေါ့။ နောက် အဆင်ပြေရင် Mi4i ဖုန်းကင်မရာနဲ. ရိုက်ထားတဲ့ ပုံတွေကို စုပြီး ပို.စ်အသစ် ရေးပါမယ်။ ကောင်မလေး ပုံတွေ နဲ. ဖွင့်ပွဲမှာ ရိုက်ထားတဲ့ ပုံတွေကလွဲလို. ကျန်တဲ့ ပုံတွေကို Mi4i ဖုန်းနဲ. ရိုက်ထားတာပါ။
Carnival မှာ ဒီလို အရုပ်မလေးတွေနဲ. ဓါတ်ပုံတွဲရိုက်လို.ရတယ်။ ရာသီဥတု ပူပူနဲ. သူတို.တွေ ၀တ်ထားပုံနဲ.တော့ ကွတ်တိပဲ။း)
2015-Jun-05, ဖွင့်ပွဲက မီးရူးပန်းဖောက်တာ ကြည့်ချင်လို. အလုပ်ကအပြန် ည၈နာရီခွဲလောက် Stadium ကို ရောက်သွားခဲ့တယ်။ Opening Ceremony Ticket ၀ယ်ထားတဲ့ သူတွေကတော့ National Stadium ထဲမှာ ဇိမ်နဲ. Performance တွေကြည့်နေကြတာပေါ့။ ကျွန်တော်ကတော့ အပြင်ဘက်မှာ မီးရူးပန်း လွတ်မှာကို ကင်မရာ ကိုင်ပြီး စောင့်နေခဲ့တယ်။
ကျွန်တော် ရောက်ပြီးတဲ့ အချိန်က စလို. ပြန်တဲ့အထိ မီးရူးပန်း ၃ ခါ လွတ်ပါတယ်။ ပထမ ၂ခါကို ဗွီဒီယိုရိုက်ပြီး၊ နောက်ဆုံး လွတ်တဲ့ မီးရူးပန်းကို ပဲ ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ကျွန်တော့်နေရာနဲ. မီး၇ူးပန်းလွတ်တဲ့ နေရာက နီးနေတော့ ပုံတွေက အနီးကပ် တွေဖြစ်နေတယ်။ သူများ ပုံတွေက မြင်ကွင်းကျယ် ပုံတွေ ဆိုတော့ မီးပန်းတွေ ပိုလှပါတယ်။ ကိုယ်တိုင်ကလည်း မီးရူးပန်းတွေကို ဓါတ်ပုံရိုက်တာ သိပ်မကျွမ်းကျင်တော့ ရိုက်လဲ လှမှာ မဟုတ်ဘူးဆိုပြီး ဖြစ်သလိုပဲ ရိုက်ခဲ့တယ်။
ကျွန်တော်တို.က Stadium ရှေ.က မြစ်ကမ်း ဘေးမှာ စောင့်နေတာပါ။ မီးရူးပန်းတွေကို ကိုယ့်အရှေ.က ရေပြင် ပေါ်ကနေ လွတ်တာဆိုတော့ ဘယ်အချိန် မီး၇ူးပန်း တွေ ထွက်လာမလဲ ဆိုပြီး ရင်တထိတ်ထိတ် နဲ. စောင့်နေရတယ်။ ဘာလို.လဲဆိုတော့ အရမ်းနီးနေတဲ့အတွက် အသံကအရမ်းကျယ်လို.ပါ။း)
![]() |
![]() |
Passengers at Stadium MRT Stadium after the opening Ceremony. |
ကျွန်တော်ရိုက်ထားတဲ့ မီးရူးပန် ဗွီဒီယို ၂ခု။
စာဖတ်သူတွေရော ဖွင့်ပွဲ အခမ်းအနားကို ကြည့်ဖြစ်သေးလား။ ကျွန်တော်ကတော့ အိမ်ပြန်ရောက်မှ Youtube ကနေ ကြည့်လိုက်တယ်။ မနှစ်က မြန်မာပြည်မှာ လုပ်သွားတဲ့ ဖွင့်ပွဲနဲ. ယှဉ်ရင် စင်ကာပူက ဖွင့်ပွဲက အရမ်းကို ရိုးရှင်း ပြီး၊ Performance Act တွေကလဲ နည်းနေသလိုပဲ။
Video Credit to Sport Singapore.
No comments:
Post a Comment