2015-Jun-10 ရက်နေ.က စင်ကာပူနိုင်ငံ Jalan Besar Stadium မှာ ကန်တဲ့ မြန်မာ နဲ. ကမ္ဘောဒီးယား ပွဲကို ကိုယ်တိုင် သွားကြည့်ဖြစ်တယ်။ ဘောလုံးပွဲ ကို ကွင်းထဲမှာ ကြည့်ဖူးတာ ဒါ ပထမဆုံးပဲ။ လက်မှတ် ကို အွန်လိုင်းကနေ၀ယ်တာ မြန်မာ ဘက်ပွဲကြည့်စင်က ၀ယ်မရလို. ကမ္ဘောဒီးယား ဘက်ကနေ ၀ယ်ပြီး သွားကြည့်ခဲ့တယ်။
ပွဲမစခင် ကမ္ဘောဒီးယား တွေ နဲ.ရောထိုင်နေတာ။ အဲ့ဘက်မှာ မြန်မာဆိုလို. ကျွန်တော်နဲ. သူငယ်ချင်း ၂ယောက်ပဲ ရှိတာ။ ထိုင်နေရင်းနဲ. ကမ္ဘောဒီးယား ပရိတ်သတ်တွေက သူတို.ကို ဘေးအစွန်ဆုံး နေရာမှာ ချပေးထားလို. လုံခြုံရေးတွေကို complain တက်ကြတယ်။ ဘေးမှ နေရာ အလွတ်ခုံတန်းတွေကို ပေးမထိုင်လို.လေ။ တကယ်လဲ မတရားပါဘူး။ လွတ်နေတဲ့ နေရာ ပေးထိုင်လိုက်တော့ ဘာပြုသွားမှာမို.လို.လဲ။ နောက်ပြီး သူတို.ပရိတ်သတ်တွေက မြန်မာပရိတ်သတ်တွေရဲ. ၁၀ ပုံ ၁ ပုံလောက် ပဲရှိတော့ အားငယ်ရှာမှာပေါ့။ သူတို.ပရိတ်သတ်တွေ လုံခြုံရေးတွေနဲ. စကားများ နေတုန်း ကျွန်တော်တို.လဲ အိမ်သာ သွားသလိုနဲ. မြန်မာ ပရိတ်သတ် ဘက်ခြမ်းကို မသိချင်ယောင် ဆောင်ပြီး ၀င်သွားလိုက်တယ်။ အဲ့ဒီတော့မှပဲ စိတ်အေးလက်အေး ကြည့်နိုင်တော့တယ်။ :)
![]() |
Burmese Team Warming up before the match. |
Burmese Goal Keepers.
မြန်မာ အသင်းက ဓါတ်ပုံဆရာတောင်ပါလာသေးတယ်။ ဓါတ်ပုံရိုက်နေတဲ့ စတိုင် သဘောကျလို. ဓါတ်ပုံ ရိုက်ခဲ့တယ်။း)
Pose ပေးနေတာ လန်းတယ်နော်။ ;)
![]() |
![]() |
Si Thu Aung |
![]() |
Burmese Coach |
Cambodian Super girl
ပွဲမစခင် နိုင်ငံတော်သီချင်း ဆိုနေတုန်း အလံ ကို အခုလို ဖြန်.လိုက်တာ အင်မတန်မှ ကြည့်လို.ကောင်းပါတယ်။ အခု SEA games ဘောလုံးပွဲတွေ ကြည့်နေတာ ဘယ်နိုင်ငံမှ အခုလို အလံအကြီးကြီး လုပ်ထားတာမရှိဘူး။ အိမ်ရှင် စင်ကာပူတောင် ဒါမျိုးမလုပ် နိုင်ဘူး။ သူတို. ခမျာ ကြွတ်ကြွတ်အိတ် အနီနဲ.အဖြူ ကို လက်နဲ. ရမ်းရုံတင် လုပ်နိုင်တယ်။း)
![]() |
စင်ကာပူ နဲ. ပွဲတုန်းက စင်ကာပူကို အနိုင်နဲ. ပိုင်းသွားတာ သူပေါ့။ |
ပထမပိုင်းမှာ ကမ္ဘောဒီယားက အရင်ဆုံး ၁ ဂိုးရပါတယ်။ ပြီးတော့ ပထမပိုင်း မပြီးခင်လေးမှာ ကမ္ဘောဒီယား က Penalty ထပ်ရပြန်ပါတယ်။ ပထမ Penalty မှာ မြန်မာ ဂိုးသမားက ဘောလုံးကို ဖမ်းမိတယ်။ ဒါပေမယ့် ဂိုးတိုင် အရှေ.ကိုနည်းနည်းထွက်ပြီး ဖမ်းသလို ဖြစ်သွားတော့ ဒိုင်လူကြီးက ကမ္ဘောဒီးယားကို နောက်တခါ ပြန်ကန် ခိုင်းပါတယ်။ အဲဒီမှာ မြန်မာ ပရိတ်သတ်တွေ ဂျပန်ဒိုင်ကို မကျေမနပ် ဖြစ်ပြီး ၀ိုင်းပြီး အော်ကြပါတယ်။ Facebook စာမျက်နှာတွေထဲမှာလဲ ဂျပန်ဒိုင် အကြောင်းတွေ ရေးထားတာတွေ အများကြီးတွေ.ရပါတယ်။ ဒီလိုနဲ. ပထမပိုင်း ၄၅ မိနစ်ကို Myanmar 0 - Cambodia 2 နဲ. အဆုံးသတ်သွားတယ်။
![]() |
Penalty kick of Cambodia. |
ကမ္ဘောဒီးယားက ဂိုးရလို. ပျော်နေကြတဲ့ ကမ္ဘောဒီးယား ပရိသတ်တွေပါ။ မြန်မာတွေကတော့ မပျော်နိုင်သေးပါဘူး။ ဒုတိယပိုင်းမှာ ဂိုးသွင်းနိုင်ပါစေလို. မျှော်လင့်ရတာပဲ။ စင်ကာပူ နဲ. အင်ဒိုနိးရှား ကို နိုင်ပြီး ကမ္ဘောဒီးယားကို ရုံးရင် ဘယ်ကောင်းမလဲ။
ပထမပိုင်း ၄၅ မိနစ် ကြည့်ရတာ သိပ်ပြီးတော့ အားမရှိဘူး။ ဒါပေမယ့် ဒုတိယ ပိုင်း အစမှာ မြန်မာဘက်က ကောင်းဆက်နိုင် ပါလာတယ်။ ဒုတိယပိုင်း စလို. သိပ်မကြာဘူး ကောင်းဆက်နိုင်က ၁ဂိုး သွင်းခဲ့တယ်။ မြန်မာ ဘက်က မျော်လင့်ချက် နည်းနည်းရှိသွားတာပေါ့။ ဒါပေမယ့် သိပ်မကြာပါဘူး ကမ္ဘောဒီးယား က နောက်ထပ် ၁ဂိုး ထပ်ရသွားပါလေရော။ အဲ့ဒီတော့ Myanmar 1 - Cambodia 3 ဖြစ်သွားပြန်ပါတယ်။ ပွဲပြီးဖို.လဲ မိနစ် ၂၀ လောက် သာ ကျန်တော့၊ ကျွန်တော့်စိတ်ထင် မြန်မာ ရှုံးပြီးလို. ကိုထင်ထားတာ။ 88 မိနစ်လောက်မှာ ကောင်းဆက်နိုင် ကပဲ ဒုတိယမြောက်ဂိုးကို သွင်းလိုက်နိုင်ပါတယ်။ ဒါပေမယ့် မိနစ် ၉၀ အချိန်က ပြည့်လို. 2 - 3 ပဲ ဆိုတော့ ရှုံးမှာ ပါလေလို. ထင်နေတာ။ အချိန်ပို ပေးတဲ့ ၄ မိနစ် အတွင်းမှာ စည်သူအောင်က တတိယမြောက် ဂိုး ကို သွင်းလိုက်နိုင်ပါတယ်။ အဲ့ဒီတော့မှ မြန်မာ ပရိသတ်တွေ ပျော်နိုင်တော့တယ်။ ကမ္ဘောဒီယားအသင်းကလဲ အင်မတန်ကို ကြိုးကြိုးစားစား ကန်တာတွေ.ရပါတယ်။ သူတို.ဘက်က အရမ်းကြိုးစားထားပြီး ပွဲပြီး ခါနီးမှာ သရေကျသွားတော့ စိတ်မကောင်းဖြစ်မှာ အမှန်ပဲ။
![]() |
Third goal to Cambodia. |
အမှန်ကတော့ ကျွန်တော့်အမြင်ပြောရရင် မြန်မာအသင်းက ပထမပိုင်းမှာ နည်းနည်းပေါ့သွားတယ်။ ကမ္ဘောဒီးယားကို သေချာပေါက် နိုင်မှာပါ လို. ထင်ပြီး ဇိမ်နဲ. ဆော့နေသလား ပဲ။ ဒုတိယပိုင်းမှာမှ ကောင်းဆက်နိုင် တို. စည်သူအောင် တို.ကို ထည့်ပြီး ကစားလိုက်မှ၊ ပြီးတော့ ကမ္ဘောဒီးယားက ဂိုးတွေရသွားမှာ သေသေချာချာ ကန်လာတာတယ်လို.ထင်တယ်။ ဘာပဲ ဖြစ်ဖြစ် ရှံးတာထက် စာရင် သရေကျတာ မဆိုးဘူလို. ပြောရမှာပေါ့။
2015-Jun-13 ရက်နေ. Myanmar Vs Vietnam Semi Final ပွဲကိုလဲ ကျွန်တော်သွားကြည့်မှာပါ။ အဆင်ပြေရင် ဓါတ်ပုံတွေ ရိုက်ခဲ့ပါဦးမယ်။
No comments:
Post a Comment