Thursday, June 18, 2015

1

28th SEA Games, Myanmar Vs Vietnam Semi-Final Football Match


2015-Jun-13 ရက်နေ.က စင်ကာပူ National Stadium မှာ ကန်တဲ့ မြန်မာ နဲ. ဗီယမ်နမ် ဘောလုံးပွဲကို သွားကြည့်ဖြစ်တယ်။ ခါတိုင်း ဘောလုံးပွဲကို အိမ်မှာပဲ  Live ပြတာကို ကြည့်ဖြစ်တယ်။ ဒီတစ်ခါကျတော့ အရင် ကမ္ဘောဒီးယား နဲ.ပွဲလဲ ကြည့်ထားတာက တစ်ကြောင်း၊ ဖေ့ဘုတ်ပေါ်မှာလဲ အမြဲတမ်း U23 ဘောလုံးအသင်း အကြောင်းပဲ ပြောနေတာတွေ ကို တွေ.နေရတာက တစ်ကြောင်း၊ စင်ကာပူက အသစ်စက်စက် ဆောက်ထားတဲ့ National Stadium ထဲ ၀င်ပြီး ကြည့်ချင်တာက တစ်ကြောင်း၊  အရမ်းကောင်းတဲ့ ဗီယမ်နမ် အသင်းနဲ. Semi-Final မှာ ကန်မှာဆိုတော့ နိုင်မလား၊ ရှုံးမလား သိချင်တာ နဲ. လက်မှတ်ဝယ်ပြီး သွားကြည့်ဖြစ်တယ်။ လက်မှတ် ကို Online ကနေ ၀ယ်ရပါတယ်။ ပရိတ်သတ်  ၅သောင်းကျော် ဆန်.တဲ့ National Stadium မှာ လက်မှတ်စရောင်း လို. ၁၀မိနစ်ကျော်လောက်မှာ လက်မှတ်တွေ ကုန်သွားပါတယ်။ ဘယ်လောက် နာမည်ကြီးသလဲ သဘောပေါက်လိုက်တော့။ 


Stadium က ပရိတ်သတ် ၅သောင်းကျော်ဆန်.တယ်ဆိုပေမယ့်လဲ။ သူတို.က Section အားလုံးကို ဖွင့်မထားပါဘူး။ လူ ၃သောင်းစာလောက်ပဲ ကန်.သတ်ထားပုံရပါတယ်။ မြန်မာ ပရိတ်သတ်နဲ. ၊ ဗီယမ်နမ် ပရိတ်သတ် ထိုင်တဲ့နေရာချင်းလဲ မတူဘူး။ မြန်မာဘက်ခြမ်းက မြန်မာ လက်မှတ်တွေ ရောင်းကုန်သွားလို.၊ တချို . မြန်မာတွေလဲ ဗီယမ်နမ် ဘက်ခြမ်းမှာ ၀ယ်ပြီး ကြည့်ကြတာ တွေ.ရပါတယ်။ ပွဲတိုင်းလိုလို  မြန်မာ ပရိသတ်တွေက ပြိုင်ဘက် အသင်းတွေထက် အင်းအားပိုများပါတယ်။ အိမ်ရှင်နဲ. ကန်တဲ့ ပွဲမှာတောင် လာကြည့်တဲ့ မြန်မာတွေအားပေး ကြမ်းလို. ဘယ်သူက အိမ်ရှင်လဲ လို.တောင် ပြောစရာတွေ  ဖြစ်ခဲ့ပါတယ်။ 


အဲဒီနေ.က နေ.ခင်း ၂နာရီ ကန်မှာ ဆိုပေမယ့် ၁၂နာ၇ီ ခွဲလောက်ကတည်းက ရောက်သွားပြီး အထဲဝင်ဖို. တန်းစီရပါတယ်။ အတန်းကြီး ကို အရှည်ကြီးပဲ။ အားလုံးက အရမ်းကို စိတ်လှုပ်ရှားနေကြပြီး  Semi Final  တက်သွားတဲ့ မြန်မာအသင်းနဲ. ဗီယမ်နက် အသင်း နှစ်ဘက်လုံးက အရမ်းကို ဂုဏ်ယူနေကြတယ်။ ဗီယက်နမ် တွေကလဲ အနီ၊ မြန်မာတွေကလဲ အနီ နဲ. အဖြူ  ။




တန်းစီ၊ လုံခြုံရေးတွေ ဖြတ်ပြီးတော့ stadium ထဲကိုရောက်ပါပြီ။ Free seating မို.လို. ကိုယ်လက်မှတ်ဝယ်ထားတဲ့ Section မှာ ကြိုက်တဲ့ ခုံကို ထိုင်ကြည့်လို.ရပါတယ်။ Stadium ထဲမှာ အဲယားကွန်းရှိပုံရတယ်။ နေ.လည် အရမ်းပူနေတဲ့ အချိန်၊ ပြီးတော့ လူတွေ အများများ ကြီးရှိနေတာတောင် လုံးဝ မအိုက်ဘူး။ ကြည့်ရတာ အရမ်းကို သက်တောင့်သက်သာ ရှိပါတယ်။ 

U23 warming up before the match kick off. 





Giant Vietnam Flag

We are under one Giant Myanmar Flag.




Happy Myanmar Fans. 








Singing Burmese National Anthem. 






Singing Vietnamese National Anthem. 







ပွဲစပြီးကတည်းက မိနစ်အနည်းငယ် ကြာတော့ ဗီယက်နမ် အသင်းက မြန်မာအသင်းထက် ကစားတာ ပိုပြီး ကောင်းနေတာတွေ.ရတော့ နည်းနည်းစိတ်ပူမိတယ်။ ကနေ. နိုင်မှ နိုင်ပါ့မလားပေါ့။ ဟိုဘက်က အပေးအယူတွေ သိပ်ကောင်းတယ်။ ဘောလုံးက အမြဲတမ်း ဗီယက်နမ်တွေရဲ. ခြေထဲ မှာပဲ။ မြန်မာဘက်ကို ဂိုးတွေ ခဏခဏ သွင်းဖို. ကြိုးစားပေမယ့်  ဂိုးသမား ကျော်ဇင်ဖြိုး ရဲ.ကောင်းမူကြောင့် ပထမပိုင်း တခုလုံး သူတို.တွေ ဂိုးမရခဲ့ပါဘူး။ မြန်မာတွေက ပထမပိုင်း Penalty နဲ. ၁ဂိုး ရလိုက်တယ်။  ဒါကြောင့် ပထမပိုင်းမှာ ၁-၀ နဲ. မြန်မာ က ဦးဆောင်နေခဲ့တယ်။ 





Break time မှာ မြန်မာပရိသတ်တွေ ကြွက်ကြွက်အိတ်ကြီးတွေနဲ. အမိုက်တွေလိုက်သိမ်းနေတာကို လေးစားစွာ တွေ.ရတယ်။ ကိုယ်တိုင်လည်း အဲ့နေ.က မုန်.နဲ. အအေးတွေ ယူသွားပါတယ်။ စားသောက်ပြီး အမိုက်တွေကို ကင်မရာ အိတ်ထဲ ထည့်ထားလိုက်တယ်။ အခုလို အမိုက်လိုက်သိမ်းတဲ့ လူတွေ ရှိနေတာ၊ အမိုက်ပစ်တဲ့ လူတွေ ရှိနေသေးလို.ပေါ့ လို. စဉ်းစားမိတယ်။ တကယ်ပဲ အမိုက်တွေ အောက်မှာ ပစ်ထားတာတွေ တွေ.ခဲ့တယ်။ တချို.အမိုက်တွေ ဆို လက်နဲ.တောင် ကောက်လို.မရ၊ လက်အိတ် သို.  အ၀တ်စုတ် နဲ.  ကောက်ရတဲ့ အမိုက်မျိုး  ဥပမာ - Curry puff တွေ ပျံ.ကျဲနေတာ၊ ဖျော်ရည်ဗူးတွေ မှောက်ကျနေတာ စသဖြင့်ပေါ့။  ဒါတွေကလဲ  ဘောပွဲနိုင်လို. အရမ်းပျော်ပြီး ခုန်လိုက် ပေါက်လိုက် လုပ်ရင်း မှောက်ကျတာတွေလဲ ဖြစ်နိုင်ပါတယ်။ လူတိုင်း ကိုယ့်တာဝန် ကိုယ်ယူရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် အခုလို အမိုက်လိုက်သိမ်း တဲ့ ညီအစ်ကို မောင်နှမ တွေကြောင့်၊ တခြားလူတွေ အမိုက်တွေကို စည်းကမ်းမဲ့ ပစ်ဖို. တွန်.ဆုတ်သွားကြမှာတော့ သေချာပါတယ်။ 






ဒုတိယပိုင်း ၇၂ မိနစ်လောက်မှာ ဗီယက်နမ် အသင်းက ပထမဆုံး ဂိုး စပြီး သွင်းလိုက်ပါတယ်။ အဲ့ဒီမှာ သားရေ ဖြစ်သွားတာပေါ့။ အဲ့ဒီတော့ ကြည့်ရတာ ပိုပြီးတော့ စိတ်လူပ်ရှားဖို.ကောင်းလာပါတယ်။ ဒုတိယပိုင်း မှာရောပဲ ဘောလုံးက ဗီယမ်နမ် ခြေထဲမှာပါပဲ။ မြန်မာ ဘက်ကလည်း ဘောလုံးကို အသားကုန် ဖျတ်ထုက် နေပါတယ်။  ဂိုးသမား ကျော်ဇင်ဖြိုးလဲ တော်တော်ပင်ပန်း ရှာတယ်။ 


ဗီယက်နမ် ဘက်က ဂိုးရတာ မကြာသေးဘူး။ မြန်မာ အသင်းခေါင်းဆောင် နေလင်းထွန်းက ကြုံထောင့် ကြုံခဲ ရတဲ့ အခွင့်ရေးကို အမိအရ ယူပြီး နောက်ထပ် ၁ဂိုး ထပ်သွင်းလိုက်ပါတယ်။ အဲဒီမှာ ၂-၁ နဲ. မြန်မာက ပြန်ပြီး ဦးဆောင် နေပါတယ်။ ပွဲပြီးဖို. ၁၀ မိနစ်လောက်ပဲ ကျန်တော့ မြန်မာ ပရိသတ်တွေအားလုံး နိုင်တော့မှာလား ဆိုပြီး ရင်ခုန်နေကြတယ်။ 







နေလင်းထွန်း အောင်ပွဲခံနေပုံ။ 






မိနစ် ၉၀ အထိ၂-၁ နဲ.ပဲ ထိန်းထားနိင်ပါတယ်။ အချိန်ပို ၄မိနစ်ပြီးတော့ လဲ ဒီအတိုင်းပါပဲ။ ဒါကြောင့် မြန်မာက ဗီယက်နမ် ကို အနိုင်ရပြီး Final မှာ ထိုင်းနဲ. ကန်ရဖို. သေချာသွားပါပြီ။ ရွေတံဆိပ် သို.  ငွေတံဆိပ် သေချာသွားပြီ။  နည်းပြ ဦးကြည်လွင် ပျော်လွန်းလို. ကွင်းထဲမှာ ပတ်ပြေးနေပါတယ်။










U23 ကစားသမားတွေလဲ ပျော်လွန်းလို. ငိုလိုက်၊ ပရိသတ်တွေကို ကန်တော့လိုက်နဲ. ကြည့်ရတာ အရမ်းကြည်နူးဖို.ကောင်းပါတယ်။


တဖတ်မှာပဲ ရုံးတဲ့ အသင်းဖက်က ကစားသမားတွေ၊ ပရိသတ်ကောင်မလေးတွေ  ငိုတာတွေ တွေ.ရတော့ သနားမိတယ်။ သူတို.က ကနေ. သေချာပေါက်နိုင်မှာ ဖို. တွက်ပြီးလာကြည့်တဲ့ သူတွေဆိုတော့ ပိုပြီး ခံရခက်မှာပေါ့။ တကယ်လည်းပဲ  သူတို. အသင်းက ကိုယ်အသင်းထက် ခြေပိုသာပါတယ်။ ရာသီဥတုက ကနေ. သူတို. ဘက်မှာ မရှိလို. ရူံးတယ်လို.ပဲ ထင်ပါတယ်။ 








ပွဲပြီးတော့ မြန်မာပရိတ်သတ်တွေ အများကြီးထွက်ကြတော့  ဘေးကကြည့်နေတဲ့သူတွေ အံ့အားသင့်ခဲ့၇ပါတယ်။ မြန်မာတွေ ဒီလောက်တောင် အင်းအား တောင့်သလားပေါ့၊ လမ်းဘေးက စလုံးတွေကလဲ မြန်မာတွေကို Congratulate လုပ်ကြပါတယ်။ 

Old Kallang Airport near the Stadium. 


1 comment:

  1. သိပ်လှတဲ့ပုံတွေ ... သွားမကြည့်ရပဲ အိမ်ကနေ တီဗီက ကြည့်ရတော့ အလံကြီးအောက်က လူတွေ ဘယ်လိုနေကြလဲ သိချင်နေတာ ..ခုမှ မြင်ရတော့တယ်.. ကျေးဇူး


    sinsin

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis