16-Aug-2012 , Langkawi Cable car စီးပြီး Oriental Village ကနေ Eagle Square ကို သွားပါတယ်။ ပြီးတော့ Eagle Square ကနေ Ferry စီးပြီး Penang ကိုသွားမှာပါ။ Oriental Village နားမှာ အပျော်တမ်း စီးတဲ့ မော်တော် ဘုတ် တွေ အခုလို ရပ်ထားတာ အများကြီးတွေ.ရပါတယ်။ မီသားစု လိုက် အဖွဲ.လိုက် ငှားပြီး စီးရင် အရမ်းပျော်ဖို. ကောင်းမှာပဲ။
Oriental Village ကနေ Eagle Square ကို ၄၅ မိနစ်လောက် ကားစီးရတယ်။ Eagle Square ကိုနေ.လည် ၁နာရီလောက်ရောက်တယ်။ ကားဆရာ ကို ကားခရှင်းပေးပြီး။ နေ.လည်စာ စားဖို. စဉ်းစားပါတယ်။ Ferry က ညနေ ၅နာရီမှ ထွက်မှာ ဆိုတော့ ၄ နာရီလောက် အချိန်ရပါသေးတယ်။
လှေဆိပ်က shopping mall လို ပုံစံ မျိုးဆိုတော့ ပစ္စည်းရောင်းတဲ့ ဆိုင်တွေ၊ Fast food ဆိုင်တွေ၊ coffee ဆိုင်တွေ ရှိပါတယ်။ နောက်ဆုံးတော့ KFC ပဲ စားလိုက်တယ်။
KFC မှာ နေ.လည်စာ စားပြီးတော့ Eagle ရုပ်ထုကြီး ရှိတဲ့ နေရာကို လမ်းလျှောက်ထွက်ပါတယ်။ ရုပ်ထုကြီး တော်တော် ကြီးပါတယ်။ နေအရမ်းပူတော့ အကြာကြီး မနေနိုင်ဘူး။ ဓါတ်ပုံ ရိုက်ပြီးတော့ ဒီ ဘက် ပန်းခြံ ရှိတဲ့ ဘက်ကို လာပြီး ထိုင်ရပါတယ်။ Eagle Square နားမှာ ပန်းခြံ လိုဟာ တခုရှိပါတယ်။ အရိပ်ရ သစ်ပင်တွေ နဲ. ထိုင်စရာ ခုံတန်းလျှားတွေ ရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို.လို. Ferry ထွက်ဖို.ကို စောင့်နေတဲ့ Tourist တွေ ထိုင်ပြီး စောင့် နေတာတွေ ကိုတွေ.ရပါတယ်။ ဒါနဲ. ကျွန်တော်တို.လဲ ပန်းခြံ ထဲမှာ ပဲ ထိုင်ပြီး စောင့်နေလိုက်တော့တယ်။
အပေါ်ထပ်ကို ရောက်တော့မှ ကိုယ်ကိုယ့် ကို အဆုံးသတ် မရှိ ပင်လယ် ထဲမှာ ရောက်နေတယ်ဆိုတာ ကို သဘောပေါက်တော့တယ်။ ဒါနဲ. အောက်ထပ်ကို မဆင်းတော့ပဲ အပေါ်ထပ်မှာပဲ နေလိုက်တယ်။ ခဏနေကြရင် Sunset တော့မှာလေ။
ဒီ Langkawi၊ Penang ခရီးစဉ်က ကင်မ၇ာ မကောင်းလို. ပုံတွေက မကောင်းတာ၊ တကယ်တော့ ရူခင်းတွေက တော်တော်လှပါတယ်။ အခု မြင်ရတဲ့ Sunset လဲ တော်တော်ကိုလှပါတယ်။ Ferry အပေါ်ကနေ လေတ၀ှီးဝှီး နဲ. Sunset ကို ထိုင်ကြည့် နေတဲ့ Feeling ကအရမ်းကို အရသာရှိပါတယ်။
နေ၀င်ပြီးတော့ Penang ကို ရောက်ပါတော့တယ်။ အဝေး က တိုက်ခန်းတွေကို လှမ်းမြင်နေရပြီ။ Penang မှာ တည်းဖို.က ဘာမှ မစီစဉ် ရသေးဘူး။ ဟိုရောက်မှ ကြုံရာ တည်းမယ် ဆိုပြီး လုပ်ထားတာ။
![]() |
Ferry Terminal |
Hotel မှာ အထုတ်အပိုးတွေထားပြီးတော့ ညဈေးတန်းကို လမ်းလျှောက်သွားပါတယ်။ ညဈေးတန်းက တရုတ်ဆိုင်တွေ ပဲ များပါတယ်။ ဆိုင်တွေတော်တော်များများက ထိုင်စရာ နေရာမရှိလို.၊ ထိုင်စရာ ရှိတဲ့ ခေါက်ဆွဲဆိုင် ရှေ.မှာ ၀င်ထိုင်ပြီး ခေါက်ဆွဲမှာလိုက်တယ်။ ပြီးတော့ အအေး ကို ဟိုဘက် မလှမ်းမကမ်း ဆိုင်က အအေးမှာ လိုက်တယ်။ အဲဒီမှာ ခေါက်ဆွဲစားမယ် လုပ်တုန်း၊ တရုတ်စားပွဲထိုး အဘိုးကြီး က လာပြီး အော်ပါတယ်။ ဒီခုံမှာ ထိုင်ပြီး သူ.ဆီက အအေးမမှာရင် ထသွားတဲ့။ ဘယ်လောက် စိတ်တိုဖို.ကောင်းသလဲ? သူတို. ဈေးထဲက ထလေ့ထုံးစံ ကို အခုမှ Penang ကို ရောက်တဲ့သူက နားလည်မလား? ညဈေးတန်း ဆိုတော့ ကိုယ်ကြိုက်တဲ့ ဆိုင်က မုန်.တွေ ကို စိတ်ကြိုက်ဝယ်ပြီး စားလို.ရတယ် မဟုတ်လား? သူက အော်တော့ ဘေးက စားသောက်နေတဲ့သူတွေလဲ ကျွန်တော်တို.ကို ၀ိုင်းကြည့် နေကြပါတယ်။ တော်တော် ရှက်ဖို.ကောင်းပြီး၊ ကျွန်တော်လဲ အရမ်းကို စိတ်တိုပါတယ်။ Langauage Problem ကြောင့် မို. စိတ်ထဲမှာ ရှိသလို မပြောနိုင်ခဲ့ဘူး။ စားနေရင်း တန်းလန်းဖြစ်နေလို. ၊ သူ.ဆီက အအေးတခွက်မှာ ပြီး အရူံးပေးလိုက်ရပါတယ်။
Langkawi မှာ ပျော်ခဲ့သလောက်၊ Penang မှာတော့ ရောက်ရောက်ချင်း အခုလို အတွေ.အကြုံမျိုး ကြုံခဲ့ရတော့ စိတ်တောင် ပျက်မိတယ်။ ဒါကြောင့် အမြန်စားပြီးတော့ ဟိုတယ်မှာ ပြန်ပြီး အိပ်လိုက်တော့တယ်။ နောက်နေ. Penang မှာ လည်ဖို. ၂ရက် အချိန်ရပါသေးတယ်။
No comments:
Post a Comment