Monday, June 22, 2015

0

Langkawi Trip, Cable Car Ride and Oriental Village


16-Aug-2012, Langakawi မှာ နေ.တ၀က်ပဲ အချိန်ရပါတယ်။ ညနေ ကျရင် Penang ကို Ferry စီးပြီးသွားမှာပါ။ Ferry ticket ကို ဟိုတယ်နားက Tour company ကနေ ၀ယ်ပါတယ်။ ဒီလိုမှ မ၀ယ်ရင်  Eagle Square (လှေဆိပ်) ထိသွားဝယ်ရမှာလေ။ ကျွန်တော်တို. တည်းတဲ့ Pantai Cenang beach နဲ. လှေဆိပ်က မိနစ် ၂၀ လောက် ကားမောင်းသွားမှရောက်တယ်။ ဒါကြောင့် Taxi ဖိုးနဲ. မထူးဘူးဆိုပြီး ဟိုတယ်နားမှာပဲ ၀ယ်လိုက်တယ်။ 


Langkawi ခရီးစဉ်အတွက် နေ.တိုင်း ဒီ Taxi driver နဲ.သွားပါတယ်။ အရင်နေ.က သူပြောတာ Cable car က Maintenance လုပ်နေလို. ဒီရက်ပိုင်း ပိတ်ထားတယ်တဲ့။ ဒါပေမယ့် ကံကောင်းချင်တော့ ကျွန်တော်တို. ပြန်မည့် နေ.မှာ ပြန်ဖွင့် မယ်ဆိုလို.။ ကျွန်တော်တို. Hotel ကနေ check-out လုပ်ပြီး Cable Car စီးတဲ့နေရာကို ထွက်လာခဲ့ပါတယ်။ အထုပ်အပိုးတွေကို တခါတည်း ကားနဲ့ သယ်လာပါတယ်။ Cable Car စီးပြီးရင် Eagle Square ဘက်ကိုတခါတည်းသွားပြီး ညနေ Ferry နဲ. Penang ကိုသွားမှာပါ။ ကားဆရာကို ယုံလို.  အထုပ်အပိုးတွေကားပေါ် ထားခဲ့ ပြီး စိတ်အေးလက်အေး လျှောက်လည် နိုင်ခဲ့တယ်။ အကြောင်းမသိသေး တဲ့ ကားဆရာနဲ.ဆိုရင်  ဒီလို တခါတည်း check-out မလုပ်ပဲ ဟိုတယ်ကို ပြန်ပြီး အထုပ်အပိုးပြန်ယူရမှာပေါ့။ 



ပြန်ဖွင့်စမို. Cable car စီးတဲ့သူ သိပ်မရှိပါဘူး။ စီးခ တစ်ယောက်ဘယ်လောက်ပေးရလဲ မမှတ်မိတော့ဘူး။ ဒါပေမယ့် သိပ်ပြီးတော့ ဈေးမကြီးပါဘူး။  အချိန်သိပ်မရတော့  လက်မှတ်ဝယ်ပြီးတော့ ချက်ချင်းပဲ တက်စီးလိုက်တော့တယ်။ 




ပုံထဲမှာ တွေ.ရတဲ့ အတိုင်းပဲ Cable Car က အပေါ်ကို တောက်လျှောက် အမြင့်ကြီး တက်သွားတာပါ။ ကြောက်ဖို.တော့ ကောင်းသား။ ဒါပေမယ့် ကျွန်တော်က Cable Car စီးရတာ ကြိုက်တယ်။ အရင်တုန်းက ကလည်း Genting မှာစီးဖူးတယ်။ အခု ဒီ Cable car ကို Genting က ဟာထက်စာရင် စီးရတာ ပိုကြာပြီး၊ ပိုပြီးကြောက်ဖို.ကောင်းပါတယ်။ 


Cable car စီးတဲ့နေရာနားမှာ Waterfall တခုရှိပါတယ်။ သွားချင်ရင် သွားလို.ရပါတယ်၊ ဒါပေမယ့် အဲ့နေ.က မိုးအုတ်နေတာရယ်၊  Eagle Square ကိုနေ.လည်သွားရမှာဆိုတော့  နောက်ကျသွားမှာလဲ စိုးရိမ်တာနဲ. မသွားခဲ့ပါဘူး။ ပြီးတော့ Cable car ပေါ်ကနေ မြင်ရတဲ့ ပုံစံအရ ရေတံခွန်က ရေကျတာ နည်းတော့ သိပ်မလှဘူးလို.ပြောရမှာပေါ့။ 










Cable car ပေါ်ကနေ အပေါ်ကို ကြည့်လိုက်တော့လဲ အမြင့်ကြီး ရှိသေးတယ်၊ အောက်ကို ငုံကြည့်လိုက်တော့လဲ အသည်းယားစရာ။ Cable Car က ရှည်တော့  ကြားထဲမှာ ဆင်းပြီးနားလို. ရတဲ့ နေရာ ရှိပါတယ်။ ပြီးမှာ အပေါ်ထိ ဆက်စီးလို.ရပါတယ်။ ကျွန်တော်က ဓါတ်ပုံရိုက်ချင်လို. ခဏဆင်းလိုက်ပါတယ်။ 




အပေါ်စီးကနေ ပင်လယ်နဲ. ကျွန်းတွေကို အခုလိုမြင်ရပါတယ်။ 










ခဏဆင်းလိုက်တုန်း မိုးတွေ ရွာချပါတယ်။ မိုးရွာပေမယ့် လည်း Cable car က ဆက်ပြီး သွားနေပါတယ်။  အခုလှမ်းမြင်နေရတာကတော့ အပေါ်ဆုံးနေရာပါ၊ အဲ့ဒီနေရာကနေ sky bridge ဆိုတာ ကိုသွားလို.ရပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက sky bridge ကပိတ်ထားပါတယ်။ တကယ်လို sky bridge ပါ သွားရမယ်ဆိုရင်တော့ ပိုပြီး တန်တာပေါ့။ 












အခု အပေါ်ဆုံး နေရာကိုသွားနေတာပါ၊ မိုးကရွာနေတော့ မြူတွေရယ် ၊ရေခိုးရေငွေ.တွေရယ်ကြောင့် ၀ါးတားတား ဖြစ်နေတယ်။ အပေါ်မှာ ချမ်းစိမ့်စိမ့်နဲ. အရမ်းကိုနေလို.ကောင်းပါတယ်။ 


အပေါ်ဆုံးမှာ မျှော်စင်လို ပုံစံ နေရာ နှစ်နေရာ ရှိပါတယ်။ ဟိုဘက် ဒီဘက် ကူပြီး ရူခင်းတွေကို ကြည့်လို.ရပါတယ်။ တောင်တွေ ၊ တိမ်တွေက ကိုယ့်ခြေဖ၀ါးအောက်မှာပါ။ 

Tourists at the summit. 










ဒါကတော့ ခုနက ခဏဆင်းပြီး ဓါတ်ပုံရိုက်တဲ့ အောက်က station ပေါ့။ 









Sky Bridge ကို မသွားရတော့ အဝေးကနေပဲ လှမ်းပြီး ဓါတ်ပုံ ရိုက်ခဲ့တယ်။ တံတားပေါ် လမ်းလျှောက်လို.ရရင် သိပ်ကောင်းမှာပဲ။ တံတားရဲ. ဟိုဘက်ခြမ်းမှာ ရှိတဲ့ ရူခင်းကို ကြည့်ချင်တယ်။











အပေါ်မှာ ခဏ နားပြီးတော့ အောက်ကို ပြန်ဆင်းပါပြီ။ အဆင်းလဲ အတက်လိုပဲ ကြောက်ဖို.ကောင်းတယ်။ ဒါပေမယ့် အဲလို. အရသာကို ခံချင်လို. ကို လာပြီးစီးတာ။း)






















အောက်ရောက်တော့ ခုနက Cable car ပေါ်တက်တက်ချင်း အဲဒီက ၀န်ထမ်းရိုက်ပေးတဲ့ ဓါတ်ပုံတွေကို အခုလို Souvenir တွေ လုပ်ထားပြီး ရောင်းနေတာတွေ.ရပါတယ်။ ကျွန်တော်တို. ပုံပါတဲ့  Photo book နဲ. ရေထည့်ထားတဲ့ Panorama Langkawi ဆိုတာတွေ သဘောကျလို. ၀ယ်လာခဲ့တယ်။  





Langkawi Cable car က Oriental Village မှာ ရှိတာပါ။ Oriental Village ဆိုတာ က Resort လိုမျိုးနေရာပါ။  ညအိပ်ညနေ နေလို.ရတဲ့ ပုံစံမျိုး။  အချိန်နည်းနည်း ရသေးတာနဲ. Oriental Village ထဲကို လမ်းပတ်လျှောက် ကြည့်ခဲ့ပါတယ်။






















Lovely cats. 



လျှောက်ကြည့်ရင်း  ဒီမြွေကြီး ကိုတွေ.ပါတယ်။ ပိုက်ဆံပေးပြီး မြွေနဲ. ဓါတ်ပုံ၇ိုက်လို.ရပါတယ်။ ကျွန်တော်က ဘေးကနေ အချောင်ဓါတ်ပုံ လှမ်းလှမ်းရိုက်လို. မြွေပိုင်ရှင် က No Photo လို. လှမ်းလှမ်းပြောပါတယ်။ ဒါပေမယ့် သူကလဲ မြွေကြီးနဲ. အလုပ်ရူပ်နေတော့ သူမသိတုန်း ခိုးပြီး ရိုက်တာပေါ့။


What a brave girl? :O













Another brave girl. 



 နောက်ပြီးတော့ ယုန်လေးတွေ လဲ မွေးထားတာ တွေ.ရပါတယ်။









 နေ.လည့် ၁၂ လောက် လဲ ထိုးနေပြီမို. Eagle square ကို သွားဖို. အချိန်တန်နေပါပြီ။ ကားက နေ.တစ်ဝတ် စာပဲ ငှားထားတာမို. ဒီထက် အချိန်ဆွဲလို. မကောင်းပါဘူး။ ဒီ Oriental Village ကနေ ဆို အဲဒီကို ကားနဲ. ၁နာရီလောက် မောင်းရတယ်။ အဲ့ဒီရောက်၇င် နေ.လည်စာ စားမယ်၊ ဓါတ်ပုံတွေ ရိုက်မယ်၊ ပြီးတော့  Penang ကို သွားမည့် Ferry ကိုစောင့်မယ်။ Ferry က ညနေ ၅နာ၇ီမှ ထွက်မှာဆိုတော့ ကြားထဲမှာ အချိန်ပိုတွေ ရှိသေးတယ်။ ညနေ ၅နာ၇ီထက်စောတဲ့ Ferry က လက်မှတ်မကျန်တော့လို. ၅နာရီ လက်မှတ်ဝယ်လိုက်ရတာပါ။ အမှန်က စောစော ထွက်လိုက်ရင် Penang ကို မမှောင်ခင် ရောက်နိုင်တာပေါ့။


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis