Sunday, October 11, 2015

0

Penang Trip Day 1 #1


17-Aug-2012, ပီနန်မြို.မှာ ကျွန်တော်တို.က Little India ဘက်မှာ တည်းတာဆိုတော့ အချက်ချာကျတယ်လို.ပြောလို.ရတယ်။ အနီးအနားမှာလည်း Tourist Attraction တွေ အများကြီးရှိတယ်။ အထူးသဖြင့် ရှေးဟောင်း အဆောက်အဦးတွေပေါ့။ Hotel က Budget ဟိုတယ်ဆိုတော့ မနက်စာမပါပါဘူး။ ဒါကြောင့် မနက်စာစားဖို. ထွက်ရင်းနဲ. Penang မြို.ထဲ လျှောက်သွားဖို. တခါတည်း အပြင်ထွက်လာခဲ့ပါတယ်။ လမ်းမှာ တွေ.သမျှစိတ်ဝင်စားဖို.ကောင်းတဲ့ နေရာတွေ ၀င်ပြီးလေ့လာခဲ့ပါတယ်။ 



ဒါကတော့ ပထမဆုံး ၀င်ကြည့်ဖြစ်တဲ့  Han Jiang Ancestral Temple ပါ။ ၀င်ကြေးမပေးရသလို ဘာမှလဲ ထူးထူးခြားခြား ကြည့်စရာမရှိပါဘူး။ ဒီတာ့ ခဏ၀င်ကြည့်ပြီးတော့ ပြန်ထွက်လာခဲ့တယ်။ အရမ်းပူနေတဲ့ အချိန်ဆိုရင်တော့ ခဏတာ အရိပ်ခိုလို.ကောင်းတဲ့နေရာပါ။







Han Jiang Ancestral Temple ကနေ ထွက်လာပြီးတော့ Jalan Masjid Kapitan Keling လမ်းအတိုင်းဆင်းသွားလိုက်တာ။ Khoo Kongsi ဆိုတဲ့ အဆောင်အဦးအထိ ခြေကျင်လျှောက်သွားခဲ့တယ်။ လမ်းတလျှောက်မှာလဲ တရုတ် ဘုရားကျောင်း အသေးလေးတွေနဲ. ဗလီတွေလဲ တွေ.ရပါတယ်။ 













Khoo Kongsi ဆိုတဲ့ နေရာကိုရောက်နေပါပြီ။ ဒီနေရာကတော့ ၀င်ကြေးပေးရပါတယ်။ တစ်ယောက်ကို RM10 ထင်တယ်။ ပထမဆုံး ၀င်ကြည့်တဲ့ ဘုရားကျောင်းနဲ. ယှဉ်ရင်တော့ တော်တော်လေး ခမ်းနားပါတယ်။ အထဲမှာ ရှေးဟောင်းလက်မူပညာတွေနဲ. ရှေးတုန်းက တရုတ်တွေရဲ. အသုံးအဆောင်ပစ္စည်းတွေကို ပြသထားတာတွေ.ရပါတယ်။ ကျွန်တော်က ဒီလိုနေရာမျိုးဆို သိပ်စိတ်မ၀င်စားတော့ ရောက်ဖူးတယ် ဆိုရုံလောက် အကြမ်းဖျဉ်း လျှောက်ကြည့်ခဲ့လိုက်တယ်။ 
















ဒီနေရာမှာ Anna and the King ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးသွားတယ်လို. သိရပါတယ်။ အဲ့ကားတော့ မကြည့်ဖူးပါဘူး။ 











Khoo Kongsi ကနေထွက်လာပြီးတော့ ကျွန်တော်တို. နောက်ထပ်သွားချင်တဲ့နေရာကတော့ ပီနန်က မြန်မာဘုန်းကြီးကျောင်းပါ။ အဲ့မသွားခင် အရင်ဆုံး မနက်စာစားဖို. ရှာရပါတယ်။ Little India ဘက်မှာ ဆိုတော့   အိန္ဒိယထမင်းဆိုင်တွေ များပါတယ်။ တချို.တရုတ်ဆိုင်တွေကျတော့ ဘာတွေ ရောင်းမှန်းမသိလို. မစားဖြစ်ခဲ့ဘူး။










နောက်ဆုံး မနက်စာ စားဖို.ရှာရင်းနဲ. Dim Sum ဆိုင်တွေလို. ၀င်စားခဲ့တယ်။  စားပြီးရင် ပီနန်ဘုန်းကြီးကျောင်းကို  ဘတ်စကားစီးသွားရမှာပါ။ နောက်ပို.စ်မှာ ဆက်ေ၇းပါတယ်။ 


 လွန်ခဲ့တဲ့ နှစ်လက ခရီးတွေ ထွက်နေလို. Blog ကို update မလုပ်ဖြစ်ဘူး။ ကျွန်တော်အရင်က စင်ကာပူမှာ နေပါတယ်။ အခုတော့ ကနေဒါ နိုင်ငံကို ပြောင်းသွားပါပြီ။  ကနေဒါရောက်တာ ၁လ လောက်ရှိပါပြီ။ အခုမှ နည်းနည်းနေသားကျလာလို.  Blog ဘက်ကို ပြန်လှည့်ဖြစ်တာပါ။ အခုကစပြီးတော့ ပုံမှန် တင်ဖြစ်အောင်ကြိုးစားပါ့တယ်။ လာပြီးဖတ်မည့်သူလဲ ရှိနေဦးမယ်လို. မျှော်လင့်ပါတယ်။ 




No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis