17-Aug-2012, ပီနန်မြို.အနှံ. ကို လျှောက်လည်ဖို.ဆိုရင် Bus စီးပြီး လည်ရတာ အရမ်းကို အဆင်ပြေပါတယ်။ Bus က တစ်မြို.လုံးကို တစ်ပတ် ပတ်ပြီး ဆွဲပေးနေတော့၊ တွေ.တဲ့ ကားမှတ်တိုင်မှာ တက်စီးလို.ရပါတယ်။ ကားသမားကိုလဲ ကိုယ်သွားမည့် နေရာကို ပြောထားရင်၊ သူက ဆင်းရမည့် မှတ်တိုင်ရောက်ရင် ကိုယ့် ကို အသိပေးပါတယ်။ Bus ကားက Cash ပေးပြီး စီးလို.ရပါတယ်။ ကျွန်တော်တို.လဲ Little India ဘက်ကနေ Bus ကားနဲ. Burmese Buddhist Temple ကို သွားခဲ့ပါတယ်။
ပီနန် မြန်မာဘုန်းကြီးကျောင်းက ၊ စင်ကာပူက တိုပါးယိုးဘုန်းကြီးကျောင်း လိုပါပဲ။ ဒါပေမယ့် အဲ့ဒီထက်တော့ ပိုပြီး ကျယ်ပါတယ်။ ပြီးတော့ ကျောင်းဆောင်တွေလဲ ပိုများပါတယ်။
Burmese Buddhist Temple ကနေ အထွက် မျက်နှာချင်းဆိုင်မှာ Thai Buddish Temple ရှိပါတယ်။ ဒါနဲ.ပဲ တစ်လက်စတည်း ၀င်ပြီး ဘုရားဖူးခဲ့ပါတယ်။
အခု Buddhist temple တွေ လည်ပြီးတော့ ကျွန်တော်တို. Bus နဲ.ပဲ ပီနန်မြို.ရဲ. အထင်ကရ တောင်ပေါ်က Kek Lok Si တရုတ်ဘုရားကျောင်း ကို ဆက်သွားမှာပါ။
No comments:
Post a Comment