Wednesday, October 28, 2015

0

Penang Trip Day 1, Kek Lok Si Temple #3


17-Aug-2012, Penang Burmese & Thai Buddhist Temple ကိုသွားပြီးတော့ နောက် ထပ်သွားမှာကတော့ ပီနန်မြို.မှာ နာမည်အကြီးဆုံးလို.ပြောလို.ရတဲ့ Kek Lok Si Temple ပါ။ အဲဒီကိုလဲ ဘတ်စကားစီးပြီးသွားခဲ့ပါတယ်။  Kek Lok Si Temple ကိုသွားတဲ့ Bus စီးဖို. Komtar Bus interchange ကို သွားရပါတယ်။ အဲဒီကနေဆို ဘတ်စကား ပိုစုံပါတယ်။ ပီနန်က ဘတ်စကား တော်တော်များများက အဲ့မှာ ဂိတ်စ၊ ဂိတ်ဆုံး တယ်။






Komtar interchange မှာ ဘက်စ်ကား သွားတဲ့ နေရာတွေနဲ. ထွက်မည့် အချိန်တွေကို လဲ အခုလို တီဗွီနဲ. ပြထားပါတယ်။ မသေချာရင် ဒရိုက်ဘာ ကို မေးလို.ရပါတယ်။ ပြီးရင် ရောက်တဲ့ နေရာကြရင် အသိပေးဖို.လဲ ပြောလို.ရပါတယ်။ ကျွန်တော်ကတော့ သူများတွေလို ကားစီးတဲ့ ငွေဖြည့်ကဒ်တွေ မရှိတော့ Cash နဲ.ပဲပေးပြီး စီးပါတယ်။ စင်ကာပူက ဘတ်စ်ကား တွေလဲပဲ သန်.သန်.ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိပါတယ်။








Komtar ကနေ Kek Lok Si Temple ကို တော်တော်လေး ကားစီးရပါတယ်။ သူက မြို.ရဲ. အပြင်ဘက်လောက်မှာ ရှိတာပါ။ ပြီးတော့ ဘုရားက တောင်ပေါ်မှာ တည်ထားတာပါ။ တောင်ပေါ်ကို လှေခါးနဲ. တက်ရပါတယ်။







Kek Lok Si သွားမည့်သူတွေ ဒီမှာ ဆင်းလို.ရပြီဆိုတော့ ဆင်းလိုက်ပြီး  တခြားလိုက်ဆင်းတဲ့ သူတွေနဲ. အတူလိုက်သွားတာ တောင်ခြေကိုရောက်သွားပါတယ်။ မရောက်ခင် တောင်ပေါ်က ဘုရားတွေကိုလည်း အဝေးမှ လှမ်းမြင်နိုင်ပါတယ်။  ကားပေါ်က ဆင်းတဲ့နေရာ တောင်ခြေထိ တစ်လျှောက်လုံး စားသောက်ဆိုင်တွေ ၊ လက်ဆောင်ပစ္စည်းဆိုင်တွေ တွေ.ရပါလိမ့်မယ်။










လှေကားထစ်နဲ. တောက်လျှောက်တပ်သွားပါတယ်။ မန္တလေးတောင်၊ ပုပ္ပါးတောင် လိုပဲ လမ်းတစ်လျှောက် လက်ဆောင်ပစ္စည်းဆိုင်တွေ တွေ.ရပါတယ်။ 
























Zoom In


Zoom Out












တောင်အပေါ်ဆုံး မရောက်ခင် လမ်းခုလတ်မှာ အခုမြင်ရတဲ့ လက်ဆောင်ပစ္စည်းဆိုင်အကြီးကြီးရှိပါတယ်။ လက်မူ ပစ္စည်းတွေ၊ ဘုရားဆင်းတုတော်တွေ တော်တော်ကိုစုံပါတယ်။







အဲဒီ လက်ဆောင်ပစ္စည်းဆိုင်ကနေ တောင်ပေါ်ဆုံးထိကို ဓါတ်ရထားစီးပြီး တက်လို.ရပါတယ်။ အတက်အဆင်း လက်မှတ်ဝယ်ရပါတယ်။ မစီးချင်ရင်လဲ ခြေလျှင်တက်လို.ရပါတယ်။ ကျွန်တော်ကတော့ ဒီလိုဓါတ်ရထားမျိုး တခါမှ မစီးဖူးလို. စီးခဲ့တယ်။ တောင်ပ်ါကို  စောင်းစောင်းလေး တက်သွားတာပါ။












တောင်အပေါ်ဆုံးကို ရောက်သွားပါပြီ။ အဲ့ဒီမှာ ကွမ်ရင်မယ်တော်ရုပ်ထု အကြီးကြီး ရှိပါတယ်။ အပေါ်ဆုံးဆိုတော့  ပီနန်မြို. ရူခင်းကို မြင်ကွင်းကျယ် ကြည့်လို.ရတာပေါ့။






















ကျွန်တော့ Nikon camera လေးက 42x zoom ဆွဲ.လို.ရတော့ တောင်ပေါ်ကနေ Komtar tower ကို အခုလို zoom ဆွဲပြီး ရိုက်နိုင်ခဲ့တယ်။ တကယ်တော့ အဲ့နေရာက အဝေးကြီးမှာပါ။ အပေါ်ကနေ ကြည့်မှ Penang မြို.မှာ အထပ်မြင့် တိုက်တွေ အများကြီးရှိတယ်ဆိုတာ သိတော့တယ်။ တိုက်တွေသာများနေတာ နေတဲ့သူတွေကော ရှိပါမလားလို. တောင်စဉ်းစားမိသေးတယ်။




















ကိုယ်က ဘာသာတရား နဲ. ပတ်သက်ပြီးအရမ်းကြီးတော့ နားမလည်ဘူး။ ဒါကြောင့် တောင်ပေါ်ကနေ ရူခင်းတွေ ကြည့် ၊ ဘုရားရှိခိုးပြီးတော့ ပြန်ဆင်းလာခဲ့တယ်။ ဘာသာရေးလိုက်စားတဲ့ သူဆိုရင်တော့ ဒီနေရာမှာ ဘုရားတရား လုပ်၊ တရားထိုင် စသဖြင့် အေးအေးဆေးဆေး လုပ်နိုင်တဲ့ နေရာ တခုပေါ့။

















Kek Lok Si မှာ တရုတ်နှစ်ကူးချိန်ဆိုရင် ဘုရား မီးတွေ အလှဆင်ထားပါတယ်။ ညဘက် မီးထွန်းထားတဲ့ အလှပုံတွေကို သူများတွေ ရိုက်ထားတာ မြင်ဖူးပါတယ်။ Kek Lok Si ကပြန်ရင် နောက်ဆက်သွားမည့် နေရာကတော့ Penang Hill ပါ။ နောက်ပို.စ် တွင် ဆက်ရေးပါဦးမည်။


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis