Wednesday, October 28, 2015

0

Penang Trip Day 1, Penang Hill #4



17-Aug-2012, Kek Lok Si Temple ကနေ ဆင်းလာပြီးတော့ တောင်ခြေနားမှာပဲ Late Lunch စားလိုက်တယ်။ Penang Laksa နဲ. Chicken rice စားခဲ့တယ်။ Penang Laksa ဆိုတာက ချဉ်စုတ်စုတ် အရသာပါ။ ဟင်းရည်ကို မကျည်းသီးအနှစ် နဲ. ချက်ထားတယ်ထင်ပါတယ်။ ပြီးတော့ နာနတ်သီးလဲ ပါသေးတယ်။ စပ်လဲ စပ်ပါတယ်။ စားနေရင်းနဲ. Penang Hill ကိုသွားတဲ့ ဘက်စ်ကား လာတာကိုလဲ သတိထားနေရပါသေးတယ်။ တကယ်လို. လွတ်သွားခဲ့ရင် ဘယ်လောက်ကြာ ထပ်စောင့် ရမလဲမသိဘူးလေ။ 





Penang laksa

Kek Lok Si နဲ. Penang Hill က သိပ်မဝေးပါဘူး။ ဘတ်စ်ကား နဲ. ၁၅ မိနစ်လောက်ပဲစီးရတယ်။ တချို. ဆို Kek Lok Si ကနေ လမ်းလျှောက်သွားကြပါတယ်။ တနေကုန်လည်ထားတဲ့ ကျွန်တော်တို.ကတော့ လမ်းမလျှောက်နိုင်တော့  ဘက်စ်ကား နဲ. ပဲ သွားခဲ့ပါတယ်။ 






တောင်အောက် ရောက်တော့ တောင်ပေါ်ကိုရထားနဲ. တက်ဖို. လက်မှတ်ရပါတယ်။ ကျောင်းသားကဒ်တွေ ရှိရင် ပြလို.ရပါတယ်။ ကျောင်းသား ဈေး က ပိုဈေးပေါပါတယ်။ ကျွန်တော်က စင်ကာပူကျောင်းသားကဒ် ပြပြီး ၀ယ်ခဲ့တယ်။ လက်မှတ်ဝယ်ပြီး ရထားထွက်ဖို. စောင့်ရပါတယ်။ 


ပုံထဲကအတိုင်းပဲ ရထားက စောင်းစောင်းကြီး အပေါ်ကို တက်သွားတာ စီးလို.ကောင်းပါတယ်။ ရထားက လမ်းခုလတ်မှာ ခဏ ရပ်ပါတယ်။ ပြီးတော့ တောက်လျှောက် အပေါ်ဆက်တက်ပါတယ်။ တချို. တောင်တက်ဝါသနာပါတဲ့ သူတွေကတော့ ခြေလျှင်တက်ကြတယ်လို. သိရပါတယ်။ 





တောင်ပေါ်ရောက်တော့ အပေါ်စီးကနေ Penang မြို. ရူခင်းကို မြင်ရပါတယ်။ နာမည်ကြီး Penang တံတားကိုလည်း လှမ်းမြင်ရပါတယ်။ တံတားက အင်မတန်ကို ရှည်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ဆုံးတံတားတွေ ထဲမှာ ပီနန်တံတားလဲ ပါတယ်ထင်တယ်။ ယခုလက်ရှိ အသုံးပြုနေတဲ့ ပီနန်တံတားအပြင် နောက်ထပ် တံတား တစ်စင်း ကိုလဲ ဆက်ပြီး ဆောက်နေတာ တွေ.ရပါတယ်။






ဆောက်လက်စ တံတား။ 



ခုနက သွားခဲ့တဲ့ Kek Lok Si Temple ကိုလဲ အခုလို လှမ်းမြင့်ရပါတယ်။ အဲဒီတော့မှ ပီနန်တောင်က အများကြီး ပိုမြင့်တယ်ဆိုတာ သတိထားမိတယ်။ 









ဒါကတော့ ကျွန်တော်တို.ဘက်စ်ကား စစီးလာတဲ့ Komtar tower ပါ။ Zoom ကင်မရာ ကျေးဇူးကြောင့် အခုလို အနီးကပ် ရိုက်နိုင်ခဲ့တယ်။







တောင်ပေါ်မှာ အခုလို Bar လိုဆိုင်မျိုးရှိပါတယ်။ အချိန်ရရင်တော့ အေးအေးဆေးဆေး ထိုင်အနားယူလို.ရတာပေါ့။ ကျွန်တော်ကတော့ မမှောင်ခင် ပြန်ရမှာဆိုတော့ ခပ်သွက်သွက်ပဲ လျှောက် ကြည့်ခဲ့တယ်။ 















Owl Museum ဆိုလို. ဇီးကွတ်အစစ်တွေ ပြထားတာထင်နေတာ။ ဇီးကွက် အရုပ်တွေကို စုစည်းပြီး ပြထားတာပါတဲ့။ ၀င်ကြေးပေးရမယ်ဆိုတာနဲ. ၀င်မကြည့်တော့ဘူး။ 







တောင်ပေါ်မှာ ဟိန္ဒူ ဘုရားကျောင်း ရော၊  ဗလီရောရှိပါတယ်။  ပြီးတော့ အမြှောက်တွေလဲ ရှိတယ်။ အရင်တုန်းက သုံးတဲ့ ရထားတွဲ ကိုလည်းတွေ.ရပါတယ်။




တောင်ပေါ်မှာ ခဏလောက်အနားယူပြီးတော့ ရထားနဲ.ပဲ ပြန်ဆင်းလာခဲ့တယ်။ လျှောစီးသလို တောင်အောက်ကို လျှောခနဲ. ရောက်သွားတယ်။ 












ဒါကတော့ ပီနန်မြို. အနှံ. သွားဖို. ဘက်စ်ကား လမ်းညွန်စာရွက်ပါ။ ကျွန်တော်တို. Penang Hill ကနေအပြန် ညစာစားဖို. Gurney Plaza ကိုသွားမှာပါ။ အဲဒီ Plaza နားမှာ ပီနန်မြို.ရဲ. နာမည်ကြီး Gurney Drive ဆိုတဲ့ ညဈေးရှိပါတယ်။ ဒါကြောင့် ဒီလမ်းညွန်စာရွက်အရ Penang Hill ကနေ Komtar tower ကို 204 ဘက်စ်ကားစီး၊  ပြီးရင် Komtar tower ကနေ နံပါတ် 10, 103, 304 ကားကို စီးပြီး Gurney Plaza ကို သွားရမှာပါ။



No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis