17-Aug-2012, Penang Hill ကနေ Komtar ကို ဘက်စ်ကားစီးတယ်။ ပြီးတော့ Komtar ကနေ Gurney Drive ကို ဘတ်စ်ကား စီးပြီးသွားပါတယ်။ ပီနန်မြို.ကို တစ်နေကုန် ဘတ်စ်ကားနဲ. ပဲ ပတ်နေတော့ ဘတ်စ်ကား စီးတာတောင်ကျွမ်းသွားပြီ။ ကျော်သွားမှာဆိုးလို. ဘတ်စ်ကား ဆရာကို Gurney Drive ကိုသွားမှာလို. ကြိုပြောထားလိုက်တယ်။
ဒီနေ.တရက်တည်းကို နေရာတော်တော်များများလည်ပြီးပြီ။ အခု Gurney Drive မှာ ညစာစား ပြီးရင်တော့ ဟိုတယ်ပြန်ပြီး နားတော့မှာပါ။ ဒီကတော့ ဘတ်စ်ကား လက်မှတ်တွေပါ၊ တခါစီးရင် 2 RM ပေးရပါတယ်။
Gurney Drive ကိုရောက်ပါပြီ။ Gurney Drive ဆိုတာကတော့ ပီနန်မြို.ရဲ. ညဈေးပါ။ အစားအသောက်ဆိုင်တွေ ချည်းပါပဲ။ မလေးရှားက အစားသောက်တွေ တော်တော်များများရပါတယ်။ ဆိုင်တွေများတော့ ရွေးစရာလဲ ပေါပါတယ်။ Tourist attraction တခုဖြစ်တဲ့အတွက် ဈေးနူန်းကတော့ အပြင်လမ်းဘေး ဆိုင်တွေထက် နည်းနည်းလေး ပိုများပါတယ်။ ဒါပေမယ့် တနေရာတည်းမှာ အစားအသောက်တွေ အစုံရတော့ အဆင်ပြေတယ်လို. ပြောရမှာပေါ့။
ညဈေးတန်းက ဆိုင်တွေ ခင်းနေတုန်းမို. အရင်ဆုံး အနီးအနားက Plaza Gurney မှာ Shopping လုပ်ခဲ့တယ်။ အ၀တ်အစားတွေ ဈေးချနေလို. နည်းနည်းပါးပါး ၀ယ်ခဲ့သေးတယ်။ Plaza က ဖွင့်ထားတာ မကြာသေးဘူးလား မသိဘူး တော်တော်လေး အဆင့်မြင့်ပါတယ်။
Plaza ကနေထွက်လာတော့ ညဈေးက တော်တော်လေးကို စည်နေပါပြီ။ ထိုင်စရာစားပွဲတောင် မနည်း ရှာယူရတယ်။ ဒါကြောင့် နေရာဦးတဲ့သူကဦး၊ မုန်.သွားဝယ်တဲ့ သူက ၀ယ် နဲ. အလုပ်ကိုရူပ်နေတာပဲ။ ပြီးတော့ တချို. စားကောင်းတဲ့ ဆိုင်တွေဆို အကြာကြီး တန်းစီရပါသေးတယ်။ အတွေ.အကြုံအသစ်ပေါ့။
![]() |
Char Kway Teow |
![]() |
Fried Oyster Omelet |
![]() |
Sambal Stingray |
![]() |
Satay |
![]() |
Ice Chendol |
Malaysia နိုင်ငံမှာ ဆိုရင် Penang က အစားအသောက်တွေက နာမည်ကြီးတယ်လေ။ တကယ့်ကောင်းတဲ့ ဆိုင်တွေ လဲ ရှိမှာပေါ့။ ကိုယ်ကမှ မသိတာ။ ဒါပေမယ့် ဒီညဈေးတန်းက ဆိုင်တွေကတော့ စင်ကာပူက Food court တွေမှာ ရတဲ့ အစားသောက်တွေနဲ. သိပ်မကွာလှဘူး။
ညဈေးတန်း ဘေးမှာ ဒီလို တရုတ်ရိုးရာ စတိတ်ရိုးလည်းရှိပါသေးတယ်။ အဲ့ဒီနေ.က တနေကုန် တောက်လျှောက်လည်လိုက်တာ နေရာတော်တော်များများရောက်သွားတယ်။ တော်တော်လည်း ပင်ပန်းပါတယ်။ ဘက်စ်ကားစီးပြီး ဟိုတယ်ပြန်ဖို.ပဲ ကျန်တော့တယ်။ မနက်ဖြန် လဲ Penang မှာ တရက်ထပ်နေရဦးဆိုတော့ ဟိုတယ်ရောက်ရင် ဘယ်နေရာ သွားရမလဲ ဆိုတာ စဉ်းစားရဦးမယ်လေ။
Penang ညဈေး ကို လည်သွားပါကြောင်း ... :)
ReplyDelete