မနက်စာ စားဖို.နေရာရှာရင်းနဲ. နောက်ဆုံးမှာ Subway မှာပဲ စားဖြစ်ခဲ့တယ်။ လမ်းတစ်လျောက် ရှေးဟောင်းအိမ်တွေ အများကြီးပဲ။ ရှေးဟောင်းအိမ်တွေကို စိတ်ဝင်စားတဲ့ သူတွေဆိုရင်တော့ ပီနန်မြို.ကို သဘောကျမှာသေချာတယ်။ ဒါပေမယ့် ဒီလိုအိမ်တွေက စင်ကာပူမှာလဲ ရှာတက်ရင် တွေ.ပါတယ်။
အရင်ဆုံး ၀င်ကြည့်ဖြစ်တာကတော့ Fort Cornwallis ဆိုတဲ့နေရာပါ။ သဘောပေါက်လွယ်အောင်ပြောရရင်တော့ ရှေးဟောင်းခံတပ် တခုပေါ့။ ၀င်ကြေး 2 RM ပေးရပါတယ်။ အမှန်တကယ်တော့ အထဲမှာ ဘာမှ ထူးထူးခြားခြား ကြည့်စရာ မရှိဘူး။
သူများ ရိုက်ထားတဲ့ ပုံတွေ လှလို. ကူးလာခဲ့တာ။
Fort Cornwallis က ဒီပုံထဲမှာ မြင်ရတဲ့ ဟာတွေပဲ ရှိတယ်။ အမြောက်တွေ၊ ရှေးဟောင်း ပစ္စည်းတချို. ၊ ဗုံးခိုတဲ့ ကျင်းတွေ၊ ထောင်လို ဟာတွေ ပဲ ရှိတယ်။ ကျွန်တော်စိတ်ကြိုက်နေရာတော့ မဟုတ်ခဲ့ဘူး။ တကူးတက သွားလည်ဖို. မတန်တဲ့ နေရာလို.ပဲ ပြောလိုက်တော့မယ်။း)
ပြီးတော့ မြို.ထဲမှာ လမ်းဆက်လျှောက်ပါတယ်။ နောက်ထပ်သွားမည့် နေရာက ပီနန်က နာမည်ကြီး ရှေးဟောင်း စံအိမ် Cheong Fatt Tze Mansion ပါ။ အဲ့နေရာ သွားမိတာကမှ တကယ့် အမှား။ နောက်ပို.စ်မှာ ဆက်ရေးပါမယ်။
No comments:
Post a Comment