Saturday, December 26, 2015

2

Bintan, Indonesia (2 Days 1 Night) #1


2012-May-05 တုန်းက သွားခဲ့တဲ့ Bintan 2 Days 1 Night trip အကြောင်း ရေးပါရစေ။ ပို.စ်တွေ အကြွေးတင်တာ အရမ်းများနေပြီ။ ၃နှစ်လောက်ကို နောက်ကျနေတော့ ရေးဖို.တော်တော်လေးကို ပြန်စဉ်းစားရမယ်။ ဒါပေမယ့်လည်း သွားခဲ့ဖူးတာ အမှတ်တရဖြစ်အောင် ဆက်ပြီးတော့ ရေးနေမှာပါ။  





စင်ကာပူကနေ အင်ဒိုနီးရှား နိုင်ငံပိုင် Bintan ကျွန်းကို 2012-May-05 ရက်နေ.မနက်သွားပါတယ်။ ဒီခရီးစဉ် က Package ၀ယ်တာမဟုတ်ဘူး၊ ကိုယ့်ဖာသာ အစအဆုံး စီစဉ်ပြီး သွားတာ။ Ferry Ticket ကို online ကနေ၀ယ်တယ်။ ပြီးတော့ Hotel ကို hotel website ကနေ booking လုပ်လိုက်တယ်။ သဘောင်္ဆိပ်ကို အကြို အပို. လုပ်ဖို.ကိုပါ တခါတဲ့ request လုပ်လိုက်တဲ့အတွက်၊ ဟိုရောက်ရင် Taxi တွေ ငှားစရာ မလိုတော့ဘူး။ ဘယ်လောက် အဆင်ပြေသလဲ။


 သဘောင်္က စင်ကာပူကနေ မနက် ရှစ်နာရီထွက်မှာဆိုတော့ လှေဆိပ်ကို ၆နာရီခွဲလောက် အရောက်သွားခဲ့တယ်။ ဘတ်စကားနဲ. သွားရင် မမှီမှာဆိုးလို. အိမ်ကနေ Taxi စီးသွားခဲ့တယ်။  လှေဆိပ်က Tanah Merah Ferry Terminal မှာပါ။ တခြား နိုင်ငံသွားတာဆိုတော့ လေယာဉ်စီးသလိုပဲ Immigration တွေ ဖြတ်ရပါတယ်။



သဘောင်္က အချိန်မှီ ထွက်ပါတယ်။ Batam ကိုသွားတဲ့ သဘောင်္ထက် ပိုပြီးတော့ အဆင့်မြင်ပါတယ်။ အထဲမှာ သက်တောင့်သက်သာ အဲယားကွန်းနဲ. တီဗွီ နဲ. ဇိမ်ပဲ။ မိနစ် ၅၀လောက် စီးပြီးရင် Bintan က Ferry Terminal ကိုရောက်ပြီလေ။ 







Bintan ဘက်က immigration ကိုဖြတ်ပြီးတော့ ဟိုတယ်က လာကြိုတဲ့ လူတွေကိုတွေ.ပါတယ်။ ပြီးတော့ လူစုံ တဲ့ အထိ စောင့်ပြီး ဟိုတယ် Bus နဲ. ဟိုတယ် ဆီကို သွားပါတယ်။ Ferry Terminal ကနေ ဟိုတယ်က တော်တော်လေး မောင်းရတယ်။ ၄၅မိနစ်လောက် ကြာတယ်ထင်တာပဲ။  ကျွန်တော် Booking လုပ်ထားတဲ့ ဟိုတယ်က Cabana Beach Resort ပါ။ တခြား Bintan က ဟိုတယ်တွေ နဲ. ယှဉ်ရင် ဈေးချိုပါတယ်။ 2012 တုန်းကဈေး နဲ. နှစ်ယောက်အိပ် တစ်ခန်းကို တစ်ည S$75 လောက်ပဲ ပေးရတယ်။ ဈေးအတိအကျတော့ မမှတ်မိဘူး။ Breakfast လဲပါတယ်ဆိုတော့ ဈေးသင့်တယ်လို. ပြောရမယ်။






ဟိုတယ်ကိုရောက်တော့ နေ.လည် ၁၁နာရီလောက်ရှိနေပြီ။ စောစော Check in လုပ်ပေးတော့ အထုတ်အပိုးတွေ အရင်အခန်းထဲသွားထားလိုက်တယ်။ 


Cabana Resort က နေရာ ၂နေရာ ရှိပါတယ်။ တနေရာက Beach ဘေးမှာ၊ နောက်တနေရာကတော့ တဖက်လမ်းမှာပါ။ ကျွန်တော်တို. တည်းမယ့်  အခန်းက ဟိုဘက်လမ်းက ခြံထဲမှာပါ။ ဒါကြောင့်မို.လဲ ဈေးပေါတာပေါ့။ Beach နဲ. နီးတဲ့ အခန်းတွေကတော့ ဈေးပိုပေးရမယ် ထင်တယ်။ 



ဒါကတော့ ကျွန်တော်နေခဲ့တဲ့ အခန်းပါ။ အပြင်မှာ ရေကူးကန်ရှိပါတယ်။ Reception နဲ. Hotel Restaurant က ကမ်းခြေဘက်မှာ ရှိတော့ အဲ့ဒီဘက်ကို ပြန်သွားရပါတယ်။ ကနေ.အတွက် ဘာ Activity တွေ ရှိသလဲ သွားစုံစမ်းကြည့်ခဲ့တယ်။ 





Cabana Resort's Restaurant



ဒါကတော့ Cabana Beach ပါ။ ပုံထဲမှာ မြင်ရတဲ့ အတိုင်း ရေကတော့ အရမ်းကြည်ပါတယ်။ ဒါပေမယ့် ကမ်းခြေ လို.ခေါ်ရအောင် လှိုင်းလဲ မရှိပါဘူး။ ရေကျသွားတော့ ရေက တိမ်တိမ်လေး၊ ရေကူးဖို.ဆိုရင် ဟိုအဝေးကြီး သွားကူးမှ ရမယ်။ ရေကူးနေတဲ့ သူတွေတော့ မတွေ.ခဲ့ဘူး။ ရေစိမ်နေတဲ့သူ၊ နေပူဆာ လုံနေတဲ့ သူလောက်ပဲရှိတယ်။ 







ဒါကတော့ Cabana resort မှာ လုပ်လို.ရတဲ့ Activity တွေပါ။ ဒါပေမယ့် အချိန်က မွန်.တည့်ချိန်ဆိုတော့ ဘာ Activity မှ မရှိတော့ပါဘူး။ Beach activity တွေက မနက်ပိုင်း ရေမကျ ခင် အချိန်မှာပဲ ရှိတာပါ။ နေ.လည်ဆိုရင် ပင်လယ်ရေတွေက ကျသွားတော့ ရေဆော့လို. မကောင်းတော့ဘူး။ ဒါကြောင့်မို. ပုံထဲမှာ တွေ.ရတဲ့  Cabana Free Shuttle ကိုစီးပြီး Agro Resort ကိုသွားခဲ့တယ်။ Cabana Beach ကနေ Agro Beach ကို Shuttle bus နဲ. ၁၅ မိနစ်လောက်ပဲ စီးရတာပါ။ 


Agro Resort ကိုရောက်ပါပြီ။ သူက Cabana resort ထက်ပိုပြီး ကြီးပါတယ်။ ပိုပြီးဈေးကြီးမယ့် ပုံပေါက်တယ်။ အရင်ဆုံး နေ.လည်စာစားဖို. စားသောက်ဆိုင်ကိုရှာရပါတယ်။ 



Menu ထဲမှာ ဈေးကို အင်ဒို ပိုက်ဆံနဲ. ပြထားပါတယ်။ ဒါပေမယ့် စင်ကာပူ ဒေါ်လာနဲ. ပေးလို.ရပါတယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော် တပွဲကို အဲတုန်းကဈေးနဲ. S$5 ဒေါ်လာပေးရပါတယ်။ ဟိုတယ်မှာ စားရတာဆိုတော့ S$5 ကို ဈေးကြီးတယ်လို.ပြောလို.ရမဘူးလေ။ 



 ကျွန်တော်ကတော့ Asiana Fried Rice စားပါတယ်။ ထမင်းကြော်က စပ်စပ်လေး အရမ်းစားလို.ကောင်းပါတယ်။ ပြီးတော့ Portion လဲ များတယ်။ Satay ၂ချောင်း နဲ. ကြက်ဥကြော်လဲ ပါတယ်။း)


ဒါကတော့ Curry chicken ပါ။ သူလဲ S$5 ပါပဲ။ 







နေ.လည်စာ စားပြီးတော့ Hotel reception မှာ ဘာ Activity တွေ ရှိလဲ သွားမေးတယ်။ အဲ့ဒီမှာ Hotel က Bintan ညဈေးသွားတဲ့ Tour ရှိတယ်ပြောလို.။ အဲ့ဒါကို Book လုပ်လိုက်တယ်။ တစ်ယောက်ကို S$10 ပါ။ Bintan မြို.က ညဈေးနဲ. Shopping Mall ကို ပို.ပေးတယ်လို. ပြောပါတယ်။ တခြား ဘာမှ လုပ်စရာမရှိတော့လဲ ဒါ Tour ပဲ ၀ယ်လိုက်ရတာပေါ့ မဟုတ်ရင် ဟိုတယ် မှာ ထိုင်နေရမှာလေ။ အဲဒီ Tour ကည ၇နာရီခွဲ မှထွက်မှာ ဆိုတော့ ကြားထဲမှာ အချိန်အများကြီး ကျန်သေးတယ်။ အဲဒါကြောင့်မို.လို. ဟိုတယ်ထဲ လမ်းပတ်လျှောက်ခဲ့တယ်။ ဒီ resort တွေက မြို.နဲ.ဝေးတော့ အနီးတ၀ိုက်မှာ ဘာမှ မရှိဘူး။ ဒါကြောင့် ဟိုတယ်ထဲမှာ နေနေရတယ်။



ဟိုတယ်ထဲမှာ ပန်းပင်တွေ၊ အသီးပင်တွေ စိုက်ထားတယ်။ အေးအေးဆေးဆေး လမ်းလျှောက်လို.ရတယ်။














ဒါကတော့ Agro Beach ပါ။ ဒီမှာလဲ ရေကျသွားတော့ ဘာ Beach Activity မှ မရှိတော့ဘူး။ ခရု တွေ လိုက်ကောက်နေတဲ့ သူတွေတော့ ရှိတယ်။ ရေကျသွားတော့ လမ်းလျှောက်ဖို. နေရာ အကျယ်ကြီးရသွားတာပေါ့။ 









ဒါကတော့ ရေပေါ်မှာ ဆောက်ထားတဲ့ အခန်းတွေပါ။ ရေပေါ်စားသောက်ဆိုင်လဲ ရှိပါသေးတယ်။ 

































Agro Beach မှာ လမ်းလျှောက်ပြီးတော့ နောက်ဆုံး ဘာလုပ်ရမှန်း မသိတာနဲ. ရေကူးကန်မှာ ရေကူးခဲ့တယ်။ ဒီရေကူးကန်က Beach view ရှိတော့ Cabana Beach က ရေကူးကန်ထက် ပိုကောင်းတယ်။












ရေကူးပြီးတော့ ၊ ကမ်းခြေမှာ ထိုင်ရင်း ညဈေး Tour သွားမည့် အချိန်ကို ထိုင်စောင့်နေခဲ့တယ်။ နောက်ပို.စ် မှာ ညဈေး အကြောင်းဆက်ရေးပါမယ်။


2 comments:

  1. ဆက်ရေးပါနော် အမြဲလာဖတ်ပါတယ် ဘရာသာ :)

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis