18-Aug-2012, Cheong Fatt Tze Mansion ကနေပြန်လာပြီးတော့ စင်ကာပူမပြန်ခင် ဘယ်နေရာသွားရင် ကောင်းမလဲလို. မြေပုံကြည့်လိုက်တော့ Penang Butterfly Farm ကိုသွားဖို. ဆုံးဖြတ်လိုက်တယ်။ သူက မြို.ကနေ သွားရင် တော်တော်လေးသွားရတယ်။ Bus ကားဂိတ်အဆုံးမှာ ရှိတာပါ။ အချိန်ကလည်း နေ.တစ်ဝက်လောက် ရတယ်ဆိုတော့ သွားဖို.ဆုံးဖြတ်လိုက်တယ်။
စင်ကာပူမှာလဲ Sentosa မှာ Insect Garden ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ၀င်မကြည့်ဖူးဘူး။ အခု မလေးရှားရောက်တော့မှပဲ သွားလည်ဖြစ်တော့တယ်။ အဝေးကြီး Bus ကားစီးသွားရတာ ဆိုတော့ ကြည့်စရာ သိပ်မရှိရင် မတန်ဘူး။ ကိုယ်က ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့သူဆိုတော့ လိပ်ပြာတွေက ဓါတ်ပုံရိုက်ရင်လှတယ်လေ။ ဒါကြောင့် လဲ သွားဖို. ဆုံးဖြတ်ခဲ့တာပါ။
ဝင်ကြေး ဘယ်လောက်ပေးရလဲ မမှတ်မိတော့ဘူး။ ဒါပေမယ့် ဈေးကတော့ သိပ်မပေါဘူး။ အခုတော့ဝင်ကြေး RM 27 လို. ပြထားတယ်။ ခြံထဲ ၀င်လိုက်တာနဲ. အထဲမှာ စိမ်းလန်းစိုပြေ နေပြီး အေးချမ်းသွားတာပဲ။ အပြင်မှာတော်တော်ပူတယ်လေ။ တခြား လုပ်စရာမရှိရင် ဒီမှာ တနေကုန် လာထိုင်နေဖို.ကောင်းတယ်။ လိပ်ပြာတွေ ပျော်အောင်လို. ပန်းတွေ၊ အသီးတွေ စိုက်ထားတော့ ပန်းရနဲ.တွေ လဲ မွေးကြိုင်နေတယ်။ လိပ်ပြာ ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့ သူတွေအတွက်တော့ စိတ်ကြိုက်ဖြစ်မည့် နေရာမျိုးပါ။
ခြံထဲမှာ လိပ်ပြာပဲ ရှိတာလားဆိုတော့ လဲ မဟုတ်ပြန်ဘူး။ ပုံမှာ မြင်ရတဲ့ အတိုင်း တခြား အကောင်ပလောင်တွေလဲ အများကြီး ရှိပါတယ်။
ခြံထဲမှာ ပဲ ပြတိုက်လို နေရာမျိုး ရှိပါတယ်။ လိပ်ပြာ နဲ. Insect ရုပ်ကြွင်းတွေ ကို လေ့လာနိုင်ပါတယ်။ ပညာပေး ရုပ်ရှင်ပြနေတဲ့ Mini Theater လဲ ရှိပါတယ်။ နောက်ပြီးတော့ Souvenir ပစ္စည်းရောင်းတဲ့ ဆိုင်လဲ ရှိပါသေးတယ်။ ပြတိုက်ထဲမှာလဲ တခြား အကောင် (မြွေ၊ ဖား၊ ပင့်ကူ) စတာတွေကို မှန်လှောင်အိမ်နဲ. ပြသထားပါသေးတယ်။
![]() |
Adventure park near Butterfly Farm |
Butterfly Farm ထဲမှာလည်လို.အားရတော့ မြို.ထဲကို ပြန်ဖို. Bus ကားစောင့်ရပါတယ်။ ခုန အလာတုန်းက Bus ရပ်တဲ့နေရာမှာ ပဲ စောင့်စီးရမယ်ထင်ပြီး စောင့်နေတာ။ နောက်မှ ဘယ် Bus ကားမှ မလာတော့မှ မေးကြည့်လိုက်တော့ မြို.ထဲကို ထွက်မည့် Bus ကားဂိတ်က ဒီမှာ မဟုတ်ဘူး။ တခြားနေရာမှာ ဆိုလို. Butterfly Farm ကနေ ကားဂိတ်ရှိတဲ့ ဘက်ကို မိနစ် ၂၀လောက် လမ်းလျှောက်လိုက်ရတယ်။ တနေကုန် လည်ထားတာဆိုတော့ လူကလည်း တော်တော်ပင်ပန်းနေပြီ။ ညနေလဲ စောင်းတော့မယ် နေ.လည်စာ လည်း မစားရသေးတော့ ကားဂိတ်ကို တရွက်တိုက်နေအောင် လမ်းလျှောက်သွားခဲ့တာ အခုထိ မှတ်မိသေးတယ်။ ဒီလိုနဲ. ကားဂိတ်ကနေ Bus စီးပြီး မြို.ထဲကို ပြန်လာခဲ့ပါတယ်။ ဂိတ်စကနေ ဂိတ်ဆုံး ထိ စီးရမှာပါ။ လမ်းတစ်လျှောက် ပင်လယ်ကမ်းခြေကို ဖြတ်သွားလို. ကားပေါ်ကနေ လှမ်းပြီး ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ ဆင်းပြီး လည်ဖို. ခွန်းအား မရှိတော့ဘူး။
Burma ဆိုတဲ့ နာမည်တွေ.လို. Zoom ဆွဲကြည့်လိုက်တော့ မြန်မာ ဆရာဝန်ထိုင်တဲ့ ဆေးခန်းဆိုတာ ကို တွေ.လိုက်တယ်။ KLINIK ဆိုတာ Clinic ကို မလေးလို.ခေါ်တာနေမှာပေါ့။
Komtar ကိုရောက်တော့ Late Lunch စား၊ ရှော့ပင် နည်းနည်းလုပ်၊ ပြီးတော့ ညစာပါ တခါတည်း စားလိုက်တယ်။ ပြီးတော့ ဟိုတယ်ကို ဘတ်စ်ကား နဲ. သွားပြီး အပ်ထားတဲ့ Luggage တွေကို သွားယူပါတယ်။
နောက်ဆုံးမှာတော့ စင်ကာပူ ကိုသွားမည့် Bus ကား ဂိတ်မှာ ည ၁၀နာရီ ကားစီးဖို. ရောက်လာခဲ့ပါတယ်။ ပီနန်ကနေ စင်ကာပူကို ကားစီးတာ ၁၀နာရီလောက်စီးရပါတယ်။ ဒါကြောင့် တော်တော်များများက လေယာဉ်နဲ.သွားကြတာများပါတယ်။ ဒါပေမယ့်လည်း ညကား ဆိုတော့ ကားပေါ်မှာ ညအိပ်လိုက်တာ ဟိုတယ်ခ တရက် စာ သက်သာတာပေါ့။ :)
ကျွန်တော့်ရဲ. ပီနန်ခရီးစဉ် ဒီမှာ ပဲ အဆုံးသတ်ခဲ့ပါတယ်။ လန်ကာဝီ နဲ. ပီနန် ပို.စ်တွေ ရေးရမှာ ပျင်းတာနဲ. အချိန်တွေ တော်တော်လေးကြာသွားတယ်။ ဓါတ်ပုံတွေကလဲ သိပ်မကောင်းေ်တာ့ ပိုစ့်ရေးရတာ လဲ သိပ်အားမရှိဘူး။ နောက်ပို.စ်တွေမှာ တော့ ဓါတ်ပုံတွေဒီထက်ပိုပြီး ကောင်းမယ်လို.ထင်ရတာပဲ။ ဘာလို.လဲ ဆိုတော့ ဒီခရီးစဉ်မှာ ခရီးရှည်လို. သယ်ရလွယ်တဲ့ ကင်မရာ လေးနဲ. ရိုက်ဖြစ်ခဲ့လို.ပါ။ ဒီခရီးက ပြန်လာတော့မှာ အဲ့ကင်မရာ ကို မကြိုက်လို. လျှော့ဈေး နဲ. ရောင်းပလိုက်တယ်။း)
ကို်ယ်တို့ ကတော့ အပင်သမား အကောင်သမားဆိုတော့ ဒီလိုတွေကြည့်ရတာနဲ့ တင်ကျေးဇူးတင်နေပါပြီ။
ReplyDeleteတချိန်တုန်း က လိပ်ပြာမျိုးခွဲစုစောင်းခဲ့တာရတာတွေလည်း အမှတ်ရမိတယ်။ လိပ်ပြာလေးတွေကို အဲဒီလို ဒစ်စ်ပလေးလုပ်ရင် တောင်ပံ ကိုမထိအောင်သတိထားခဲ့ရတာတွေ ထိမိတာနဲ့ စကေးလ်လေးတွက နုလွန်းလို့ ပျက်သွားရင် တောင်ပံရဲ့ အရေးအစင်းအပြောက်တွေပျက်ပြီး မျိုးခွဲရတာမပီပြင်တော့ဘူး။
မရောက်တာကြာလို့  ..ကနေဒါပြောင်းသွားပြီလား။
အိုင်အိုရာ
ဟုတ် အခုကနေဒါ မှာပါ။
Deleteကနေဒါက ပုံလေးတွေလည်းတင်ပါဦးး)
ReplyDeleteဟုတ်ကဲ့ တင်ပါ့မယ်။ ဒါပေမယ့် ကနေဒါ မလာခင်က ဟာတွေကို အရင် တင်ရမယ်။ အခုထိ ၂၀၁၂ တုန်းက အကြောင်းတွေရေးနေတုန်း။ :(
Deleteအာ့ဆို ၃ နှစ်လောက် စောင့်ရဦးမှာပေါ့နော် :P စောင့်လျက်ပါ ခစ်ခစ်
ReplyDelete