Wednesday, January 28, 2015

0

Marble/Stone carving workshop & Mahamuni Pagoda, Mandalay

Friendly local allowed me to take his photo. 

2015-Jun-25, မဟာဂန္ဓာရုံကျောင်းက အပြန် မန္တလေး အခေါ် ကျောက်စရစ် တန်းကို ၀င်လေ့လာခဲ့တယ်။ မန္တလေးမှာ နေခဲ့ပေမယ့် ဒီနေရာကို ဖြတ်သွားတာပဲ ရှိတယ် တခါမှ ဆင်းပြီး မလေ့လာဖူးဘူး။ ဒါပထမဆုံး ဆိုပါတော့။ ဒီနေရာမှာ နေတဲ့သူတွေ တော်တော်များများ က ဒီလုပ်ငန်းလုပ်ကြတာ များတော့ မန္တလေး အခေါ်အဝေါ် ကျောက်စရစ် တန်းလို. ခေါ်တာပါ။ မျက်ပါးရပ် ဆိုရင် ရွေဆိုင်းတွေ လုပ်လို. ရွေဆိုင်းတန်း။ ၃၇ လမ်းဆိုရင် ဖျာတွေရောင်းတော့ ဖျာတန်း၊ ၃၅ လမ်းဆိုရင် ပရိဘောဂ တန်းဆိုပြီး ခေါ်လေ့ရှိပါတယ်။ 

The marble carving workshop is located on the way from Mandalay to Amarapura (U Bein Bridge). 

Saturday, January 17, 2015

2

Mahar Gandar Yone Monastery, 2013-June


2013-Jun-25, ကျွန်တော် က မန္တလေးမှာ ကြီးလာခဲ့ပေမယ့် မဟာဂန္ဓာရုံကျောင်းကို တစ်ခါမှ မရောက်ဖူးဘူး။ အခုနောက်ပိုင်း မြန်မာနိုင်ငံကို လာလည်တဲ့ နိုင်ငံခြားတွေ ဓါတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်ထားတွေ ပုံတွေကို တွေ.မှ 'သြော် မန္တလေးမှာ ဒါလိုနေရာမျိုး ရှိသလား' ဆိုပြီး သတိထားမိလာတယ်။ အဲဒါကြောင့် နောက်တစ်ခါ မန္တလေးကို ရောက်ရင် ဒီဘုန်းကြီးကျောင်းကို မရောက်ရောက်အောင် သွားမယ်ဆိုပြီး မှတ်ထားလိုက်တယ်။ 



Thursday, January 8, 2015

1

Photo shoot with my niece (Baby Photography) #2




2013-Jun လ ပိုင်း မြန်မာပြည်  ပြန်တုန်းက တူမလေး  ရိုက်ပေးခဲ့တဲ့ လက်ကျန်ပုံလေးတွေကို စုပြီး ပို.စ်တစ်ခုထပ်တင်လိုက်ပါတယ်။ အရင်ပို.ကို ဒီမှာ ဖတ်လို.ရပါတယ်။ ဒီပုံတွေ ရိုက်နေတုန်းက သူက ၈လ သမီးပေါ့။ အခုတော့ ၂နှစ်ကျော်ရှိပြီ။ စကားတွေ လည်းအရမ်းတက်ပြီး ၊ အရမ်းကို လည်နေပြီ၊၊ ဖုန်းနဲ.လဲ Game တွေ ဆော့၊ ဓါတ်ပုံတွေ ရိုက်တက်နေပြီ။ :)


တူမလေး ပုံကို Baby Photo Contest မှာ ၀င်ပြိုင်ထားတယ်။ LIKE တွေ နည်းနေလို.။ အပန်းမကြီးရင် တူမလေး ပုံကို LIKE လုပ်ပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ :P

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis