Wednesday, October 28, 2015

0

Penang Trip Day 1, Penang Hill #4



17-Aug-2012, Kek Lok Si Temple ကနေ ဆင်းလာပြီးတော့ တောင်ခြေနားမှာပဲ Late Lunch စားလိုက်တယ်။ Penang Laksa နဲ. Chicken rice စားခဲ့တယ်။ Penang Laksa ဆိုတာက ချဉ်စုတ်စုတ် အရသာပါ။ ဟင်းရည်ကို မကျည်းသီးအနှစ် နဲ. ချက်ထားတယ်ထင်ပါတယ်။ ပြီးတော့ နာနတ်သီးလဲ ပါသေးတယ်။ စပ်လဲ စပ်ပါတယ်။ စားနေရင်းနဲ. Penang Hill ကိုသွားတဲ့ ဘက်စ်ကား လာတာကိုလဲ သတိထားနေရပါသေးတယ်။ တကယ်လို. လွတ်သွားခဲ့ရင် ဘယ်လောက်ကြာ ထပ်စောင့် ရမလဲမသိဘူးလေ။ 

0

Penang Trip Day 1, Kek Lok Si Temple #3


17-Aug-2012, Penang Burmese & Thai Buddhist Temple ကိုသွားပြီးတော့ နောက် ထပ်သွားမှာကတော့ ပီနန်မြို.မှာ နာမည်အကြီးဆုံးလို.ပြောလို.ရတဲ့ Kek Lok Si Temple ပါ။ အဲဒီကိုလဲ ဘတ်စကားစီးပြီးသွားခဲ့ပါတယ်။  Kek Lok Si Temple ကိုသွားတဲ့ Bus စီးဖို. Komtar Bus interchange ကို သွားရပါတယ်။ အဲဒီကနေဆို ဘတ်စကား ပိုစုံပါတယ်။ ပီနန်က ဘတ်စကား တော်တော်များများက အဲ့မှာ ဂိတ်စ၊ ဂိတ်ဆုံး တယ်။

Thursday, October 15, 2015

0

Penang Trip Day 1 #2


17-Aug-2012, ပီနန်မြို.အနှံ. ကို လျှောက်လည်ဖို.ဆိုရင် Bus စီးပြီး လည်ရတာ အရမ်းကို အဆင်ပြေပါတယ်။ Bus က တစ်မြို.လုံးကို တစ်ပတ် ပတ်ပြီး ဆွဲပေးနေတော့၊ တွေ.တဲ့ ကားမှတ်တိုင်မှာ တက်စီးလို.ရပါတယ်။ ကားသမားကိုလဲ ကိုယ်သွားမည့် နေရာကို ပြောထားရင်၊ သူက ဆင်းရမည့် မှတ်တိုင်ရောက်ရင် ကိုယ့် ကို အသိပေးပါတယ်။ Bus ကားက Cash ပေးပြီး စီးလို.ရပါတယ်။  ကျွန်တော်တို.လဲ Little India ဘက်ကနေ Bus ကားနဲ. Burmese Buddhist Temple ကို သွားခဲ့ပါတယ်။ 

Sunday, October 11, 2015

0

Penang Trip Day 1 #1


17-Aug-2012, ပီနန်မြို.မှာ ကျွန်တော်တို.က Little India ဘက်မှာ တည်းတာဆိုတော့ အချက်ချာကျတယ်လို.ပြောလို.ရတယ်။ အနီးအနားမှာလည်း Tourist Attraction တွေ အများကြီးရှိတယ်။ အထူးသဖြင့် ရှေးဟောင်း အဆောက်အဦးတွေပေါ့။ Hotel က Budget ဟိုတယ်ဆိုတော့ မနက်စာမပါပါဘူး။ ဒါကြောင့် မနက်စာစားဖို. ထွက်ရင်းနဲ. Penang မြို.ထဲ လျှောက်သွားဖို. တခါတည်း အပြင်ထွက်လာခဲ့ပါတယ်။ လမ်းမှာ တွေ.သမျှစိတ်ဝင်စားဖို.ကောင်းတဲ့ နေရာတွေ ၀င်ပြီးလေ့လာခဲ့ပါတယ်။ 

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis