Sunday, January 31, 2016

0

Kota Kinabalu #1


2013-Mar-27, Singapore ကနေ Malaysia နိုင်ငံရဲ. Kota Kinabula မြို.ကို Air Asia လေယာဉ် နဲ. ရောက်သွားပါတယ်။ Malaysia နိုင်ငံက ကျွန်း ကြီး ၂ခု ရှိပါတယ်။ Singapore နဲ. နီးတဲ့ ကျွန်းကြီး တခုရယ်။ Brunei နိုင်ငံနဲ. ကပ်လျှက်ရှိတဲ့ ကျွန်းကြီးရယ်။  ဒီဘက်က ကျွန်းရဲ. မြို.တော်က Kuala Lumpur ဖြစ်ပြီး ၊ ဟိုဘက်က ကျွန်းရဲ. မြို.တော် က Kota Kinabalu ဖြစ်ပါတယ်။ Kota Kinabalu ဘက်ကိုလာတဲ့ သူတွေ တော်တော်များများ က Mount Kinabalu တောင်ကိုတက်တဲ့ သူတွေ များပါတယ်။ Mount Kinabalu ကို မလေးရှားမှာ အမြင့်ဆုံး တောင်လို. ပြောကြပါတယ်။ ကျွန်တော်တို. ခရီးစဉ်မှာတော့ တောင်တက်ဖို. အစီအစဉ်မပါဘူး။ 



 Kota Kinabalu ကို ည ၉နာရီလောက်ရောက်ပါတယ်။ ရောက်ရောက်ချင်း Hotel မသွားခင် ညစာ စားဖို. ဆိုင်အရင်ရှာရပါတယ်။ နောက်ဆုံးတော့ Seafood ဆိုင်မှာ ၀င်စားခဲ့ပါတယ်။ အဲ့တုန်းက မှတ်မှတ်ရရ အဲ့ဒီမြို.မှာ မီးပျက်နေပါတယ်။ ကိုယ်က မြန်မာပြည်က လာတဲ့သူဆိုတော့ အထူးအဆန်းတော့ မဟုတ်ပါဘူး။  မီးပျက်နေတဲ့ အတွက် အခုလို ဖယောင်းတိုင်နဲ. စားရပါတယ်။ မီးပျက်လေ့ မရှိတော့ မီးစက်တွေလဲ မရှိကြဘူး ထင်ပါတယ်။ နောက်စားနေရင်း နဲ. မီးပြန်လာပါတယ်။





Crab fried with Salted egg. 


ကျွန်တော်တို. Kota kinabalu ကိုသွားတဲ့ အချိန်က အဲ့ဒီမှာ ဖိလစ်ပိုင် အစွန်းရောက်တွေနဲ. မလေးရှားစစ်တပ် နဲ. စစ်ဖြစ်နေတဲ့ အချိန်ပါ။ နယ်နမိတ်လု နေကြတယ်လို. သိရတယ်။ ဖိလစ်ပိုင်အစွန်းရောက်တွေ ကျူးကျော်လာပြီး မလေးရှားဘက်က ရွာသား တွေကို သေနတ် တွေနဲ. ပစ်သွားတဲ့ သတင်းတွေ ဖတ်ရတယ်။ Tourist တွေကို ပြန်ပေးဆွဲတဲ့ သတင်းတွေကို လဲ တောက်လျှောက်ဖတ်ရတယ်။ အဲ့ဒါကြောင့် ဒီခရီးစဉ်ကို မသွားတော့ဘူးလို. ဆုံးဖြတ်ပြီးသားပါ။  သွားတော့မယ့် အချိန် နဲ. တစ်ပတ် အလိုလောက်မှ Tour စီစဉ်တဲ့ သူ က အခြေအနေ ပြန်ငြိမ်သွားပြီ။ သွားလို. ရပြီ ဆိုမှ ထွက်လာခဲ့တယ်။ ဒါပေမယ့် စိုးရိမ်မိ တာတော့ အမှန်ပဲ။  

 2013-Mar-28, မလေးရှား ဘက်က ဖိလစ်ပိုင် နိုင်ငံသားတွေကို အလကား ပြန်ပို.ပေးမယ် ဆိုတဲ့ သတင်းပါ။



ဟိုတယ်က မြို.လယ်ခေါင်မှာဆိုတော့ အနီးနားမှာ စားသောက်ဆိုင်တွေ ပေါပါတယ်။ မနက်စာစားပြီး Mount Kinabalu National Park ကို သွားပါတယ်။ အဲဒီရောက်တော့ မိုးရွာနေတာနဲ. ကားနဲ.ပဲ ပတ်ပြီး ကြည့်ခဲ့တယ်။




 မိုးခဏ စဲသွားတော့ Silua Silua Trail ထဲကို ၀င်ပြီး လမ်းလျှောက်ခဲ့တယ်။ အင်မတန်သာယာ တဲ့ တောလမ်းကလေးပါ။ မိုးက ရွာလိုက် တိတ်လိုက်ဆိုတော့ လမ်းလျှောက်ရတာ သိပ်အဆင်မပြေသလို၊ ဓါတ်ပုံရိုက်ရတာလဲ အဆင်မပြေဘူး။ ဒါကြောင့် အမြန်လျှောက်ပြီး ပြန်လာခဲ့တယ်။ ဒီ Mt Kinabalu National Park မှာ ဟိုတယ်တွေ ရှိပါတယ်။ အချိန်ရရင်တော့ ဟိုတယ်မှာ တည်းပြီး အနီးအနား လျှောက်သွားလို.ရပါတယ်။





















Mt. Kinabalu National Park ကနေ အထွက် စားသောက်ဆိုင်တွေ.တာနဲ. နေ.လည်စာ ၀င်စားခဲ့ပါတယ်။ ကြက်ဆီပြန်က တော်တော်လေးကို စားလို.မကောင်းတာပါ၊ ဒါပေမယ့် စားစရာ ဆိုင်ဆိုလို. ဒီတစ်ဆိုင်ပဲ တွေ.တယ်။











အပြန်လမ်းမှာ ကားခဏရပ်တုန်း လမ်းဘေးမှာ တွေ.တဲ့ လယ်သမား မိသားစု နဲ. တွေလို. ခဏ ၀င်လေ့လာခဲ့တယ်။ ကလေးတွေ ထမင်းစားနေတာ တွေ.လို. ဘာတွေနဲ. စားနေလည်း သွားကြည့်ခဲ့တယ်။ ထမင်းဖြူကို  ငါးသေတ္တာ ငါး တမျိုး တည်းနဲ. ပျော်ပျော်ရွင်ရွင် စားနေကြတယ်။ မြို. ပေါ်က အစားအသောက် ဂျီးများတဲ့ ကလေးတွေ ကို သွားပြီး သတိရမိတယ်။









နောက်ထပ်သွားဖြစ်တဲ့ နေရာ ကတော့ Kundasang war memorial ပါ၊ သြဇီ နဲ. အင်္ဂလန် အလံတွေ ထောင်ထားတာ တွေ.ရပါတယ်။ တခြား ရောက်ဖူးတဲ့ War Memorial တွေ နဲ. ယှဉ်ရင် ဒီနေရာက သေးပါတယ်။













အထဲမှာ ပန်းပင်တွေ သပ်သပ်ရပ်ရပ်စိုက်ထားပါတယ်။ ပြီးတော့ တောင်ကုန်းပေါ်မှာ ရှိတာဆိုတော့ ပတ်ဝန်းကျင် ကို View ကောင်းကောင်း နဲ. မြင်ရပါတယ်။ လှေကားထစ် စိုက်ခင်းတွေ နဲ. တောင်စောင်းတွေ ပေါ်က အိမ်လေးတွေကို အခုလို မြင်ရပါတယ်။









ဆက်ရေးပါမည်။ ~~~~


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis