Saturday, January 9, 2016

0

Marina Bay Sand Skypark


2012-Aug-13, Marnia Bay Sand Skypark ကို ပထမအကြီမ် ရောက်ဖူးတာပါ။ ဒီဟိုတယ် ဖွင့်ပြီးကတည်းက လူတွေ သွားတည်းတဲ့ပုံတွေ၊ Infinity Pool မှာ ရေကူးတဲ့ ပုံတွေ fb မှာ တင်ထားတာတွေ.တော့ ကိုယ်တိုင်လည် သွားဖူးချင်တယ်။ ဒါပေမယ့် သူများတွေလို ဟိုတယ်မှာ မတည်းနိုင်တော့ Skypark ကိုသွားတဲ့ လက်မှတ်နဲ.ပဲ ဟိုတယ် အပေါ်ကိုသွားခဲ့ပါတယ်။




၂၀၁၂ တုန်းကတော့ လက်မှတ် တစ်စောင် S$20 ပါ။ အခုတော့ ဈေးတက်သွားပြီထင်တယ်။ ဒီလက်မှတ်နဲ. ဘာလုပ်လို.ရလဲဆိုတော့ ဟိုတယ် အပေါ်ဆုံးကနေ စင်ကာပူမြို. ကို အပေါ်စည်းကနေ ကြည့်ရုံ၊ ဓါတ်ပုံရိုက်ရုံပါပဲ။ ရေကူးကန်ဘက် သွားလို.မရပါဘူး။ ရေကူးကန် နဲ. Skypark က ဟိုဘက်ခြမ်းနဲ. ဒီဘက်ခြမ်းပါ။ လှမ်းတော့ မြင်ရပါတယ်။




အပေါ်ရောက်သွားတော့ Garden by the bay ကို ဒီလိုမြင်ရပါတယ်။ အရာအားလုံးဟာ သေးသေးလေးတွေ ဖြစ်သွားတယ်။ ကျွန်တော်က နေမ၀င်ခင်ရော၊ နေ၀င်ပြီး View ၂မျိုး လုံး ကြည့်ချင်တော့ ညနေစောင်းချိန်လောက် သွားပါတယ်။









Peninsular Plaza

ရေကူးကန်ကို လှမ်းမြင်ရပုံ။ 
၂၀၁၄ မှာ ကျွန်တော် အဲ့ရေကူးကန်မှာ ရေကူး ခဲ့ပါတယ်။ နောက်ပို.စ်တွေမှာ တင်ပါ့မယ်။


Visitors at the Skypark. 







ဒီအပေါ်မှာ လုပ်စရာ ဘာရှိလဲဆိုတော့  ဓါတ်ပုံရိုက်ကြတယ်။ ရူခင်းကြည့်ကြတယ်။ ပိုက်ဆံ ပေါတဲ့သူတွေက Bar မှာ စားသောက်ကြတယ်။ လူတွေ အကြာကြီး ထိုင်မှာ ဆိုးလို. ခုံတွေ ချမထားဘူး။ ထိုင်ချင်ရင် ကြမ်းပြင်မှာထိုင်ရတယ်။ Tripod နဲ. ဓါတ်ပုံ အကြာကြီး ရိုက်ရင် နေရာရွေ.ပေးဖို. ၀န်ထမ်းတွေက လာပြောတယ်။ ပြီးတော့ Skypark က ကြမ်းပြင်မှာ ထိုင်တာ ကြာရင် ၀န်ထမ်းတွေက လာပြောတယ်။ အထဲမှာ ခုံတွေရှိတယ်၊ ဒီမှာ မထိုင်ပါနဲ. လို.ပြောပါတယ်။ မှောင်စပြုလာတော့ ကျွန်တော် Tripod နဲ. ဓါတ်ပုံ တချို. ရိုက်ခဲ့တယ်။ အေးအေးဆေးဆေး ရိုက်ရရင် တော်တော်လေးလှမည့် ရူခင်းမျိုးပါ။


























လုံးဝ နေ၀င်သွားရော၊ ဓါတ်ပုံရိုက်လို.လဲ ပြီးရော။ အပေါ်မှာလဲ ဘာမှ လုပ်စရာမရှိတော့ အောက်ပြန်ဆင်းခဲ့ပါတယ်။ အပေါ်မတက်ခင် ၀န်ထမ်းတွေက ဓါတ်ပုံ ရိုက်ပေးပါတယ်။ လိုချင်ရင် အောက်ရောက်တာနဲ. ပိုက်ဆံပေးပြီးဝယ်လို.ရပါတယ်။ ဈေးကြီးလို. မ၀ယ်ခဲ့ပါဘူး။








Skypark က မရောက်ဖူးသေးရင်တော့ တစ်ခေါက်လောက် သွားလည်လို.ကောင်းပါတယ်။ နောက်တစ်ခေါက်သွားဖို.ဆိုရင်တော့ မသေချာဘူး။ လက်မှတ် အလကားရရင်တော့ မပြောတက်ဘူး။း)


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis