2013-Mar-28, Kundasang war memorial ကနေ Desa Dairy Farm ကို ဆက်သွားပါတယ်။ Desa Dairy Farm ဆိုတာကတော့ တောင်ပေါ်က နွားမွေးတဲ့ ခြံပါ။ နို.ထွက်ပစ္စည်းတွေ လက်လက်ဆက်ဆက် ၀ယ်လို.ရတယ်။ တောင်ပေါ်မှာ ရှိတော့ ရူခင်းတွေက စိမ်းစိမ်းစိုစို နဲ. နွားတွေ ၊ စားကျက်တွေ တွေ.ရတော့ မလေးရှား နိုင်ငံကလို. တောင် မထင်ရပဲ။ New Zealand လို နိုင်ငံမျိုးက ရူခင်းတွေ နဲ.တောင် သွားပြီး ဆင်နေသေးတယ်။ ကိုယ်တိုင် New Zealand တော့ မရောက်ဖူးပါဘူး။ ဓါတ်ပုံတွေ ကြည့်ပြီး ပြောတာပါ။
တောင်ပေါ်မှာဆိုတော့ ရာသီဥတုက နည်းနည်းတော့ အေးတယ်။ ကားတွေ နဲ. လာလည်တဲ့သူတွေ ရှိတယ်။ တချို.လဲ Pre-wedding ဓါတ်ပုံတွေ လာရိုက်ကြတယ်။ ရူ.ခင်း လှတာကိုး။
အထဲမှာ နွားတွေကို နို.ညစ်တာတွေ၊ အစာကျွေးတာ တွေကို လေ့လာလို.ရတယ်။ နွားတွေကို အစာနဲ.မြှား ပြီး နွားနို.ညှစ်တဲ့ နေရာကို သွားခိုင်းတယ်။ ပြီးတော့ နွားတွေက အစာစားရင်း၊ အောက်က စက်နဲ. နို.ကို ညှစ်ယူပါတယ်။ ဒါမျိုး တခါမှ မမြင်ဖူးတဲ့ ကျွန်တော့် အဖို.တော့ ဗဟုသုတ ရတာပေါ့။
ဒီခြံမှာ နွားအပြင် ဆိတ်တွေလဲ ရှိပါတယ်။ ဆိတ်၊ နွား အကောင်ငယ်လေးတွေကို လှောင်အိမ်နဲ. ထည့်ထားပြီး။ အစားတွေ သွားကျွေးလို.ရပါတယ်။
ရောက်သွားတဲ့ အချိန်က မြက်ခင်းတွေပေါ်မှာ နွားတွေ လွတ်မထားသေးဘူး။ ပြန်ခါနီးကျမှ နွားတွေကို လွတ်ပေးလိုက်တယ်။ အဲ့ဒီမှာ မြက်ခင်းစိမ်းစိမ်းနဲ.၊ တောင်တန်းတွေနဲ. ၊ နွားတွေ နဲ. အင်မတန် ကြည့်လို.ကောင်းပါတယ်။ လူတွေလဲ ကင်မရာတွေ နဲ. အလုပ်ကို ရူပ်နေတော့တာပဲ။
နွားတွေကို ဓါတ်ပုံရိုက်ပြီးတော့ Desa Farm ကနေ ပြန်လာပါတယ်။ အပြန်မှာ လမ်းတ၀က် ကားခဏရပ်ပြီး Mt Kinabalu ကို လှမ်းပြီး ဓါတ်ပုံရိုက်ပါတယ်။ တိမ်တွေဖုံးနေတော့ သိပ်တော့ မမြင်ရဘူး။ အပြင်မှာတော့ တကယ့် ကို လှပါတယ်။ တောင်ပေါ်တက်ချင်စိတ်တောင် ပေါက်သွားတယ်။
ကားခဏရပ်တုန်း လမ်းဘေးမှာ စိုက်ခင်းတခုတွေတာနဲ. ၀င်ပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်။ ဘာအပင်တွေ စိုက် လဲတော့မသိဘူး။ ဒါပေမယ့် နေရာလေးက အရမ်းကိုသာယာတယ် Mt. Kinabalu Background နဲ.လေ။
နောက်ဒီနေရာမှာ သူများတွေ ဓါတ်ပုံဆင်းရိုက်တာတွေ.တော့ ကိုယ်လဲကားခဏ ရပ်ပြီး ဓါတ်ပုံဆင်းရိုက်တယ်။ Mt. Kinabalu ကို ကောင်းကောင်းမြင်ရတယ်။ တောင်ပေါ်က ရေတံခွန် ကိုတောင် လှမ်းမြင်ရတယ်။
Desa Farm ကနေ မြို.ထဲကိုတော်တော်လေး မောင်းရတယ်။ အပြန်မှာ Sunset လှတာနဲ. ကားခဏရပ်ပြီး ဓါတ်ပုံ ထပ်ရိုက်ပြန်တယ်။
မြို.ထဲရောက်တော့ ဗိုက်အရမ်းဆာတာနဲ. တွေ.တဲ့ ဆိုင်မှာ ၀င်စားလိုက်တယ်။ မှတ်မှတ်ရရ ဒီကြက်ကင်က တော်တော်ကို စားလို.ကောင်းတယ်။ အနံ.ကလည်း အရမ်းမွေး။ ဒီမှာစားပြီးရင် Kota Kinabalu က နာမည်ကြီး Filipino Night Market ကို သွားလည်မှာပါ။
No comments:
Post a Comment