Sunday, February 7, 2016

0

Kota Kinabalu #3


2013-Mar-28, Kota Kinabalu ရဲ. attraction တခုဖြစ်တဲ့ Filipino Market ကို သွားလည်ခဲ့ပါတယ်။ ရောက်သွားတဲ့ အချိန်က တော်တော်လေးကို နောက်ကျနေပါပြီ။ ည ၉နာရီ ကျော်လောက်မှ ရောက်သွားတယ်။ ဒါပေမယ့် ဈေးဆိုင်တွေ ဖွင့်နေတုန်းပဲ။ 



ညဈေးဆိုတော့ ဆိုင်တွေ အစုံရှိပါတယ်။ အစားအသောက်ရောင်းတဲ့ ဆိုင်တွေ၊ အသီးအရွက်ဆိုင်တွေ၊ အသားငါး ဆိုင်တွေ။ ကြက်တောင်ပံတွေ ဒီလိုကင်ရောင်းတဲ့ ဆိုင်တွေ အများကြီးတွေ.ရတယ်။ ဒီဈေးမလာခင် ဒီလိုအကင် စားခဲ့ ပြီးပြီမို. ဒီမှာမစားဖြစ်တော့ဘူး။ ဈေးထဲကို လမ်းပတ်လျှောက်ခဲ့တယ်။





 ဘာလို. Filipino Market လို.ခေါ်လဲဆိုတော့ ဖိလစ်ပိုင်လူမျိုးတွေ ရောင်းတဲ့ ဈေးမို.လို.နေမှာပေါ့။ ဒါပေမယ့် အားလုံး ဖိလစ်ပိုင်လူမျိုးတွေတော့ မဟုတ်ပါဘူး။ မလေးရှား လူမျိုးတွေ ပိုများပါတယ်။  Kota Kinabalu မှာ ဖိလစ်ပိုင်လူမျိုးတွေ တော်တော်များများနေကြတယ်လေ။ Google map မှာ ကြည့်မယ်ဆိုရင်လဲ  Kota Kinabalu က ဖိလစ်ပိုင် နိုင်ငံက ကျွန်းတွေနဲ. တော်တော်လေး နီးပါတယ်။














ဒီဈေးမှာ ပင်လယ်စာအစုံရပါတယ်။ လတ်လတ်ဆတ်ဆတ်ရော၊ ငါးခြောက်၊ ပုဇွန်ခြောက်တွေရောပဲ။ 












ဒါတွေက Tuna ငါးတွေ ထင်တယ်။



Egg vendor


ဒါကတော့ ဟင်းသီးဟင်းရွက်တန်းပါ။ 


 ဒီညဈေးက ဆိုင်တွေတော်တော်များပြီး ညဉ်.နက်တဲ့ အထိ ဖွင့်ပါတယ်။ ဈေးဝယ်ထက် ဈေးဆိုင်တွေက ပိုများနေတယ်လို. ထင်တယ်။ ကိုယ်လာတဲ့ အချိန်ကပဲ နောက်ကျလို.လားတော့ မသိဘူး။

ခုနက ညစား စားထားပြီးပြီမို. ဒီညဈေးမှာ အချိုပွဲ အနေနဲ. Ice Kachang (ေ၇ခဲသုတ်) စားပြီးတော့ ဟိုတယ်မှာ ပြန်အိပ်လိုက်တယ်။



No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis