Wednesday, February 10, 2016

0

Kota Kinabalu #4


2013-Mar-29, Kota Kinabalu မှာ တတိယမြောက်နေ.ပါ။ ကနေ. အစီအစဉ်ကတော့ နေထွက်တာကြည့်၊ မနက်စာစား၊ Monopiad Cultural Village ကိုသွား၊ ပြီးရင် Tawau မြို.ကို လေယာဉ်နဲ. သွားဖို.ပါ။ ပြီးရင် Tawau ကနေ Semporna မြို. ကို Taxi နဲ. သွားမှာပါ။


 နေထွက်တာ ကြည့်ဖို. စောစောထရပါတယ်။ Mt Kinabalu Summit ကိုမြင်ရတဲ့ နေရာထိ သွားပြီး စောင့်ကြည့်ပါတယ်။ တိမ်တွေ ဖုံးနေလို. နေထွက်တာ ကောင်းကောင်းမမြင်ရပါဘူး။ ဒီလောက်ပဲ ရခဲ့တယ်။





နေထွက်တာ ကြည့်ပြီးတော့ မနက်စာစားပါတယ်။ ကျွန်တော်က Laksa စားပါတယ်။ ဒီက Laksa က စင်ကာပူက Laksa နဲ.သိပ်မတူဘူး၊ အရသာ ပိုပြီး ပြင်းတယ်။ Laksa ဆိုတာ မလေးရှား က အုန်းနို.ခေါက်ဆွဲပါ။ မြန်မာပြည်က မုန်.ဟင်းခါးလိုပဲ တမြို. နဲ. တမြို. အရသာမတူပါဘူး။ ဥပမာ ရန်ကုန် မုန်.ဟင်းခါး ၊ မြောင်းမြမုန်.ဟင်းခါး ကွာသလိုပေါ့။


မနက်စာစားပြီးတော့ Monopiad Cultural Village ကို ကားနဲ.သွားတယ်။ မြို.ကနေ ကားနဲ. တော်တော်လး မောင်းသွားရတယ်။ ပြီးတော့ လွယ်လွယ်နဲ. ရှာမတွေ.ဘူး။ ကျွန်တော်တို.ရောက်သွားတော့ လာလည်တဲ့ သူဘယ်သူမှ မရှိပါဘူး။  ၀င်ကြေးပေးပြီးတော့ အထဲကို ၀င်ကြည့်ပါတယ်။





Monopiad Cultural Village ဆိုတာကတော့ မြန်မာနိုင်ငံမှာဆို တိုင်းရင်းသားကျေးရွာလိုနေရာမျိုးပေါ့။ ကိုယ်ကတော့ ဒီလိုနေရာမျိုးကို သိပ်ပြီး စိတ်မ၀င်စားဘူး။ ခရီးစဉ်ထဲမှာ ပါလို.သာ ရောက်သွားခဲ့တယ်။  ဒါကတော့ ကျွန်ေတာ်တို. အဖွဲ.ကို သူတို.ရိုးရာ တီးဝိုင်း၊ အက နဲ. ဖျော်ဖြေနေတာပါ။








သူတို. ဖော်ျဖြေတာပြီးတော့ Village ထဲကို လိုက်ပြပါတယ်။ လိုက်ပြတဲ့သူက မလေးလိုရော၊ အင်္ဂလိပ်လိုရော ရှင်းပြပါတယ်။



Guide ရှင်းပြတာ သေချာနားမထောင်ခဲ့လို. သမိုင်းကြောင်း ကို စာဖတ်သူတွေကို ဘာပြန်ပြောရမယ် မသိဘူး။ ဒီကျောက်တုံးကြီးက လူမျက်နှာပုံ ပေါ်နေတယ်လို. ပြောပါတယ်။ မြင်အောင်ကြည့်ကြည့်ပါ။


ပြီးတော့ ၀ါးနဲ. မီးဘယ်လို လုပ်တယ်ဆိုတာ သရုပ်ပြပါတယ်။ ကျွန်တော်တို.ကို ပွတ်ခိုင်းပါတယ်။ ဒါပေမယ့် တော်တော် မလွယ်ပါဘူး။ နောက်ဆုံး သူပွတ်မှပဲ မီးစ စွဲပါတယ်။



ဒါကတော့ သူတို.ရိုးရာ အရက်ချက်တဲ့ ပစ္စည်းတွေ နဲ. လုပ်ပုံလုပ်နည်းတွေ ကို ပြထားတာပါ။





Village ထဲမှာ Tarzan လို.၀တ်ထားတဲ့ သူတွေ တွေ.ရတယ်။ အမှန်တော့ ဧည့်သည်တွေလာမှ သူတို. ဒီလို အ၀တ်လဲပြီး လုပ်ပြတာပါ။ အမြဲတမ်းဒီလိုနေတာ မဟုတ်ပါဘူး။ ဘာလို.အဲ့လိုပြောလဲ ဆိုတော့ ကိုယ်တွေရောက်လာမှ သူတို.တွေ အမြန်အကျီင်္တွေ လဲနေတာ လှမ်းတွေ.လိုက်လို.။း)








ဒါကတော့ အရိုးခေါင်းတွေ ထားတဲ့အခန်းပါ။ တကယ့်လူအရိုးတွေပါ။ သမိုင်းကြောင်းသေချာ နားမထောင်ခဲ့လို. ဒီအရိုးခေါင်းတွေဘယ်ကနေ ဘယ်လို ဖြစ်လာသလဲ ဆိုတာ သေချာမသိခဲ့ဘူး။ ကြည့်ရတာတော့ အစွန်းရောက် သမား တယောက်ရဲ. လက်ချက်လို.ထင်တာပဲ။ စိတ်ဝင်စားရင် ဒီမှာ ဖတ်ကြည့် လို. ရပါတယ်။









နောက်ဆုံး Guide လိုက်ပြတာ ပြီးသွားတော့ Souvenir ဆိုင်မှာ အဆုံးသတ်ပါတယ်။ ဘာပစ္စည်းမှမ၀ယ်ခဲ့ပါဘူး။


 ဒီနေရာ ပြီးရင် ကျွန်တော် Tawau မြို.ကို Kota Kinabalu ကနေ ၄၅ မိနစ်လောက် လေယာဉ်စီးသွားရမှာပါ။ လေယာဉ်လတ်မှတ် ၀ယ်တာ ရက်မှန်ပြီး၊  အချိန်မှားဝယ်မိလို. ကျွန်တော် တစ်ယောက်တည်း နေ.လည်လေယာဉ် နဲ. Tawau ကို အရင်သွားရမှာပါ။ ကျန်တဲ့ အဖွဲ.သားတွေက ညလေယာဉ်မို. ကျွန်တော် သူတို.ကို Tawau လေဆိပ်မှာ ၈နာရီလောက် တစ်ယောက်တည်း ထိုင်စောင့်နေရမှာပါ။ 

ဆက်ရန်~~~~  


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis