2013-Mar-29, ကျွန်တော်လေယာဉ်လက်မှတ် အချိန်မှား ၀ယ်မိလို. ကျွန်တော်တစ်ယောက်တည်း Tawau လေဆိပ် ကို အရင်ရောက်နှင့်တယ်။ Kota Kinabalu ကနေ Tawau ကို မိနစ်၄၀လောက် လေယာဉ်စီးရတယ်။ တခြား လူတွေက ည ၁၀ နာရီ လေယာဉ်နဲ. မှ ရောက်လာမှာ။ ကျွန်တော်က ဒီကို နေ.လည်ကြီးရောက်နေတော့ သူတို.ကို ၇ နာရီလောက်ထိုင်စောင့်နေရတယ်။ တောမြို. လေးရဲ. လေဆိပ်မို.၊ လေဆိပ်မှာ ဘာမှ လုပ်စရာမရှိဘူး။ စားသောက်ဆိုင် တစ်ဆိုင်မှာ Wifi ရလို. တော်သေးတယ်။ ည မှောင်လို. စားသောက်ဆိုင်လဲ ပိတ်သွားရော၊ ဘာလုပ်ရမှန်းမသိလို. အပေါ်တက်လိုက်၊ အောက်ဆင်းလိုက် လုပ်နေရတယ်။
ကျွန်တော်တို.မလာခင် တစ်လလောက်က ကျွန်တော်တို.ခဏနေ သွားမည့် Semporna ဘက်မှာ ဖိလစ်ပိုင် နဲ. မလေးရှား စစ်ဖြစ်နေတာ။ အဲဒါကြောင့် လေဆိပ်မှာ စစ်သားတွေ အများကြီး အခုလိုတွေ.ရတယ်။ အခြေအနေ ငြိမ်သွားပြီ ဆိုပေမယ့်လည်း၊ စိတ်ပူမိတာတော့ အမှန်ပဲ။
ကျန်တဲ့လူတွေ ည၁၀နာရီ လေယာဉ်နဲ. Tawau ကို ရောက်လာတော့ ကျွန်တော်တို. Taxi ငှားပြီး Tawau လေဆိပ်ကနေ Semporna မြို.ကို သွားပါတယ်။ ၁နာရီလောက် ကားမောင်းရပါတယ်။ အဲ့နေ.ညက လသာတော့ ကားလမ်းဘေးမှာ ဆီအုန်းပင် စိုက်ခင်းတွေ တွေ.ရတယ်။ လမ်းတစ်လျှောက်မှာလဲ လုံခြုံရေးတွေ ရှိတယ်။ တနေရာမှာတော့ Passport တောင်းကြည့်တွေ လုပ်တယ်။ နောက်ဆုံးတော့ ဟိုတယ် (Sipadan Inn) ကို ည မွန်းမတည့်ခင် ရောက်သွားတယ်။ ဟိုတယ်မှာ အထုပ်အပိုးတွေ ချပြီး ဟိုတယ်နားက ညမိုးချုပ်ထိ ဖွင့်တဲ့ ထမင်းဆိုင်မှာ ပလာတာ ၀ယ်စားပြီး အိပ်လိုက်တယ်။ နောက်နေ. မနက်ကျရင် Semporna ကနေ speed boat နဲ. Sea Gipsy တွေ နေတဲ့ ရွာတွေကိုသွားလည်မှာပါ။ မြန်မာပြည်မှာဆိုရင်တော့ ဆလုံ ရွာပေါ့။ ဒီလို နေရာမျိုးကို တခါမှ မရောက်ဖူးတော့ အရမ်းကိုစိတ်ဝင်စားနေမိတယ်။
ကျွန်တော်တို. တည်းတဲ့ Sipadan Inn ပုံပါ။ ဒီ Semporna မြို.ကို လာလည်တဲ့ သူတွေ တော်တော်များများက ကမ္ဘာ အနှံ. က နေ Diving လာလုပ်တဲ့ သူတွေ များပါတယ်။ ပြီးတော့ ကျွန်တော်တို.လို Sea Gipsy ရွာတွေ လာလည်တဲ့ သူတွေ လဲ ရှိပါတယ်။
2013-Mar-30, မနက်စာ စားပြီးတော့ Speed boat မောင်းတဲ့သူ ဟိုတယ်ကို လာခေါ်ပါတယ်။ လှေဆိပ်က ဟိုတယ်ကနေ သိပ်မဝေးပါဘူး။ ရွာတွေ သွားလည်မှာမို. ရွာက ကလေးတွေကို ပေးဖို. မုန်.တွေ၊ ချိုချဉ်တွေကို ၀ယ်သွားပါတယ်။ မနက်ပိုင်း ဆိုတော့ လှေဆိပ်မှာ လူတော်တော်စည်ပါတယ်။ ကြည့်ရတာ Semporna ကို အနီးနား ရွာကလူတွေ ဈေးဝယ်လာကြတယ်နဲ.တူပါတယ်။ ကျွန်တော်တို. ဟိုတယ်နားမှာ Giant Supermarket နဲ. ဈေးရှိပါတယ်။
ကျွန်တော်တို. speed boat နဲ. စပြီးထွက်ပါပြီ။ ရေပေါ်မှာ ဆောက်ထားတဲ့ တည်းခိုခန်းတွေလည်း တွေ.ရပါတယ်။ ရာသီဥတုက အရမ်းပူတော့ Sun cream လိမ်းထားမှ၊ boat ပေါ်မှာ နေမပူတောင်မှ၊ လေပူတွေ ဟပ်လို. အသားတွေ နီရဲလာတယ်။
Semporna နဲ. တဖြည်းဖြည်း ဝေးလာလေ၊ ပင်လယ်ရေက ပိုပြီး ကြည်လာတယ်။ ရေကဘယ်လောက် ကြည်သလဲဆို၊ ရေအောက် ကြမ်းပြင် ကို ကောင်းကောင်းမြင်ရတယ်။ ပင်လယ်ထဲ ရောက်နေတယ် ဆိုပေမယ့် ရေက သိပ်မနက်ဘူး။
ပထမဦးဆုံး ကျွန်တော်တို. ဒီနေရာလေးမှာ အရင် စပြီး လည်ပါတယ်။ ဒီတောင်နားမှာ ဆောက်ထားတဲ့ ရေပေါ် အိမ်တွေ ထဲက တအိမ်ကို ၀င်လေ့လာတာပါ။ လှေသမားနဲ. ရင်းနှီးတဲ့ အိမ်ဆိုပါတော့။ ကျွန်တော်တို. Boat ချဉ်းကပ်လာတော့ ကျွန်တော်တို. ဆီကို ကလေးတွေ ပြေးလာနေတယ်ဆိုတာ သတိထားမိတယ်။ ပြေးလာတယ်ဆိုတာ လမ်းပေါ်ကနေ ပြေးလာတာမဟုတ်ဘူး။ ရေကူးလာတာ၊ ဒါမှ မဟုတ် လှေလှော်လာတာပါ။
ဒီကို လာလည်တဲ့သူတွေက၊ ရွာကလူတွေကို လက်ဆောင်တွေ ပေးနေကြလို.ထင်တယ်၊ ကလေးတွေက ကျွန်တော်တို. ဘာတွေ ပါလာသလဲဆိုတာကို လာကြည့်ပါတယ်။ ကျွန်တော်တို.လဲ ပါလာတဲ့ ချိုချဉ်တွေ ၊ မုန်.တွေ ဝေပေးပါတယ်။ သူတို.ခမျာ ပေးသလောက်ကို မလောက်ရှာဘူး။ ချိုချဉ် တလုံးစားလိုက်၊ ရေထဲခုန်ဆင်း ဆော့ လိုက်၊ ပြီးရင် ပြန်လာတောင်းလိုက်နဲ. အလုပ်ကိုရှုပ်နေတာပဲ။ ကလေးတွေ ဆိုတော့ ပျော်တာပေါ့။ သူတို.ခမျာ မြို.က ကလေးတွေလို ကစားစရာ တွေမရှိပါဘူး။ ပျင်းရင် ရေကူးလိုက်၊ လှေလှော်လိုက်၊ ငါးဆင်းဖမ်းလိုက် လုပ်နေကြတယ်။
မြို.ကလူတွေကတော့ ပိုက်ဆံ တွေ အများများကြီးပေးပြီး ဒီလိုရူခင်းမျိုးရှိတဲ့ နေရာမှာ (ဥပမာ- မော်လဒိုက်) ဆောက်ထားတဲ့ Resort တွေမှာ သွားတည်းရတယ်။ ဒီကလူတွေကတော့ နေ.တိုင်း ဒီလို ရူခင်းမျိုးကို မြင်နေရတော့ သူတို.အနေနဲ. ဘယ်လို မြင်လဲတော့ မပြောတက်ဘူး။
လှေသမား ပြောပုံအရ သူတို.တွေက အများစုက Bajau လူမျိုးတွေ ဖြစ်တယ်လို. သိရပါတယ်။ ဘာ status မှမရှိပဲ ဖိလစ်ပိုင် နဲ. မလေးရှား ရေပိုက်နက်တွေထဲမှာ ပျံ.ပြီး နေထိုင်နေကြတယ်လို. သိရပါတယ်။ တချို.ဆိုရင် အိမ်တောင် မရှိဘူး။ လှေပေါ်မှာပဲ မျှောနေကြတယ်။
အရင်ဆုံး ကျွန်တော်တို. ဒီအိမ်ကို အရင် တက်လည်ပါတယ်။ အိမ်က သစ်သားနဲ.ဆောက်ထားတော့ ကျွန်တော်တို.လူတွေအားလုံး တက်ရင် ကျိုးကျမလားတောင် စိတ်ပူမိတယ်။ ခုနက ရေကူးနေတဲ့ ကလေးတွေက အခုအိမ်ပေါ်မှာ နေရာယူပြီးသား၊ အိမ်ပေါ်မှာ ကလေးတွေကော၊ လူကြီးတွေရော စည်စည်ကားကားပဲ။
အိမ်ပေါ်ရောက်တော့ တအိမ်နဲ. တအိမ် ကို သစ်သားချောင်းတွေ နဲ. ဆက်ထားတယ်။ အိမ် သုံးအိမ်လောက် ဆက်ထားတာပါ။ သစ်သားက သိပ်ခိုင်ပုံ မရတော့ အသက်အောင့်ပြီး လျှောက်ရတယ်။ သိပ်မကြာပါဘူး ကျွန်တော်တို. အဖွဲ.ထဲက နည်းနည်းဝ တဲ့ တစ်ယောက် အိမ်ကူးရင်း သစ်သား ကြိုးပြီး ရေထဲပြုတ်ကျသွားတယ်။ သူ.လက်ထဲမှာ ကင်မရာ တစ်ခု။ ကျောပိုးအိတ်ထဲမှာ ကင်မရာ တခု နှစ်ခုလုံး ပျက်သွားပါတယ်။ ခရီးစဉ်က အခုမှ စတယ် ကင်မရာတွေ ပျက်သွားတော့ သူ.အစား စိတ်မကောင်းဖြစ်မိတယ်။ ပြီးတော့ တံတား ကြိုးသွားတဲ့ အတွက် အိမ်ရှင်တွေကို အားနာမိတယ်။
အိမ်ပေါ်မှာ လူတွေ အများကြီးတွေ.တော့ Portrait ရိုက်တာ အားသန်တဲ့ ကျွန်တော့် အဖို. လုံးဝ အကြိုက်တွေ.ခဲ့တယ်။ ရိုက်စရာ ကင်မရာ မရှိတဲ့သူကိုတော့ အားနာမိတယ်။ ပြီးတော့ သူများ အိမ်ပေါ် တက်ပြီး မသိတဲ့ လူတွေကို ဓါတ်ပုံလိုက်ရိုက်တာကိုလဲ အားနာတယ်။ ဒါပေမယ့်လဲ ဓါတ်ပုံထွက်ရိုက်တဲ့ ခရီးဆိုတော့လဲ ဘယ်တက်နိုင်မလဲ။း)
လူတွေကို ဓါတ်ပုံရိုက်ပြီးတော့ မီးဖိုချောင် ရောက်သွားပါတယ်။ သူတို.မီးဖိုချောင်က အင်မတန်မှ ဗြူးကောင်းတဲ့ မီးဖိုးချောင်လို. ပြောရမယ်။ ဘယ်သူမှ သူတို.လောက် ဗြူးကောင်းတဲ့ မီးဖိုချောင်မျိုး မရှိ နိုင်ဘူး။ ဟင်းလေးချက်ရင်း ရူခင်းလေး ငေးရင်း ဘယ်လောက် တောင် အမောပြေသလဲ။း) သူတို. ချက်ထားတဲ့ ပင်လယ်စာတွေ အမြည်းကျွေးပါတယ်။ တော်တော်များများက ရေလုံပြုတ် နဲ. အကင်တွေ ပါပဲ။
လူကြီးတွေက ဒီလိုလှေလေးတွေ နဲ. တအိမ်နဲ. တအိမ်ကူးကြတယ်။ ကလေးတွေကတော့ ရေကူးပြီး သွားကြတယ်။
ဆက်ရေးပါဦးမည်။ ~~
ထိပ်ဆုံးကရေရင် 46 ပုံမြောက်က အမျိုးသမီးက ဘာလိမ်းထားလဲမသိဘူးနော် မြန်မာသနပ်ခါးလိမ်းထားတာနဲ့တူတယ် သူတို့တွေ အညစ်အကြေးဘယ်နေရာစွန့်ကျလဲ ရေတွေကကြည်နေလို့လေ အမှိုက်တွေလည်းမတွေ့ဘူး
ReplyDeleteကျွန်တော်လဲ အစက အဲ့ဒါကို သနပ်ခါး ထင်တာ။ Google မှာ ရှာကြည့်တော့မှ သနပ်ခါး မဟုတ်မှန်းသိရတယ်။ အဲ့အကြောင်းကို နောက်ပိုစ့် မှာ မှ ရေးမလို.။ အသေးစိတ် သိချင်ရင် ဒီလင့် မှာ ရှင်းပြထားပါတယ်။ https://www.pinterest.com/pin/236368680420358464/
DeleteTHANK YOU :)
DeleteInteresting! Thanks for sharing your travel experience..
ReplyDelete