Wednesday, February 24, 2016

0

Semporna, Malaysia #2


2013-Mar-30,  ပထမပို.စ် က  အိမ်ပေါ် ဓါတ်ပုံတက်ရိုက် အပြီး၊ ကျွန်ေတာ်တို. Speed boat လေးနဲ. ခရီးဆက်နှင်ခဲ့ပါတယ်။ အမှန်တကယ်တော့ ကျွန်တော်က ဒီခရီးစဉ် အတွက် ဘယ်နေရာပြီးရင် ဘယ်နေရာသွားမယ် ဆိုတဲ့ Plan ကို သေချာ မသိဘူး၊ ခေါင်းဆာင်တဲ့ သူကိုလုံးဝ ပုံအပ်ပြီး သူခေါ်တဲ့ နေရာ ကို လိုက်သွားတာပဲ။ ဒီခရီးစဉ်က အရင်ခရီးတွေ နဲ. မတူပဲ တခါမှ မကြုံဖူး တဲ့ အတွေ.အကြုံတွေ ကြုံရတယ်။ ဥပမာ-  Sea Gipsy တွေ နေတဲ့ နေရာ၊ Tourist တွေ အရောက်အပေါက်နည်းတဲ့ နေရာ သွားရတာ ဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားဖို.ကောင်းတယ်။  









ဒါကတော့ နောက်ထပ် ရေပေါ်အိမ်တအိမ်ပေါ် ကျွန်တော်တက်သွားတာပါ။ ဒီအိမ်က အမျိုးသမီး တစ်ယောက်က မျက်နှာမှာ သနပ်ခါးလိုဟာ လိမ်းထားတာကို သတိထားမိတယ်။ ကျွန်တော်က အစက မြန်မာပြည်ကလို သနပ်ခါးလိမ်းထားတယ်လို.ထင်နေတာ။ Google မှာ ရှာကြည့်တော့ မှ အဲဒါကို Burak လို.ခေါ်ပါတယ်။ Burak ကို ဆနွင်းမုန်. ၊ ဆန်.မုန်. နဲ. တခြား အမူန်.တွေ.နဲ. ရောထားတာပါတဲ့။ သနပ်ခါးလိုပဲ ရေနဲ. သွေးပြီး လိမ်းပါတယ်။ သူ.တို.လဲ မြန်မာတွေလို အလှအပ အနေနဲ.ရော၊ နေလှောင်တာ ကာကွယ်တဲ့ အနေနဲ.ပါ လိမ်းကြတာပါတဲ့။ နောက်တစ်ခေါက် ရောက်ဖြစ်ရင်တော့ မြန်မာပြည်က သနပ်ခါးဗူးတွေ ၀ယ်ပြီးတော့ လက်ဆောင်ပေးချင်တယ်။ 






 ကြည့်ရတာ သူတို.က ညီအစ်မ နှစ်ယောက်ဖြစ်ပုံရတယ်။ ရုပ်ချင်းဆင်တယ်။ အိမ်ပေါ်မှာ ကလေးတွေအများကြီးပဲ အရွယ်စုံ။ ဘယ်သူက ဘယ်သူ. ကလေးမှန်းမသိ။








 

ဒီအိမ် ကလူတွေကို နူတ်ဆက်ပြီး နောက်ထပ် တနေရာ ထပ်သွားပါတယ်။ အဲ့မှာ နေ.လည်စာ စားမယ်လို.ပြောပါတယ်။ နေ.လည်စာအတွက် Semporna ကနေ မနက်ကတည်းက ထမင်းကြော် ပါဆယ်ထုပ်လာတာပါ။ အခုမြင်နေရတဲ့ ကျွန်းလေးမှာ ခဏနားမှာပါ။ 




ကျွန်တော်တို. လှေ ချဉ်းကပ်လာတာမြင်တော့ ကျွန်းပေါ်က ကလေးတွေ ပြေးလာပါတယ်။ ကျွန်တော်တို.လဲ ပါလာတဲ့ ချိုချဉ်တွေ ဝေပေးပါတယ်။ ပြီးတော့ နေ.လည်စာပါ တခါတည်း boat မှာပဲ ထိုင်စားလိုက်ပါတယ်။ အပြင်မှာ တော်တော်နေပူတယ်။ ထမင်းကြော်က စားမကောင်းတာနဲ. ကျွန်းပေါ်မှာ ခွေး နဲ. ကြောင် သွားတွေ.လိုက်တော့ သူတို.ကိုချကျွေးလိုက်တယ်။ ခွေးက အရမ်းလိမ်မာတယ်၊ ကြောင်စားလို.ပြီးမှ သူက အကျန်စားတာ။ ဒီကျွန်းမှာ နေတဲ့ ခွေးနဲ. ကြောင်တွေ အစားမှ ၀၀လင်လင်စား ရပါ့မလား၊ ငါးတွေတော့ စားရမယ် ထင်ပါတယ်။


တအောင့်နေတော့ အုန်းရည် လာရောင်းတဲ့ ကလေးတွေ ရောက်လာပါတယ်။ သူတို.တွေ မုန်.ဖိုးရအောင် ကျွန်တော်တို. အုန်းရည်တွေ အားပေးလိုက်ပါတယ်။





ကျွန်တော်တို. လှေပေါ်မှာ ထိုင်ပြီး နားနေတုန်း ရွာထဲက ကလေးတွေ တဖြည်းဖြည်း ထွက်လာကြတယ်။ သူတို.ပြောတဲ့ စကားဆိုလို.  ၂လုံးပဲ နားလည်တယ်။ Gula = ချိုချဉ် (candy)  ပြီးတော့ Lagi = ထပ်ပေး (more)  ဆိုတာပဲ။ ချိုချဉ် ထပ်ပေးဦး ဆိုပါတော့။












နေ.လည်စာ စားနားလို.ပြီးတော့ ကျွန်တော်တို. ဒီကျွန်းကနေ နောက်ထပ် ကျွန်းတခုကို ထပ်သွားပါတယ်။ အဲ့ဒီကျွန်းပြီးရင်တော့ ကနေ.အတွက် ခရီးစဉ် ပြီးပါပြီ။ ကျွန်းပေါ်မှာ အုန်းပင်တွေ ပေါက်နေတာ အဝေးကနေကြည့်ရင် အရမ်းလှတယ်။ 















ဒါကတော့ ကနေ.အတွက် နောက်ဆုံး သွားလည်ဖြစ်တဲ့ ကျွန်းပါ။ ကျွန်းကိုမရောက်ခင်တည်းက ရေက တိမ်တိမ်လေး ၊  ရေထဲကို အဝေးကြီးလမ်းလျှောက်သွားလို.ရတယ်။ အလွန်ဆုံး မြုပ်မှ ခါးလောက်ပဲ။  တချို.နေရာမှာ ဆို သဲသောင်တွေတောင် ပေါ်နေတယ်။ အဲဒီကို လမ်းလျှောက်ပြီး သွားခဲ့သေးတယ်။ ရေက ဒူး အထက်လောက်ပဲ နက်တယ်။










ဒီကျွန်းမှာ စစ်သားတွေ လက်နက်တွေ နဲ. စောင့်နေတာ တွေ.ရတယ်။ စစ်ဆေးတာတွေတော့ မရှိဘူး။ ဒီကွှန်းက ခုနက သွားခဲ့တဲ့ ကျွန်းတွေ ထက်ပိုလှတယ်။ သဲက ဖြူပြီး ညက်နေတယ်။ ခရုခွံ၊ ကမာခွံ၊ star fish တွေ ပျံ.ကျဲနေတယ်။ ဒီလို star fish မျိုးကို အပြင်မှာ ဒါပထမဆုံး မြင်ဖူးတာပါ။ ဒီအကောင်တွေက အသက်ရှိပါတယ်၊ ရေထဲမှာ ဖြည်းဖြည်းချင်း ရွေ.နေတယ်။ 








Little star fish










ဒီကျွန်းမှာ လူနေအိမ်တွေ သိပ်မတွေ.ရဘူး။ ထုံးစံအတိုင်း ကလေးတွေ ကစားနေတာတွေ.တယ်။ ရေပေါ်မှာ ပုံးခွံတွေနဲ. ကစားနေကြတယ်။ တချို.လဲ ရေထဲမှာ တခုခုကို လိုက်ရှာနေကြတယ်။ ကျွန်းက တော်တော်ကျယ်တယ်။ နေအရမ်းပူလို. အဝေးကြီး လမ်းမလျှောက်နိုင်ခဲ့ဘူး။  






ဒီလိုနေရာမျိုး ရောက်ဖူးတဲ့အတွက် အရမ်းကျေနပ်တယ်။ ကမ္ဘာ.နာမည်ကြီး ကမ်းခြေတွေလဲ ဒီထက်ပိုပြီး မလှနိုင်ပါဘူး။ ဈေးကကြီးဦးမယ်။ ပြီးရင် Tourist တွေပေါတော့ အေးအေးဆေးဆေး မရှိဘူး။ ဒီမှာကတော့ Tourist ဆိုလို ကျွန်တော်တို. အဖွဲ.ပဲရှိတယ်။ 










ကနေ.ခရီးစဉ်ကတော့ ဒီလောက်ပါပဲ။ အထူးအဆန်းတွေ မြင်တွေ.ခဲ့ရလို. အရမ်းကို သဘောကျခဲ့တယ်။ Speed boat နဲ. Semporna ဘက်ကို ပြန်လာခဲ့တယ်။ ဟိုတယ်ပြန်ရောက်တော့ တော်တော်ပင်ပန်းနေပြီ။  မနက်ဖြန်လဲ Speed boat နဲ. ပြန်ထွက်ဦးမှာပါ။


ကနေ. ချိုချဉ်တွေ ၀ယ်ထားတာ မလောက်လို. မနက်ဖြန် ပိုသယ်သွားရမယ်၊ ဆန်တွေ၊ စည်သွတ် ဗူးတွေ လဲ ၀ယ်ပြီး ပေးရအောင်လို. သဘောတူခဲ့တယ်။ အဲ့ဒါကြောင့် ညစာထွက်စားရင် Giant Supermarket မှာ လိုအပ်တာတွေ ၀ယ်ပြီး  အဆုံးသတ်ခဲ့တယ်။ 

ဆက်ေ၇းပါဦးမည်။ ~~~~



No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis