Saturday, February 27, 2016

1

Semporna, Malaysia #3


2013-Mar-31, Semporna မှာ ဒုတိယမြောက်နေ.ပါ။ မနေ.တုန်းကလိုပဲ Sea Gipsy တွေ နေတဲ့ ရွာတွေကို ပဲ ပြန်သွားလည်မှာပါ။ အရင်ဆုံး မနက်စာစားဖို. လက်ဖက်ရည်ဆိုင် လို ဆိုင်မျိုးကို သွားရပါတယ်။ Semporna မှာ အစားအသောက်က ရွေးစရာသိပ်မရှိဘူး။ ဒါကြောင့် ကျွန်တော်ကတော့ နေ.တိုင်း ဟိုတယ်နားက လက်ဖက်ရည်ဆိုင်မှာ ပလာတာ နဲ. လက်ဖက်ရည် ပဲ စားတယ်။ တခြားဟာတွေဆိုရင် စားလို.ကောင်းမကောင်း မသေချာလို.။ 



မနက်စာစားပြီး ဟိုတယ်အပြန် မီးခိုးတွေ အူနေတာ တွေ.ရတယ်။ မီးလောင်တာ မှတ်နေတာ ဒါပေမယ့် လူတွေက အေးအေးဆေးဆေးပဲ ၊ မီးသတ်ကားသံလဲ မကြားရဘူး ဆိုတော့ ကြည့်ရတာ မီးလောင်တာ ဟုတ်ချင်မှ ဟုတ်မယ်။ မန္တလေးမှာ ကြီးပြင်း လာတဲ့ ကျွန်တော့က အဲ့လိုမီးခိုးလုံးကြီးတွေ တွေ.ရင် လန်.တယ်။ မီးလောင်တာကိုလဲ အရမ်းကြောက်တယ်။ မန္တလေးမှာ မီးလောင်လိုက်ရင် သိတဲ့အတိုင်းပဲ ရက်ကွက်လိုက် လောင်တာလေ။ 

မနေ.တုန်းကလဲ ပဲ လှေသမား က ဟိုတယ်ကိုလာခေါ်တယ်။ လှေဆိပ်ကိုလမ်းလျှောက်သွားပြီး Speed boat လေးနဲ. ပင်လယ်ထဲကို သွားတယ်။ ဒီကနေ.ကတော့ မနေ.တုန်းက မသွားတဲ့ နေရာပေါ့။ 


အရင်ဆုံး ဒီနေရာကို အရင်ရောက်ပါတယ်။ အခုမှ ကျွန်တော် နောင်တရမိတယ်၊ နေရာ နာမည်တွေ၊ရွာနာမည်တွေ သေချာ မှတ်မထားခဲ့လို. ။ ဒီနေရာမှာ ရေက လုံးဝအပြာရောင်ပါ၊ ကျောက်အပြာရောင်လို color မျိုး၊ ပြီးတော့ ရေက အရမ်းကြည်တယ်။ အောက်ကပုံကို ကြည့်လိုက်။ ရေအောက်မှာ ရောက်နေတဲ့ လှော်တက်ကို လုံးဝ ကြည်ကြည်လင်လင်မြင်ရတယ်။







ဒီရွာမှာ ရေပေါ်မှာ အိမ်ဆောက်နေတဲ့ သူတွေကော၊ လှေကို အိပ်လုပ်ပြီး နေတဲ့သူတွေရောတွေ.ရတယ်။ လှေပေါ်မှာ မီးဖိုချောင်ရော ပါတယ်။ လှေခေါင်မိုး ပေါ်မှာ ငါးခြောက်တွေ လှမ်းထားထား။ ဒီရွာကတော့ မနေ.တုန်း က ရွာတွေထက်စာရင် လူနေ နည်းနည်းထူထပ်တယ်။ ဒါပေမယ့်လည်း ပင်လယ်ရေက ကြည်နေတုန်းပဲ၊ Polluted တွေ ဖြစ်နေတာ မတွေ.ရဘူး။
















ကလေးတွေ ပလက်စတိတ် ပုံးခွံတွေနဲ. ရေကူးနေကြတယ်။ ကလေးတွေ အင်မတန်ပေါတယ်။ လာလည်တဲ့သူတွေရှိလို. ပျော်နေကြတယ်ထင်ပါတယ်။ ရေထဲခုန်ချလိုက်၊ အိမ်ပေါ်ပြန်တက်လိုက်လုပ်ပြီး ကစားနေတြယ်။ သူတို.တွေကို ကြည့်ပြီး ရာသီဥတုကလည်း အရမ်းပူတာနဲ. ရေကူးချင်စိတ်တောင် ပေါက်လာတယ်။  ကလေးတွေ တော်တော်များများက နေလောင်ဒဏ်ကြောင့် အသားရောင်တွေက တရောင်တည်းပဲ။















လှေသမားက ရေကူးလို.ကောင်းတဲ့ နေရာကို လိုက်ပို.ပေးပါတယ်။ အဲ့မှာ ဒိုက်ထိုးလို.ရတဲ့ တံတားလို လုပ်ထားတဲ့ နေရာလဲ ရှိပါတယ်။ ရွာကလေးတွေနဲ. အတူ ရေကစားခဲ့ပါတယ်။ အသားတွေလဲ နေလောင်လို. ရဲစပ်စပ် ဖြစ်သွားပြီ။


ရေကူးပြီးတော့ တောက်လျှောက်ပဲ ပင်လယ်ထဲကို ဆက်သွားပါတယ်။ လမ်းတလျှောက် တွေ.ရတာတွေက အထူးအဆန်းတွေ ချည်းပဲ။ အဲ့ဒါကြောင့် ရာသီဥတု အရမ်းပူပေမယ့် ပင်ပန်းတယ်လို. မခံစားရဘူး။ အရမ်းကို စိတ်ဝင်စား စရာ ကောင်းတဲ့ ခရီးစဉ်တခုပေါ့။ 













လှေသမားက ဒီအိမ်မှာ ခဏ၀င်နား ပါတယ်။ အဲ့တော့ ကျွန်တော်တို.လဲ အိမ်ပေါ်တက်ကြည့်တာပေါ့။ အိမ်ရှင်က  သူတို.ချက်ထားတဲ့ ဟင်းတွေ ကျွေးပါတယ်။ ငါးတွေကို ရေလုံပြုတ်ထားတာပါ။  နည်းနည်း မြည်း ကြည့်လိုက်တယ်။ သူတို.ချက်စားနေတဲ့ ငါးတွေက ကျွန်တော်တို. မြို.ပေါ်ကလူတွေ စားတဲ့ ငါးတွေမဟုတ်ဘူး။ အင်မတန် လှတဲ့ ငါးပြတိုက်တွေမှာ အလှပြထားတဲ့ ငါးတွေပါ။




ဒီးငါးတွေက ချက်စားဖို.ထင်တယ်။ ငါးတွေ မလှဘူးလား? 




ငါးတွေ ဆားစိမ်ထားတာပါ။ အဲဒီလူက သူစားနေတဲ့ အကြော်လို မုန်.ကို ကျွေးပါတယ်။ မြန်မာပြည်က တိုဟူးခြောက်ကြော် လိုပါ။





ကျွန်တော်တို.က သူတို.စကား မတက်လို. စကားပြောရတာ အဆင်မပြေဘူး။ Body language နဲ.ပဲ ပြောခဲ့တယ်။ လှေသမားနဲ.တော့ သူတို.  ရယ်ရယ်မောမော စကားတွေ ပြောနေကြတယ်။










Semporna ပို.စ်နောက်ထပ် ၃ခုလောက် ကျန်သေးတယ်။ ဖြည်းဖြည်းချင်း ဆက်ေ၇းပါမယ်။


1 comment:

  1. အမှိုက်ပစ်တဲ့စနစ်ကိုဘယ်လိုထိမ်းလဲမသိနော်.. စိတ်ဝင်စားစရာ.. :)

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis