2013-Aug-11, China Town ဘက်ကိုရောက်တုန်း Buddha Tooth Relic Temple and Museum ကို ပထမဆုံးအကြိမ် ရောက်ဖြစ်ပါတယ်။ အရင် China Town လာရင် Shopping လုပ် ၊ ဒါမှမဟုတ် တရုတ်စာတွေ စားပြီး ပြန်သွားလေ့ရှိတယ်။ ဒီ Museum ကို မရောက်ဖြစ်ဘူး။ ဒီတခါမှပဲ ဒီကို သွားပြီး ဓါတ်ပုံရိုက်ဖို. တကူးတက ထွက်လာခဲ့တာပါ။
Buddha Tooth Relic Temple and Museum က China Town station ကနေ ၅ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်ပါတယ်။ ဈေးဆိုင်တန်းတွေ ကြားထဲကနေ လျှောက်သွားရုံပါပဲ။ လမ်းကြားထဲမှာ ရှိတာကြောင့် မသွားတက်ရင် ရွာလည်တက်ပါတယ်။ ကျွန်တော်ကတော့ Google map နဲ. ရှာပြီးသွားခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဒီနေရာက Tourist တွေနဲ. အရမ်းစည်ပါတယ်။ ည ၇နာရီပိတ်တယ် ထင်တယ်။
Museum အပြင်ဘက်မှာ စင်ကာပူက အဖိုးကြီးတွေရဲ. Majong ကစားဝိုင်းတွေ တွေ.ရပါလိမ့်မယ်။
အထဲမှာ တော်တော်လေးကို ခမ်းခမ်းနားနား ရှိပါတယ်။ ဘုရားဆင်းတုတွေတော် အများကြီးပဲ နံရံတွေမှာလဲ ဆင်းတုတော် အသေးလေးတွေ အများကြီး ကပ်ထားတယ်။ ဘုရားဖူးတဲ့သူတွေ၊ ဘုန်းကြီးတွေ နဲ. အထဲမှာ စည်ကားနေပါတယ်။
အထဲမှာ ဓါတ်ပုံရိုက်ပြီး အားရတော့ အပြင်ပြန်ထွက်လာတယ်။ ဒီတစ်ခေါက် ကျွန်တော်လာတာ အောက်ထပ်တစ်ထပ်ပဲ ရောက်ခဲ့တယ်။ အပေါ်ထပ်တွေက စောစောပိတ်လို. မတက်ခဲ့ရဘူး။ နောက်တစ်ခေါက်မှပဲ သွားကြည့်တော့မယ်။ အပြင်ရောက်တော့ သူများတွေ Museum တခုလုံးပေါ်အောင် အပေါ်စီးကနေ ရိုက်ထားတွေ ပုံတွေ မြင်ဖူးထားတော့ ဘယ်နေရာ ကနေရိုက်သလဲ သိအောင်၊ အနီးနားက အထပ်မြင့်တိုက်တွေ လိုက်ရှာတယ်။ Museum ရဲ. မျက်စောင်းထိုးနားလောက်မှာ HDB အထပ်မြင့် တိုက်ခန်းတခုရှိပါတယ်။ ၈ ထပ်(သို.) ၉ထပ်လောက်ထိ ဓါတ်လှေကားနဲ. တက်သွားရင်၊ ဒီလို Museum ကိုအပေါ်စီးကနေမြင်ရပါတယ်။
မှောင်စပျိုးလာတာနဲ. မထူးတော့ပါဘူး ဆိုပြီး၊ မီးထွန်းတဲ့ အချိန်ထိ ထိုင်စောင့်ပြီး ရိုက်ခဲ့ပါတယ်။
HDB တိုက်ပေါ်ကနေ ဆင်းလာရင်၊ အောက်မှာ Food court ရှိပါတယ်။ ဓါတ်ပုံရိုက်ပြီးရင် စားဖို. အဆင်သင့်ပဲလေ။ Museum ပိတ်သွားတော့ ခနကနဲ. ယှဉ်ရင် လူတွေ ရှင်းသွားပါတယ်။ Buddha Tooth Relic Temple and Museum က စင်ကာပူနိုင်ငံရဲ. Attraction တခုဖြစ်လို. China Town ဘက်ရောက်ရင် သွားလည် ကြည့်ကြပါဦး။
No comments:
Post a Comment