2013-Mar-31, ကျွန်တော်တို. Speed boat လေးနဲ. တရွာပြီး တရွာ သွားနေတာ ဒုတိယနေ.မြောက်နေ. နေ.ခင်းပိုင်းအချိန်ကိုရောက်နေပါပြီ။ နောက်ထပ်ရွာတခုကို ထပ်သွားဦးမှာပါ။ ပင်လယ်ပြင် အကျယ်ကြီးမှာ ကျွန်တော်တို. လှေ သေးသေးပဲ ရှိပါတယ်။ ရေတွေက အင်မတန်ကြည်ပြီး ရေအောက်က အရာတွေအားလုံးကို မြင်ရပါတယ်။ တခါတလေ ဆို ငါးလိပ်ကျောက်တွေ၊ လိပ်တွေ၊ ထူးထူးဆန်းဆန်းငါးတွေ ကိုမြင်ရပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး ပျင်းရတယ် ကို မရှိဘူး။
လှေဆရာက ရေကူးလို.ကောင်းတဲ့နေရာမှာ ခဏ နားပါတယ်။ အားနေတာနဲ. ရေဆင်းကူးပါတယ်။ တချို.နေလောင် မှာ ကြောက်တဲ့သူတွေက လည်း လှေပေါ်မှ ထိုင်နေကြတယ်။ ရေက ကြည်နေပြီး အောက်ကိုမြင်နေရတော့ မနက်ဘူး ထင်တာ။ တချို.နေရာတွေကတော့ လူတရပ် စာလောက် နက်ပါတယ်။ တချို.နေရာတွေလဲ ပုခုံးလောက်ပဲ ရှိပါတယ်။
Oyster တွေ လိုက်ကောက်နေတယ်လို. လှေသမားက ပြောပါတယ်။
ရေကူးပြီးတော့ နောက်ရွာတခုကို ဆက်သွားပါတယ်။ အဲ့ရွာရဲ. ကမ်းက ရေအရမ်းတိမ်တော့ လှေအသေးတောင် ကမ်းကပ်လို.မရလို. အဝေးကြီးမှာ ရပ်ထားရတယ်။ အဲ့ဒီတော့ ကျွန်တော်တို. အဝေးကြီး ရေထဲကနေ လမ်းလျှောက်သွားရတယ်။ လမ်းလျှောက်နေတုန်း ကျွန်တော့်ရဲ. ဖုန်း (Samsung Note 2) ရေထဲ ပြုတ်ကျသွားတယ်။ အဲ့တုန်းကဆို ၀ယ်ထားတာ ၁လလောက်ပဲ ရှိသေးတယ်။ ချက်ချင်းပြန်ကောက်ပြီး ဖွင့်ကြည့်တာ ဖွင့်မရတော့ဘူး။ ဖုန်းတခါမှ ရေထဲကျတာ မကြုံဖူးတော့ ဖုန်းကောင်းသေးလား သိချင်လို. Power ကိုပိတ်လိုက် ၊ ဖွင့်လိုက် လုပ်ကြည့်တယ်။ ဖုန်းက ဘာမှကို အလုပ်မလုပ်တော့ပါဘူး။ အမှန်က ဖုန်းရေထဲကျရင် Power ကိုမဖွင့်ပဲ တစီဖြုတ်ပြီး အခြောက်ခံ သင့်တယ်၊ ပြီးရင် ဆန်နဲ. အုပ်ထားရတယ် လို. သိရပါတယ်။
ဒီရွာမှာ Starfish တွေ တော်တော်ပေါတယ်။ အရွယ်စုံ ၊ ဆိုဒ်စုံ ပဲ။ တချို. အကောင်တွေဆို မိတ်လိုက်နေတယ် (တစ်ကောင်နဲ. တစ်ကောင်ထပ်လို.) ။း) အဲဒီမှာ Starfish တွေနဲ. အလုပ်ရူပ်နေလို. ၊ ကုန်းလိုက် ထလိုက် လုပ်နေတုန်း ၊ ဖုန်းက ဘောင်းဘီ အိတ်ကပ် ထဲကနေ ထွက်ကျသွားတာ။ မှတ်မှတ်ရရ ဒီပုံရိုက်ပြီးတော့ ဖုန်းရေထဲကျသွားတာပဲ။ နောက်ပုံတွေထဲမှာ ဒီလို မရယ်နိုင်တော့ဘူး။း(
ဖုန်းပျက်သွားလို. ရွာထဲတောင်သွားမလည်ချင်တော့ဘူး။ ဒါပေမယ့်လဲ နောက်တစ်ခါ လာဖို.ဆိုတာ မသေချာတော့ စိတ်မကောင်းပေမယ့် သွားခဲ့ပါတယ်။ ကိုယ်တွေက ရွာကိုဦးတည်ပြီးသွား၊ ရွာထဲကလူတွေက ကိုယ်တွေဆီ ပြေးလာကြပါတယ်။
ရွာထဲမှာ ကလေးတွေ အများကြီးပဲ။ ဒီလောက်ပူနေတာ ကို မီးနဲ.ဆော့နေတယ်။ ပြီးတော့ ဒီအန်တီကြီးက လှေကို ဘာလို.မီးနဲ.ရို.နေတာလဲ လို. ထင်နေတာ။ လှေသမား ပြောပြမှ သစ်သားမှာ ရှိတဲ့ ပိုး(ခြ) တွေသေအောင် မီးနဲ.ရို.နေတာပါတဲ့။ အဲဒီ အန်တီကြီးက သူမီးရို.နေတဲ့ လှေကလေး ဘေးက လှေပေါ်မှာ နေပါတယ်။ လှေထဲမှာ သူ.သားတစ်ယောက်ကိုတွေ.ခဲ့ပါတယ်။ သူ.သားက အရွယ်ရောက်နေပါပြီ၊ မျက်စိမမြင်ပါဘူး။ သူ.မှာ သမီး၂ယောက်ရှိပါသေးတယ်။ သူတို.မိသားစု ကိုမြင်ရတော့ ခုန ဖုန်းပျက်လို. စိတ်မကောင်းဖြစ်တာတောင် ဘယ်ရောက်သွားမှန်းမသိဘူး။ သူ.တို.ရဲ. ဘ၀ကိုတွေးမိပြီး သနားမိတာအမှန်ပဲ။ ကိုယ်တွေ ရူန်းကန်ရတယ် ဆိုတာ၊ သူတို.နဲ. ယှဉ်ရင် မပြောပလောက်ဘူး။ ပြီးတော့ လှေသမားပြောပြတာ က၊ သူတို.က ငါးဖမ်းတဲ့ လုပ်ငန်းတွေ လုပ်ကြတယ်။ ငါးဒိုင်တွေက အင်မတန် ဈေးနှိမ်ပြီးတော့ ငါးတွေ ၀ယ်တယ်လို. သိရတယ်။ ကျွန်တော်တို. အဖွဲ.ကလူတွေ ငွေ အနည်းငယ်စုပြီး၊ လှေသမားကနေ တဆင့် ဒီမိသားစု အလှူငွေ ပေးခဲ့ပါတယ်။
နေအရမ်းပူလို. ရွာထဲ ၀င်ပြီးမလည်တော့ဘူး။ ဘယ်သွားသွား ကလေးတွေက တရုန်းရုန်း နဲ. ချိုချဉ်လိုက်တောင်း၊ မုန်.ဖိုး လိုက်တောင်းလုပ်နေတော့ လှေဘက်ကို လှည့်ပြန်ခဲ့တယ်။ ဒီတော့ သူတို.လည်း လှေဘက်ကို လိုက်လာကြတယ်။ :)
သူကတော့ ခုန အန်တီကြီးရဲ. သမီးပါ။ ကျွန်တော်တို.ကို လှေအထိ လိုက်ပို.ပေးတာပါ။
ဒီရွာက ပြန် ပြီးတော့ ဟိုတယ်ကို ပြန်ပါတယ်။ ဟိုတယ်ရောက်ရောက်ချင်း ဟိုတယ်နားက ကုန်စုံဆိုင်မှာ ဆန်ဝယ်ပြီး ဖုန်းကို ထည့်ထားလိုက်တယ်။ နောက်နေ. ပြန်များကောင်းမလားလို.ပေါ့။ ပထမ တစ်ရက်က တခြား တစ်ယောက် ကင်မရာ ရေထဲကျ၊ ဒုတိယနေ. မှာတော့ ကျွန်တော့ဖုန်းရေထဲကျ။ မနက်ဖြန် တရက်ကျန်သေးတယ်။ ဘာတွေ ထပ်ဖြစ်ဦးမလဲ မသိဘူး။
ဆက်ရေးပါဦးမယ်။ ~~~~
No comments:
Post a Comment