Sunday, March 13, 2016

0

Walking along Kallang River


2013-May-17, စင်ကာပူက Kallang River ဘက်ကို အရင်က တခါမှ မရောက်ဖူးဘူး။ ဓါတ်ပုံတွေ ထဲမှာပဲ မြင်ဖူးတယ်။ MRT Circle Line ဖွင့်လိုက်မှ Kallang River ဘက်ကို အလွယ်တကူသွားလို.ရတယ်။ အရင်ကဆို Bus နဲ. သွားရမယ်ထင်တယ်။ Kallang River ကိုသွားဖို. အနီးဆုံး MRT station ကတော့ Nicole Highway MRT station ပါ။




Nicole Highway MRT station ကနေထွက်လာရင် ဟောဒီ အမြင်ဆန်းတဲ့ အထပ်မြင့်တိုက်ကို မြင်ရပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲ့ဒီတိုက်ကို ဒေါင့်မကျိုးတဲ့ တိုက်လို. နာမည်ပေးထားတယ်။  ဒီတိုက်ကြီးက ဆောက်ထားတာ ကြာပုံပေါက်တယ်။ စင်ကာပူက ကျွန်တော်သဘောကျတဲ့ အဆောက်အဦးတခုပါ။

Kallang River ဘက်ကိုရောက်ရင် ဟောဒီ ကွန်ဒို အဆောက်အဦး နဲ. တံတားကို တွေ.ရပါလိမ့်မယ်။ ဓါတ်ပုံဆရာတွေ တော်တော်များများ ဒီနေရာ ကိုလာပြီး ဓါတ်ပုံရိုက်ကြတယ်။ ဒီနေရာက ဓါတ်ပုံရိုက်လို. တင်ကောင်းတာ မဟုတ်ပါဘူး။ အားကစား လုပ်လို.လဲ ကောင်းပါတယ်။ လူရှင်းတယ်၊ စိမ်းစိမ်းစိုစို သစ်ပင်တွေရှိတယ်။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ လည်း တွေ.ခဲ့တယ်။


River တစ်ေလျှာက် ဆက်လျှောက်သွားရင် Singapore Flyer နဲ. Garden By Bay က Flower Dome တွေကို လှမ်းမြင်ရလိမ့်မယ်။ အဲ့တော့မှ တစ်နေရာနဲ. တစ်နေရာ သိပ်မဝေးဘူး ဆိုတာ သိလိုက်တယ်။ ပြီးတော့ အဲ့ဒီအထင်ကရ နေရာ တွေကို  ပုံမှန်မြင်နေကျ ရူ.ထောင့်က မဟုတ်ပဲ။ အခုလို ရူ.ထောင့် အသစ်ကနေ မြင်နိုင်တယ်။



Garden By the Bay ကို Kallang River ဘက်ကနေလှမ်းရိုက်ထားပါ။ တိမ်ကင်းစင်တဲ့ နေ.မို. အခုလို Blue Hour ပုံကောင်းကောင်း ရလိုက်တယ်။ ဒီနေရာက ဓါတ်ပုံရိုက်လို. အရမ်းကောင်းတဲ့နေရာပါ။ စင်ကာပူရဲ. Landmark တွေ ပတ်ပတ်လည်ဝိုင်းရံထားပါတယ်။ တဖက်မှာ Garden by the bay၊ အရှေ.မှာ Marina Bay Sand နဲ. CBD area၊ အနောက်ဘက်မှာ Singapore Flyer။ မမောသေးရင် Esplanade ထိတောင် လမ်းလျှောက်သွားလို.ရသေးတယ်။


Marian Bay Sand နဲ.Benjamin Sheares Bridge ကို ဒီလိုလှမ်းမြင်ရပါတယ်။  ရှေ.ဆက်သွားလို.ရပါသေးတယ်။ ဒါပေမယ့် Nicole Highway Mrt station ဘက်ကိုပဲ ပြန်လှည့်ခဲ့တယ်။ ညမှောင်သွားတော့ လမ်းမှာ လူပြတ်တယ်။


ခုနလာတုန်းက မီးမထွန်းထားတော့ ဒီတံတားက မလှသေးဘူး။ အခုပြန်တော့မှ မီးထွန်းထားတာတွေ.တော့ ဓါတ်ပုံ ပြန်ရိုက်ရပြန်တယ်။ ဒီတံတားကလည်း Benjamin Sheares Bridge ပါပဲ။ ခုန Marina Bay Sand နားထိကို ရောက်ပါတယ်။ စင်ကာပူမှာ အရှည်ဆုံး တံတားဖြစ်ပြီး 1.8 km ရှည်ပါတယ်။







Kallang River ဘေးက Condo တွေလည်းမီးထွန်းထားတော့ အရောင်စုံပြီး ပိုလှတယ်။ အောက်က ထောင့်မကျိုး တဲ့ တိုက်ကြီးလဲ မီးတွေ ထွန်းထားပြီ။


 ဓါတ်ပုံရိုက်လို.  အားရတော့ Nicole Highway MRT ကနေပဲ ရထားစီးပြီး အိမ်ပြန်ခဲ့ပါတယ်။ စင်ကာပူက Landscape ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့ သူတွေ သဘောကျစေမည့် နေရာတခုပါပဲ။ 



No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis