Bay front MRT ကနေ Garden by the bay ကို သွားတယ်။ ရောက်တာနဲ. နေထွက်တာနဲ. ကွတ်တိပါပဲ။ နေထွက်တော့ Super Tree တွေက အရိပ်ကျနေတော့ ရိုက်လာတဲ့ ပုံတွေကို သိပ်သဘောမကျဘူး။
နေထွက်ပြီးသွားတော့လဲ ဘာမှ ထူးထူးခြားခြား ရိုက်စရာ မရှိတော့၊ ရောက်လက်စ မထူးဘူး ဆိုပြီး Garden ထဲကို လမ်းပတ်လျှောက်ခဲ့တယ်။ မနက်စောစော ဆိုတော့ ပန်းခြံထဲမှာ လူရှင်းတယ်လေ၊ ဒါကြောင့် အေးအေး ဆေးဆေး လမ်းလျှောက်လို.ကောင်းတယ်။
တကူးတက လာပြီးတော့ ဓါတ်ပုံကောင်းကောင်းတွေ မရလို. နောက်တစ်ခေါက် ထပ်လာဦးမယ်ဆိုပြီး တော့ ပြန်လာခဲ့တယ်။ ဒီအောက်က ပန်းပွင့်ပုံက Canon Singapore facebook page မှာ ရှယ်ခံရဖူးတယ်။
2014-Jan-11, ပြီးခဲ့တဲ့ တစ်ခေါက်က Sunrise ပုံတွေရိုက်ရတာ အားမရလို. နောက်တခါ ထပ်လာခဲ့တယ်။ ဒီတခါ တော့ မတူတဲ့ ပုံရအောင် နေထွက်တာကို တခြားနေရာကနေ စောင့်ပြီးရိုက်တယ်။ ဒီအောက်က ပုံကလည်း Garden by the bay facebook page က ဆက်သွယ်ပြီး အသုံးပြု ဖို. တောင်းခံရပါတယ်။
Garden by the bay က Sunrise ဓါတ်ပုံတင် မကဘူး၊ ရိုက်ချင်ရင် လမ်းဘေးမှာ ပွင့်တွေ ပန်းတွေကို ဓါတ်ပုံရိုက်လို.ရပါသေးတယ်။ Macro ရိုက်ချင်တဲ့သူတွေရင် Insect ဓါတ်ပုံတွေရိုက်လို.ရတယ်။ မနက်ပိုင်းက လူရှင်းတော့ ဓါတ်ပုံရိုက်ရတာ အရမ်းအဆင်ပြေတယ်။ ပြီးတော့ မနက်ပိုင်း နေရောင်ခြည် ဖြာနေတာကို နောက်ခံထားပြီး ပန်းပွင့်လေးတွေ ကို ဓါတ်ပုံရိုက်ရတာ အရမ်းကို ကဗျာဆန်တယ်လို. ထင်တယ်။
👍🏻👍🏻👍🏻👍🏻
ReplyDelete