2013-Aug-08, စင်ကာပူက တိုက်လှလှလေးတွေ ဓါတ်ပုံရိုက်ဖို. Keppel Bay ဘက်ကို သွားခဲ့တယ်။ Sentosa တို. Vivo City တို. ခဏခဏ ရောက်ပေမယ့် ဒီဘက်ကို တခါမှ မရောက်ဖြစ်ဘူး။ ဒီကနေ.မှပဲ ဒီဘက်ကို သီးသန်.လာလည်ခဲ့တယ်။
Harbourfront MRT Station ကနေ လမ်းလျှောက်သွားခဲ့ပါတယ်။ MRT နဲ. သိပ်မနီးတော့ တော်တော်လေး လမ်းလျှောက်လိုက်ရတယ်။ ဘက်စ်ကားနဲ. သွားမယ်ဆိုရင်တော့ သိပ်မဝေးလောက်ဘူး။
ဒီဘက်မှာ တိုက်တွေက အသစ်တွေ များတယ်။ တော်တော်ဈေးကြီးမည့် ပုံပဲ၊ သူငှေးတွေ နေတဲ့ နေရာဆိုပါတော့။ ဒါကြောင့် ပုံမှန် HDB တွေလို အနီးအနားမှာ Food court တွေ၊ ဈေးဆိုင်တွေ မတွေ.ရဘူး။ သူ.ဖာသာ သီးခြားတနေရာ ဖြစ်နေတယ်။ သန်.သန်.ရှင်းရှင်း ၊ အဆင့်မြင့်မြင့် ဆိုပေမယ့်၊ ကျွန်တော်ကတော့ ဒါမျိုးနေရာမှာ ရေရှည်တော့ မနေနိုင်ပါဘူး။ ပုံမှန် လူတန်းစားတွေနေတဲ့ နေရာမှာပဲ စည်စည်ကားကား နဲ.နေချင်တယ်။
ဒီအရှေ.က ဖန်အိမ်အချွန်လေးက Gym ပါ။ Facility တွေ အများကြီးပေးထားတာ တွေ.တော့ တိုက်ခန်းတွေ ဈေးကတော့ တော်တော်ကြီးမယ်။ ညမှောင်တော့ မီးတွေ ထွန်းထားတာ အရမ်းလှပါတယ်။
ဒီအထပ်မြင့် တိုက်ကြီးကို အရင်က အဝေးကနေပဲ လှမ်းမြင်ဖူးတယ်။ အခုမှပဲ အနီးကပ်မြင်ရတော့တယ်။ စင်ကာပူက ကျွန်တော်သဘောကျတဲ့ အထပ်မြင့် တိုက်တခုပေါ့။
ဒီတံတားကတော့ Keppel Bay Vista လို.ခေါ်ပါတယ်။ တံတားအနောက်မှာ Resort World Sentosa ကို လှမ်းမြင်ရပါတယ်။
ဒီပို.စ်ကတော့ ဒီလောက်ပါပဲ။ အဓိကကတော့ ရိုက်ထားတဲ့ ပုံလေးတွေ သဘောကျလို. ရှယ်ချင်တာပါ။ :)
No comments:
Post a Comment