Tuesday, April 26, 2016

0

Visit to Mackhayar Taik & Eating Mandalay Foods

 
2013-Jun-22, မန္တလေးမြို. ၆၂လမ်း နဲ. လမ်း ၃၀ ထောင့်မှာ တည်ရှိတဲ့ မက္ခရာ တိုက် ကို ပထမဆုံးအကြိမ်ရောက်ခဲ့တယ်။ သူများပြောတာကတော့ အရိုးပြိုင်းပြိုင်းထနေတဲ့ ဘုရား ရုပ်ထုထဲမှာ ဒီဘုရားက ကမ္ဘာမှာ အကြီးဆုံးလို.သိရပါတယ်။ တကယ်ကြီးလို.လဲ အဝေးကနေ ကိုလှမ်းမြင်ရပါတယ်။ ဒါကြောင့်လဲ ၀င်ဖူးဖြစ်တာပါ။ ကျွန်တော် အခုတစ်ခါ ရောက်တုန်းက ကျောင်းဝန်းထဲမှာ တခြား ဆင်းတုတော်တွေကို ဆောက်တုန်းရှိသေးတယ်။ ၂၀၁၅ တုန်းကလဲ တခါရောက်ဖြစ်တယ်၊ အဲ့ဒီခါကြတော့မှ ကျောင်းဝန်းထဲမှာ ဘုရားရုပ်ထုတွေ အပြည့်နဲ. တွေ.ရတယ်။






ဒါကတော့ အလှူ ရှင် လင်မယားပုံကို ရုပ်ထုလုပ်ထားတာပါ။ ဘုရားရုပ်ထုနဲ. မျက်နှာချင်းဆိုင်မှာ ဟောဒီ သိကြားမင်း ရုပ်ထုကြီးလဲ ရှိပါတယ်။


ဒါကတော့ ဘု၇ားရဲ. နောက်ကျော ပုံပါ။ 




ဘုရားဖူးပြီး အပြန်မနက်စာ ကို ၃၅လမ်း နဲ. ၆၅ လမ်းက ရွေပြည်မိုး မှာ မနက်စာစားပါတယ်။ ရွေပြည်မိုး လက်ဖက်ရည်ဆိုင်ကတော့ မန္တလေးမှာ တော်တော်နာမည်ကြီးတဲ့ လက်ဖတ်ရည်ဆိုင် တခုပါ။ အစားအသောက် အစုံရပါတယ်။ မနက်စာ အနေနဲ. အာလူးပူရီ နဲ. နန်းကြီးသုတ်စားခဲ့တယ်။


နေ.လည်စာကို မြန်မာထမင်း စားချင်တာနဲ. တခါမှ မစားဘူးသေး တဲ့ မြန်မာထမင်းဆိုင် အသစ်ကိုသွားစားတယ်။ ဆိုင်နာမည်က မိသားစု မြန်မာထမင်းဆိုင်ထင်တယ်။  နေရာက အတိအကျတော့ မမှတ်မိတော့ဘူး။ မန္တလေး တက္ကသိုလ်လမ်း နဲ. ၇၈ x ၇၉ လမ်းကြား လောက်မှာရှိတာပါ။ ဆိုင်က နာမည်ကြီးပုံရပါတယ် စားပွဲဝိုင်း တွေ လူအပြည့်ပဲ။ လက်ရာကလည်း မဆိုးပါဘူး။ အရံဟင်းတွေ လည်း စားလို.ကောင်းပါတယ်။





ညနေပိုင်းမှာ ဈေးချို ညဈေးမသွားခင် စောသေးတာနဲ. လမ်း၃၀၊ ၈၁x၈၃ လမ်းကြားက  ဖူကျင့် တရုတ်ဘုံကျောင်း ကို သွားခဲ့သေးတယ်။ ဘုံကျောင်းက လမ်းကြားထဲမှာ အကျယ်ကြီးပဲ၊ အထဲမှာ တရုတ်စာသင်ကျောင်းလည်း ရှိတယ်၊ မင်္ဂလာဆောင် ခန်းမတွေလဲရှိပါတယ်။ ငယ်ငယ်တုန်းက ဒီဘုံကျောင်းမှာ လုပ်တဲ့ တရုတ်မင်္ဂလာဆောင်တွေ စားခဲ့ဖူးတယ်။








ဘုံကျောင်းကနေအပြန် မန္တလေးရောက်တိုင်း စားဖြစ်တဲ့ ၂၉ လမ်း၊ ၈၃x ၈၄ လမ်းကြား က ဒေါ်စင်းယုံ ဆီကျက်ခေါက်ဆွဲ ၀င်စားတယ်။ အဲ့တုန်းက တပွဲ ၁ထောင်ကျပ်ပါ။ ကျွန်တော်ကတော့ ရောက်တိုင်း ဆီကျက်ခေါက်ဆွဲပဲ စားတယ်။ သူ.ဆီကျက်ခေါက်ဆွဲထက် ကောင်းတဲ့ဆိုင် အခုထိ မတွေ.သေးဘူး။ ဒီဆိုင်မှာ ဆီကျက်အပြင် တခြား နာမည်ကြီးတဲ့ ဟာတွေကတော့ ကြေးအိုးနဲ. ဖတ်ထုတ်ပါ။ ဒီတခါတော့ ကြေးအိုးပါ မြည်းကြည့်လိုက်သေးတယ်။ကြေးအိုးလဲ ကောင်းတယ်။  ဖတ်ထုတ်က ၂၀၁၄ခုနှစ် ရောက်တုန်းက စားခဲ့တယ်၊ ဖတ်ထုတ်လဲ ကောင်းတယ်။ စင်ကာပူလူမျိုး သူငယ်ချင်းတွေ မန္တလေးလာလည်တုန်းက လည်း ညစာ စားဖို. ဒီကိုခေါ်လာခဲ့တယ်။ သူတို.တွေ ဆီကျက်နဲ ဖတ်ထုတ် ကိုအရမ်းသဘောကျတယ်။






ဆီကျက်ခေါက်ဆွဲစားပြီး ၈၄ လမ်းပေါ်က ဈေးချို ညဈေးကို ရောက်သွားတယ်။ ဈေးချိုညဈေးက အရင်တုန်းက လို သိပ်မစည်တော့ဘူး။ ဆိုင်တွေ က ရတနာပုံ ညဈေးကို ပြောင်းသွားကြတယ် ထင်တယ်။ ဒါပေမယ့် ၀က်သား တုတ်ထိုး ဆိုင်တွေကတော့ ရှိပါသေးတယ်။ မြင်တော့လည်း မနေနိုင်လို. တုတ်ထိုး နည်းနည်း ထိုင်စားလိုက်သေးတယ်။

ဒီပို.စ်ကတော့ မန္တလေးမှာ တရက်စာ စားဖြစ်တဲ့ မနက်စာ၊ နေ.လည်စာ၊ ညစာ ကို စုစည်းပြီး တင်လိုက်တာပါ။  အမြဲတမ်းတော့ ဒီလို ဘယ်စားနိုင်မလဲ။ ကိုယ်တိုင်က နိုင်ငံရပ်ခြားမှာ နေတော့ မန္တလေး ရောက်တုန်း ရက်အနည်းငယ်မှာသာ ဒီလိုစားနိုင်တာပါ။ စာဖတ်သူတွေ ဓါတ်ပုံတွေကို သဘောကျမယ်ထင်ပါတယ်။



No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis