Friday, May 20, 2016

0

Mahar Thatkyarthiha Pagoda, Mandalay (မဟာသကျသီဟ ဘုရား)


2013-Jun-27, မန္တလေး မြို.က နာမည်ကြီး ဘုရားတစ်ဆူ ဖြစ်တဲ့ (မဟာသကျသီဟ ဘုရား) Mahar Thatkyarthiha Pagoda ကို သွားဖြစ်တယ်။  ဒီဘုရားက  ၃၀ x ၃၁ နဲ. ၈၅ x ၈၆ လမ်းကြား ၊ မလွန်ဘက်မှာ ရှိတာပါ။ မန္တလေး မလွန်မုန်.တီ ဆိုတာတော့ ကြားဖူးမယ် ထင်ပါတယ်။ ဒီဘုရား က အပြန် မလွန်မုန်.တီပါ တခါတည်း ၀င်စားခဲ့သေးတယ်။





ဒီဘုရားကို ငယ်ငယ်တုန်းက ပဲ ရောက်ဖူးတယ်။ မရောက်ဖြစ်တာ ၁၅နှစ်ကျော်လောက်ရှိပြီ။ မှတ်မိသေးတာ တစ်ခုကတော့ ဒီဘုရားမှာ အကြွေစိထည့်ပြီး သိကြားမင်း တို. နဂါး ရုပ်တို. လှုပ်လာအောင် လုပ်လို.ရတဲ့ Vending machine တခုရှိတယ်။ လုံးဝကို ရှေးဟောင်းစက်ကလေးပါ။ ငယ်ငယ်တုန်းက အ၇မ်းသဘောကျခဲ့တယ်။ အခုဒီတစ်ခေါက်သွားတာ မတွေ.ခဲ့ဘူး။ မမြင်ခဲ့တာပဲလား၊ မရှိတော့တာလား မသိဘူး။ နောက်တစ်ခေါက် သွားရင် ဂေါပကတွေ ကို မေးကြည့်ဦးမယ်။





ဒါကတော့ သူများပြလို. တွေ.တာပါ။ သစ်ပင် ပင်စည်ထဲမှာ ညှပ်နေတဲ့ ဘုရားဆင်းထုတော်လေးပါ။ တမင် တကာ ထိုးထည့် ထားတာလား ထင်ရတယ်။ ဘယ်လိုကနေ ဘယ်လို ဒီရောက်နေတယ်ဆိုတာကို မမေးခဲ့ရဘူး။ သိတဲ့သူရှိရင် လဲ ကွန်.မန်.မှာ ရေးခဲ့ပါဦး။




ဘုရားကျောင်းဝန်းထဲ လှျောက်ကြည့်ပြီးတော့ ဘုရားပေါ်တက်တယ်။ ဘုရားရှေ.မှာ ကြောင်၂ကောင်တွေ.ခဲ့တယ်။ တခြားဘုရားတွေမှာလို ခြေင်္သေ့ရုပ်ထုတွေ မဟုတ်ဘူး၊ ဒီမှာ က တကယ့် သက်ရှိကြောင်၂ကောင် ချစ်စရာလေးတွေ။ လူလဲခင်တယ်။ ဘုရားဝန်းထဲမှာ ကြောင်တွေ အများကြီးပဲ။ မြန်မာပြည်မှာတော့ ဘုန်းကြီးကျောင်းတို.၊ ဘုရားကျောင်းတို.မှာ ကြောင်တွေ ၊ ခွေးတွေ ပျော်ကြတယ်။ သူတို.အတွက် အေးချမ်းတဲ့ခိုလှုံစရာ နေရာဆိုပါတော့။










မဟာသကျသီဟ ဘုရားက ဈေးချိုနဲ. နီးတော့ အနယ်နယ်အရပ်အရပ်က ဈေးချိုမှာ ဈေးဝယ်လာတဲ့သူတွေ လာဖူးကြတာများတယ်။ Tourist attraction တခုတော့ မဟုတ်သေးဘူး။ Local တွေလောက်ပဲ အလာများတယ်။ ဘုရားကျောင်းဝန်းကြီးက တော်တော်ကျယ်ပါတယ်။ သစ်ပင်အကြီးကြီးတွေ ရှိပြီး အေးချမ်းတယ်။





ဒီသစ်ပင်ကြီးဆို ဘယ်လောက်လှလဲ။  သက်တမ်းဘယ်လောက်ရှိပြီလဲ မသိဘူး။ သစ်ကိုင်းတွေဖြာထွက်ပြီး  လူတွေအများကြီးကို အရိပ် ကောင်းကောင်း ပေးထားတယ်။ သစ်ပင်အောက်မှာ အေးတော့ ပတ်ပတ်လည် လူတွေ ထိုင်ပြီးတော့ အနားယူနေကြတယ်။









ဒီဘက်ရောက်မှတော့ မလွန်မုန်.တီ မစားပဲ ပြန်ရင် ဘယ်ပြည့်စုံမလဲ။ မလွန် ဒေါ်သောင်းစိန် မုန်.တီ ဆိုတာ အခုမှ စားဖူးတာပါ။ အရင်တုန်းက ကြားပဲကြားဖူးတယ်။ အဲဒီတုန်းက တစ်ပွဲ တစ်ထောင်ပေးရတယ်။ နာမည်ကြီး သလို၊  တော်တော်လေးကို စားလို.ကောင်းပါတယ်။ ဆိုင်နေရာ အတိအကျတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် မဟာသကျသီဟ ဘုရားနဲ. သိပ်မဝေးဘူး၊ အဲ့နားမှာ မေးသွားရင် ရောက်နိုင်ပါတယ်။






No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis