2013-June မြန်မာပြည် ၁၀ရက်ပြန်တုန်းက မန္တလေးမှာ စားခဲ့တဲ့ အစားအသောက်ပုံတချို. တွေ.လို. ပို.စ်တခု ရေးလိုက်ပါတယ်။ ဒီပို.စ်မှာတော့ တခြား ပို.စ်တွေလောက် ပုံတွေ မများဘူး။ ရန်ကုန် ပို.စ်မဆက်ခင် မန္တလေးက ရိုက်ခဲ့တဲ့ ဓါတ်ပုံ လက်ကျန်ရှင်း တဲ့ ပို.စ် ဆိုပါတော့။း)
ဒါကတော့ တက်နေ၀န်းအကင်ဆိုင် (၆၈ လမ်း ၊ ၃၅x ၃၄ လမ်းကြား) မှာ စားခဲ့တဲ့ မာလာဟင်း နဲ. ငါးချဉ်စပ်ပါ။ ၂ခုလုံး သိပ်ကို စားလို.ကောင်းပါတယ်။ ဒီဆိုင်က နာမည်ကြီးလို. ထင်တယ်၊ စောစောမသွားရင် ထိုင်စရာ စားပွဲလွတ် မရှိဘူး။ နောက်ကျရင်လဲ ရောင်းလို.ကုန်ပြီ။ လူအရမ်းစည်တယ်။
ဒါကတော့ ကျွန်တော့်ရဲ. အကြိုက်ဆုံး မန္တလေး မနက်စာ တိုဟူးနွေးပါ။ ဒီတိုဟူးနွေးကတော့ သျှမ်းသျှမ်းခေါက်ဆွဲဆိုင် (၇၂လမ်း၊ ၃၅x၃၄ လမ်းကြား)။ အဲ့ဆိုင်က ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေးအပြင် တခြား ရှမ်းရိုးစား အစားအသောက်တွေ အစုံရတယ်။ ဥပမာ ဆန်ချိုအေး တို. ၀က်သားချဉ်တို.။ အိမ်နဲ.လည်း နီးလို. ခဏခဏ သွားစား ဖြစ်တယ်။
ဒါကတော့ အိမ်မှာ လုပ်စားတဲ့ နန်းကြီးသုတ်။ အိမ်မှာလုပ်စား တာဆိုတော့ ငါးဖယ်တွေ အများကြီးပဲ။ ပြီးတော့ ပိတ်ဆွယ် ဟင်းရည်ကိုလဲ အရမ်းကြိုက်တယ်။ ပိတ်ဆွယ်ကို နိုင်ငံခြားမှာ ၀ယ်လို.ရလား မသိဘူး၊ အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ မသိဘူး။ အင်္ဂလိပ်လို သိရင် Google မှာ ရှာကြည့်လို.ရသေးတယ်။ ဘယ်လိုနိုင်ငံတွေ မှာ ရနိုင်သလဲလို.။
ဒါကတော့ လမ်း၈၀ နဲ. ၃၅x၃၄ လမ်းကြားက ခရစ်ယာန်ကျောင်းပါ။ အဲ့ဒီကျောင်းရှေ.က အအေးဆိုင်မှာ အအေးသောက်ပြီး အပြန် ရိုက်ထားတာ။ အဲ့တုန်းက ကျောင်းဝန်းတံခါး ပိတ်ထားလို.၊ အထဲဝင်လို. မရခဲ့ဘူး။ ငယ်ငယ်တုန်းက အထဲဝင်ကြည့်ဖူးပေမယ့် ဘယ်လိုပုံစံဆိုတာ ကောင်းကောင်း မမှတ်မိတော့ဘူး။
နောက်ပို.စ်ကတော့ ရန်ကုန်မြို. နဲ. ပတ်သက်တဲ့ ပို.စ်ပါ။ အခုနောက်ပိုင်း ပို.စ်တွေ အများကြီး မတင်နိုင်ပေမယ့်၊ တင်တဲ့ ပို.စ်တွေမှာ ပုံကောင်းတွေပဲဖြစ်အောင် ရွေးပြီးတင်ဖြစ်တယ်။ Blog ခေတ် မဟုတ်တော့ပေမယ့်လည်း ၊ နှစ်ရှည်လများ ရေးလာတဲ့ Blog ဆိုတော့ မစွန်.လွတ်နိုင်သေးဘူး။
Keep your blog up, bro..
ReplyDeleteပိတ်ဆွယ်ဆိုတာ lotus stalk ထင်တယ်..
ReplyDeleteစင်္ကာပူမှာ NTUC မှာ တစ်ခါတလေတွေ့ တယ်..
Lotus Stalk
Lotus Stem
Lotus root stalk
ဆိုပြီး Google ကြည့်ရင် ပုံတွေ တွေ့ မယ်
Thank you for the comment. Lotus stalk ဆိုတာ ကြာစွယ်၊ မာလာဟင်းထဲမှာ ထည့်တဲ့ဟာ၊ အဲ့ဒါတွေက ပေါတယ်။ ပိတ်ဆွယ်ကိုတော့ နိင်ငံခြားမှာ မမြင်ဖူးသေးဘူး။
Deletereed-mace?
ReplyDelete