2013-Jun-26, မန္တလေး ပြန်တိုင်း ဦးပိန်တံတားကို အမြဲရောက်ဖြစ်တယ်။ အရင်တုန်းက လဲ ဦးပိန်တံတား ပို.စ်တွေ ရေးဖူးတယ်။ ဒီတခါကတော့ မှတ်မှတ်ရရ ပထမဦးဆုံး တောင်သမန် အင်းမှာ ငှက်စီးဖူးတာပါ။ ငှက်ဆိုတာက လှေကိုပြောတာပါ။ ဘာလို. ငှက်လို. ခေါ်လဲတော့ မပြောတက်ဘူး။ လှေက ငှက်နဲ. တူနေလို. ဖြစ်မယ်။
နွေအကုန် မိုးအကူးကာလဆိုတော့ အင်းထဲမှာ ရေသိပ်မရှိဘူး။ ဒါကြောင့် သောင်ထွန်းနေတဲ့ နေရာတွေ မှာ အပင်တွေ စိမ်းစိမ်းစိုစိုတွေ.ရတယ်။
ဦးပိန်တံတားက ဓါတ်ပုံထဲမှာသာ လှနေတာ။ အပြင်ဆိုရင် အမိုက်တွေ ပွလို.။ ပလက်စတစ်အိတ်တွေ၊ ဗူးခွံတွေ ပျံ.ကျဲနေတယ်။
ခရီးသွားရာသီ မဟုတ်တော့ လှေစီးတဲ့သူတွေလဲ သိပ်မရှိဘူး။ ခဏခဏ ရောက်ဖူးနေတော့ ဘာမှ လုပ်စရာသိပ်မရှိတာနဲ. လှေစီးခဲ့တယ်။ မှတ်မိသလောက်တော့ ၇၀၀၀ ထောင်ပေးရတယ်ထင်တယ်။ နာရီဝက်၊ ၄၅ မိနစ်လောက်ပဲ စီးရတာပါ။ ပုံမှန်အားဖြင့် Tourist တွေက လှေပေါ်ကနေ Sunset ကို ခံစားကြတာ။ ဒါပေမယ့် ကနေ.က တိမ်ထူထပ်နေတော့ Sunset မရှိပါဘူး။
ရေကတိမ်တော့ လူတွေ ဒီလို မတ်တပ်ရပ်ပြီး ငါးဖမ်းနေကြတယ်။ လှေစီးမှပဲ ဒီလို ဓါတ်ပုံမျိုးတွေ ရိုက်နိုင်ခဲ့တယ်။ မဟုတ်ရင်တော့ တံတားပေါ်ကရိုက်တဲ့ပုံတွေပဲ ရှိမယ်။
အခု လှေသမားက သဘောကောင်းပါတယ်။ ဟိုဘက် ကုန်းပေါ်က ဘဲခြံကို သွားချင်တယ် ဆိုလို. လိုက်ပို.ပေးပါတယ်။ နောက်တခေါက် လှေစီးတုန်းကတော့ လှေသမားက ဒီလောက်စိတ်မရှည်ဘူး။ Sunset ကြည့်မယ့် နေရာကိုပဲ ပို.ပေးပြီး Sunset စောင့်ကြည့်ရတယ်။ ပြီးတော့ ပြန်ပို.တယ်။
ဘဲခြံဘေးမှာ နွားတစ်ကောင် အခုလို ဦးပိန်တံတား ဗြူး နဲ. ညစာစားနေတယ်။ ဒါလဲ တမျိုးလှတာပဲ။
ဒီနေ.အတွက် Sunset က ဒီလောက်ပါပဲ။ တိမ်တွေကြား နေရောင်တွေ နည်းနည်းလေးတော့ ထွက်လာသေးတယ်။
ဒီလို ဦးပိန်ပေါ်မှာ သွားလာလူပ်ရှားနေတဲ့ လူတွေကို ဓါတ်ပုံရိုက်တာ အရမ်းသဘောကျတယ်။ အထူးသဖြင့် ခေါင်းရွက် ဈေးသည်တွေ၊ စက်ဘီးစီးနေတာတွေ တွေ.ရင် အရမ်းသဘောကျတယ်။ အောက်ကပုံက ခွေးက Tourist တွေနောက် တကောက်ကောက်လိုက်နေတာကို သတိထားမိတယ်။ ခွေးဆိုတာ တော်တော်လည်တဲ့ သတ္တ၀ါပါ။ ဘယ်သူတွေက ကြင်နာတက်တယ်၊ ဘယ်သူတွေက သူတို.တွေကို ရန်လုပ်တက်တယ်ဆိုတော သိတယ်။ ဦးပိန်တံတားမှာ ဈေးရောင်းတဲ့သူတွေ ခွေးကို ရိုက်တာ၊ ရေနွေးနဲ. ပတ်တာတွေ မြင်ဖူးတယ်။ နိုင်ငံခြားသားတွေလောက်ပဲ သူတို.ကို အရေးလုပ် ပွတ်သပ်ကြတာလေ။ ဒါမျိုး လုပ်ရပ်တွေက တခြား နိုင်ငံက လူတွေ မြင်ရင် အင်မတန်မှ အရုပ်ဆိုးပါတယ်။ ကိုယ်တိုင်ကလည်း တိရစ္ဆာန်ချစ်တဲ့သူဆိုတော့ သတိထားမိတာပေါ့။ ပြီးတဲ့နှစ် ကျိုက်ထီးရိုး ဘုရားရောက်တုန်းကလည်း ဘုရားဖူး တွေ ကြားထဲကမှ ခွေးက Tourist တွေ နောက်ပဲ တစ်ကောက်ကောက်လိုက်တယ်။ Tourist ကလည်း လမ်းဘေးခွေးကို တယုတယ ပွတ်သပ်ပေးတယ်။ အစာမကျွေးတောင်မှ ကြင်နာမူ ခဏလေးရလိုက်လို. အင်မတန် ကျေနပ်နေတာ မြင်ခဲ့ရတယ်။ ကိုယ်တိုင်လဲ မြန်မာပြည် ရောက်တိုင်း ကိုယ့်မှာ ပါတဲ့ မုန်.တွေနဲ. လမ်းဘေးက ခွေးတွေ၊ ကြောင်တွေကို ကြုံရင် ကြုံသလို ကျွေးဖြစ်ပါတယ်။
အဘွားအို အမိုက်တွေ စုပုံပြီး မီးရို.နေတာ သဘောကျလို. ဓါတ်ပုံရိုက်ခဲ့တယ်။ သူ.ကတော့ သိတောင် မသိလိုက်ဘူး ထင်တယ်။ :P
လှေသမားကို ကမ်းနားထိ လိုက်မပို.ခိုင်းပဲ၊ တံတားပေါ်လမ်းလျောက်ချင်သေးလို. တံတား နားမှာပဲ ရပ်ခိုင်းလိုက်တယ်။ ပြီးတော့ မမှောင်ခင် ရသလောက် တံတားပေါ်မှာ ဓါတ်ပုံရိုက်ခဲ့တယ်။ လူတွေ အိမ်ပြန်ကျတဲ့ အချိန်ပေါ့။
အပြန်လမ်းမှာ ဒီကလေး ၃ယောက်ကို ကိုယ့် ကင်မရာရှေ.မှာ ပို.စ်တွေ လုပ်ပြနေတယ်။ ဒါနဲ.ပဲ ဓါတ်ပုံရိုက်မလား ဆိုတော့ သူတို. အရမ်းပျော်သွားတယ်။ ကိုယ်က လဲ ဒါမျိုး သဘာဝပုံတွေ သိပ်ရိုက်ချင်တာ ဆိုတော့ အံကိုက်ပဲပေါ့။ ဓါတ်ပုံလဲ ရိုက်လို.ပြီးရော ဘေးက လမ်းဖြတ်လျှောက်သွားတဲ့ သူရဲ. စကားတခွန်းကြောင့် စိတ်ထဲမှာ အောင့်ခနဲ. ဖြစ်သွားတယ်။ သူက ကိုယ့်ကို Foreigner ထင်ပြီး ပြောသွားတာလေ။
အဲ့ဒီသူက ဘာပြောသွားလဲ ဆိုတော့ "ဟဲ့ကောင်တွေ ဓါတ်ပုံ အလကား အရိုက်မခံနဲ. ၊ ရိုက်ပြီးရင် မုန်.ဖိုးတောင်း ဦး၊ သူတို.တို မင်းတို.ပုံတွေ နိုင်ငံခြားမှာ ရောင်းစားမှာ" တဲ့။ စဉ်းစားကြည့်ပါဦး ကလေးတွေက အဲ့လိုအောက်တန်းကျတဲ့ စိတ်ဓါတ်လုံးဝမရှိတာ သေချာတယ်။ ဒါကို လူကြီး တွေက အောက်တန်းကျတဲ့ နည်းလမ်းတွေ ဘေးက နေ သင်ပေးနေတော့ ကလေးတွေ အဲ့လိုစိတ်တွေ ၀င်သွားမှာ အရမ်း စိုးရိမ်မိတယ်။ ကိုယ်တိုင်က လည်း ပိုက်ဆံတောင်းမည့် ပုံပေါက်တဲ့ သူဆိုရင် လုံးဝကို ဓါတ်ပုံ မရိုက်ချင်တာ။ ဓါတ်ပုံအရိုက်ခံပြီး ပိုက်ဆံတောင်းလို.ရတယ် ဆိုတဲ့ အကျင့်ကို မဖြစ်စေချင်တာပါ။ Tourist တွေအကြားမှာ မြန်မာ ပြည်က လူတွေက ဓါတ်ပုံရိုက်ရင် ပိုက်ဆံ လိုက်တောင်း တယ်ဆိုပြီး အပြောခံရမှာ မလိုလားဘူး။

ဒီတစ်ခေါက်ပြီးတော့ နောက်ထပ် ဦးပိန်တံတားကို လေးခါလောက် ရောက်သေးတယ်။ နောက်ထပ် ဦးပိန်တံတား ပို.စ်တွေ အများကြီး ဖတ်ရဦးမှာပါ။
No comments:
Post a Comment