Thursday, June 2, 2016

1

Yangon Circular Railway/Train


2013-Jun-28, ရန်ကုန်ကို ခဏခဏ ရောက်ဖူးပါတယ်။ ဒါပေမယ့် မြို.ပတ်ရထားကို တခါမှ မစီးဖူးပါဘူး။ ရန်ကုန်မှာဆိုရင် ကျောက်မြောင်း မှာနေတယ်။ Tourist တွေ ရိုက်ထားတဲ့ ဓါတ်ပုံတွေတော့ ခဏခဏ တွေ.ဖူးတော့ စီးဖူးချင်မိတယ်။  အဲ့ဒီနေ.က ရန်ကုန်က ကိုယ့်လိုပဲ ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့ သူနဲ. ၂ယောက် မြို.ပတ်ရထား စီးပြီး ဓါတ်ပုံရိုက်ဖို. ချိန်းဖြစ်တယ်။ သူကလဲ ကျောက်မြောင်းမှာ နေတာ၊ သူလဲ တခါမှ မစီးဖူးဘူး ဆိုလို. ကျောက်မြောင်း ဘူတာကနေ စီးလိုက်တယ်။




ပထမဆုံးစီးတာဆိုတော့ ဘယ်ရထားကိုစီးရမယ် ဆိုတာသေချာမသိဘူး။ Circular Train ဆိုတော့ ဘယ်ရထားစီးစီး အတူတူပဲထင်ပြီးတော့ အရင်လာတဲ့ ရထားပေါ်တက်ပြီး စီးလိုက်တယ်။ အမှန်တကယ် ဓါတ်ပုံရိုက်ချင်တဲ့ သူတွေဆိုရင် အင်းစိန်ဘက်သွားတဲ့ ရထားကို စီးရမှာပါ။ ကိုယ်က ကံဆိုးချင်တော့ ရွာသာကြီး ဘက်သွားတဲ့ ရထားနဲ. သွားတိုးပြီးတော့ အဲ့ဒီဘက်ရောက်သွားတယ်။  ရထားစီးပြီး ပြန်လာတော့ သူများတွေက ဘယ်ကိုရောက်ခဲ့လည်း လို.မေးတော့၊ ရွာသာကြီးလို.ပြောလိုက်တော့ ရယ်တောင် ရယ်နေကြသေးတယ်။ ဘာလို.လဲ ဆိုတော့ ရွာသာကြီးမှာ စိတ်ရောဂါဆေးရုံရှိတယ်ဆိုလား။ ကိုယ်ကလည်း ရန်ကုန်ကလူမဟုတ်တော့ မသိဘူးလေ။


ရွာသာကြီး ဘက်ရထားမို.ထင်တယ်။ ရထားပေါ်မှာ စီးတဲ့သူ သိပ်မရှိပါဘူး။ ကျောက်မြောင်းကအထွက်မှာ တက်လာတဲ့ သူတွေ တော်တော်များများက ဈေးသည်တွေ များပါတယ်။ ကျောက်မြောင်းဈေးကနေ ဈေးဝယ်၊ ရောင်း ပြီး ပြန်တဲ့သူတွေ နဲ.တူတယ်။ ကိုယ့်ရထားတွဲ ထဲမှာတွေ.တဲ့ သူတွေကို ခွင့်တောင်းပြီး ဓါတ်ပုံရိုက်တယ်။ ရထားက လူရှင်း၊ ကျယ်လဲ ကျယ်တော့ စီးရတာ အရမ်း သက်တောင့်သက်သာ ရှိတယ်။










Tourist တွေ ရန်ကုန်မြို.ပတ် ရထားကို စီးရတဲ့ အကြောင်းအရင်းက ရန်ကုန်မြို.က အခြေခံလူတန်းစား တွေရဲ. နေ.စဉ်လှုပ်ရှားမူတွေကို လေ့လာမှတ်တမ်းတင်ချင်လို.ပါ။ ခရီးသွားကြောငြာတွေ မှာ တွေ.ရလေ့မရှိတဲ့ မြင်ကွင်းဆိုပါတော့။ ဓါတ်ပုံဆရာတွေ သဘောကျတဲ့ ရန်ကုန်မြို.ရဲ. attraction တခုပါပဲ။ အခုတော့ ရထားတွဲတွေကို အဆင့်မြင့်လိုက်ပြီလို. ကြားတယ်။ အခုကျွန်တော်စီးသလို ရထားမှ ဟုတ်သေးရဲ.လား မသိဘူး။



 ရထားက ကျယ်တော့ ဈေးသည်တွေအတွက် အရမ်းအဆင်ပြေတယ်။ သူတို.တွေ ဘတ်စ်ကား စီးရင် ပစ္စည်းတွေ အများကြီး အတင်အချလုပ်လို. မရဘူးလေ။ ရန်ကုန်ရထားလမ်းဘေး တချို.နေရာတွေမှာ တွေ.ရတဲ့အိမ်တွေက တော်တော်လေးကို ဆင်းရဲကြတာ တွေ.ရတယ်။












ဒါကတော့ ရထားလမ်းဘေးက အမိုက်ပုံကြီးပါ။ ပလတ်စတစ်အိမ်တွေ နည်းတာမဟုတ်ဘူး။








ရွာသာကြီးဘက် ရောက်တော့ စိမ်းစိမ်းစိုစို ရူခင်းတွေ တွေ.ရတယ်။ လယ်ကွင်းတွေ စိုက်ခင်းတွေ၊ ပြီးတော့ ကန်စွန်းရွက်တွေ လမ်းဘေးမှာ ပေါက်နေတာ အရမ်းသဘောကျတယ်။ နိုင်ငံခြားမှာ ကန်ဇွန်းရွက်က ဈေးကောင်းတယ်။ အထူးသဖြင့် ကျွန်တော်အခုလက်ရှိ နေတဲ့ ကနေဒါ နိုင်ငံမှာဆိုရင် ဈေးကြီးလို. ခဏခဏ မစားနိုင်ဘူး။ ဆောင်းတွင်းပိုင်းဆိုရင် ၀ယ်လို.တောင်မရဘူး။ ရန်ကုန်က ကန်ဇွန်းရွက်က အရွက်ကြီး၊ အရိုးတုတ်တုတ် အရမ်းစားလို.ကောင်းတယ်။










ရွာသာကြီး ရောက်တော့ ရထားတော်တော်ကြာကြာ နားတယ်။ လူတွေ အကုန်နီးပါလောက်ဆင်းကုန်ကြပြီ။ ကျွန်တော်ကတော့ မြို.ထဲဘက်ပြန်ရမှာ ဆိုတော့ ဒီရထားနဲ.ပဲ ပြန်လိုက်လာတယ်။ ရထားက အခုမှ အင်းစိန်ဘက်သွားမှာပါ။ အဲဒီဘက်မှာမှ လူပိုစုံတယ်။ ဈေးတွေ ရှိတယ်။ ဓါတ်ပုံ၇ိုက်လို. ပိုကောင်းတာပေါ့နော်။















အပြန်ရထားက လူတော်တော်ကိုရှင်းပါတယ်၊ ဘာမှ လုပ်စရာမရှိလို. ကွမ်းယာရောင်းတဲ့သူတွေနဲ. စကားပြော ၊ ဓါတ်ပုံရိုက်။ ရထားပေါ်မှာ ဆုံတဲ့သူတွေက ရိုးသားတယ်၊ သဘောကောင်းကြတယ်။ ရထားစီးတဲ့သူနည်းတော့  သူတို.တွေ ဈေးေ၇ာင်းကောင်းပါ့လား။












ရွာသာကြီးဘက်ကနေ စီးလာလိုက်တာ ရန်ကုန်ဘူတာကြီး ကိုရောက်ပါပြီ။ အစက အင်းစိန်ထိ စီးမလို.ပါပဲ။ နောက်တော့ အချိန်အရမ်းကြာနေမှာဆိုးလို.၊ ဗိုက်လဲ ဆာတာနဲ.  ရန်ကုန်ဘူတာကြီးမှာ ဆင်းလိုက်တယ်။ အင်းစိန်ဘက်ကို နောက်ကြုံမှ ပဲ စီးတော့မယ်။





1 comment:

  1. Very nice photos. Thanks for your share.

    ReplyDelete

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis