2013-Dec-14, ကျောက်တော်ကြီးဘု၇ား အပြန် အိမ်မှာ အထုပ်အပိုးချပြီး အိမ်မှာချက်ထားတဲ့ ဟင်းနဲ. ထမင်း ပြန်စားတယ်။ ခုန မင်းလမ်း ရခိုင်စားသောက်ဆိုင်မှာ စားတာ မ၀လို.။ အိမ်မှာ ချက်ထားတဲ့ ဟင်းတွေကတော့
အမဲခြောက်ကြော် |
သရက်ချဉ်သုပ် |
စားတော်ပဲနှပ် |
အချိုပွဲ ချစ်တီးဆိုင်က၀ယ်ထားတာ |
ထမင်းစားပြီး ၀ယ်စရာရှိလို. ဗိုလ်ချုပ်အောင်ဆန်းဈေး (Bogyoke Aung San Market) ကို သွားခဲ့တယ်။ ကျောက်မြောင်းကနေ ဘက်စ်ကား စီးပြီးသွားခဲ့တယ်။ ရန်ကုန်မှာဘက်စ်ကား မစီးဖြစ်တာ၁၀နှစ်လောက်ရှိပြီ။ ဘက်စ်ကား က တော်တော်လေးကို ကြပ်ပါတယ် နိုင်ငံခြားမှာ ဘယ်ဖက် ၂ယောက်၊ ညာဖက် ၂ယောက် ထိုင်တဲ့ ခုံတန်းတွေကို လူပိုဆန်.အောင် ဘယ်ဖက်၃ယောက်၊ ညာဖက် ၃ယောက် ထိုင်လို.ရတဲ့ခုံတပ်ထားတော့ ထိုင်ခုံရသော်လည်း ထိုင်ရတာ အရမ်းကို ကြပ်ပါတယ်။ သက်တောင့် သက်သာ မရှိဘူး။ စီးနေကျဆိုရင်တော့ အကျင့်ဖြစ်သွားမယ် ထင်ပါတယ်။
ဘက်စ်ကား စီးရင်း ဘက်စ်ကားပေါ်ကနေ လမ်းဘေးဈေးဆိုင် ပုံတွေ လှမ်းပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်။ ညနေပိုင်းဆိုတော့ ဈေးသည်တွေ နဲ. စည်ကားနေတယ်။
ကိုယ်ဖာသာဆိုရင် ဗိုလ်ချူပ်ဈေးကို ဘက်စ်ကား စီးပြီး မသွားတက်ဘူး။ ရန်ကုန်မှာနေတဲ့ အစ်မနောက်လိုက်လို. ဘယ်နေရာမှာ ဆင်းပြီး လမ်းလျှောက်သွားရမယ်ဆိုတာ သိတာ။ ဗိုလ်ချူပ်ဈေးထဲမှာ ၀ယ်စရာရှိတာဝယ်ပြီး။ ရွေရင်အေး သောက်ခဲ့တယ်။
ဆီတိုဟူး နဲ. ရှမ်းအချဉ်တွေ စားချင်စရာ
ဗိုလ်ချူပ်ဈေး ရောက်တိုင်း ရွေရင်အေး သောက်ပြီးမှ ပြန်တယ်။
အပြန်ကျတော့ ဘက်စကား မစီးတော့ Taxi နဲ. ပြန်တယ်။ ရန်ကုန်မြို.မှာ တိုက်အသစ်တွေ ဆိုင်အသစ်တွေ အများကြီး တွေ.ရတယ်။ စင်ကာပူမှာက DBS, OCBC ဘဏ်ခွဲ တွေလဲ တွေရတယ်။
ကျောက်မြောင်းပြန်ရောက်တော့ ဘုရားသုံးဆူပွဲကို သွားခဲ့တယ်။ ဘုရားပွဲက ဈေးဆိုင်တွေ အများကြီးနဲ. တော်တော်လေးကို စည်ကားပါတယ်။ မြန်မာ့ ရိုးရာ မုန်.မျိုးစုံ ရနိုင်ပါတယ်။ နာမည်တွေကို တခုချင်း မရေးတော့ဘူး။
မုန်.ဆိုင်တွေ အပြင် ချား၊ ရဟတ်တွေ လဲ ရှိပါတယ်။
ဒီပို.စ် က ဓါတ်ပုံတွေ အားလုံးကို Sony RX100 Mark II နဲ. ရိုက်ထားတာပါ။ မနက်ဖြန်မနက် ရွေတိဂုံ ဘုရားကို သွားမှာပါ။ နောက်ပို.စ်မှာ ဆက်ေ၇းပါ့မယ်။
No comments:
Post a Comment