Tuesday, September 6, 2016

0

Rakine Cuisine, Kyauk Daw Kyi Pagoda & White Elephants


2013-Dec-14, စင်ကာပူ Changi Airport ကနေ မြန်မာပြည်ကို ပြန်ပါတယ်။ ဒီဇင်ဘာလ  မြန်မာပြည်မှာ ဆောင်းတွင်း၊ ပွင့်လင်းရာသီဆိုတော့ ခရီးသွားလို.ကောင်းတယ်လေ။ စင်ကာပူကနေ ခါတိုင်း မြန်မာပြည် ပြန်ရင် လေယာဉ်လက်မှတ် ဈေးချတဲ့ မိုးတွင်းပဲ ပြန်ဖြစ်တာ များတယ်။ဒါတစ်ခါကတော့ ဆောင်းတွင်း ပထမဆုံး ပြန်တဲ့ ခရီးစဉ်ပေါ့။





Changi Airport ကတော့ အမြဲတမ်း Decoration တွေပြောင်းနေတယ်။ သူက ကမ္ဘာ. အကောင်းဆုံး လေဆိပ်တွေ ထဲမှာ အမြဲတမ်း ပါတယ်လေ။ အဲဒီတော့ တခြား နိုင်ငံကလေဆိပ်တွေ နဲ. ယှဉ်ရင် အများကြီး ကြီးကျယ် ခမ်းနားပါတယ်။ Facilities တွေအရမ်းစုံတယ်။ စာသောက်ဆိုင်တွေလဲ ပေါတယ်။ ဒါကြောင့် တချို. စင်ကာပူကလူတွေဆိုရင် လေဆိပ်မှာ လာပြီးတော့ စားသောက်လေ့ရှိကြတယ်။ ကိုယ်တွေကတော့ ခရီးထွက်မှပဲ ရောက်ဖြစ်တယ်။


Jetstar မနက်လေယာဉ်နဲ. စင်ကာပူကထွက်တယ်။ ရန်ကုန်ကို နေ.လည့် မွန်းတည့်ချိန် ရောက်ပါတယ်။






အဲ့ဒီအချိန်က မြန်မာပြည်မှာ Sea games အိမ်ရှင်လုပ်ပြီး ကျင်းပတဲ့ အချိန်ပါ။


Jetstar က Budget Airline ဆိုတော့ လေယာဉ်ပေါ်မှာ ဘာမှ မကျွေးဘူးလေ။ ဒါကြောင့် ရန်ကုန်ရောက်တာနဲ. နေ.လည်စာ စားဖို. စဉ်းစားရပါတယ်။ ဒါနဲ. လေဆိပ်နဲ. သိပ်မဝေးတဲ့ မင်းလမ်း (Min Lann) ရခိုင်စားသောက်ဆိုင်ကို သွားခဲ့တယ်။ ဒီဆိုင်နာမည်ကို ကြားပဲ ကြားဖူးတာ။ ဒါပထမဆုံးအကြိမ်စားဖူးတာပါ။


လေဆိပ်ကနေ Taxi ငှားပြီး မင်းလမ်း ဆိုင်ကိုရောက်တယ်။ လေဆိပ်ကိုလာကြိုတဲ့ တူမလေးကော ပါလာတယ်။



အသုပ်စားချင်လို. အသုတ်မျိုးစုံမှာစားခဲ့တယ်။ ပွဲသေးတွေပဲ မှာစားခဲ့တယ်။ တခြား Seafood တွေက ဈေးကြီးလို. မှာမစားခဲ့ဘူး။ အသုတ်တွေက စားလို.ကောင်းတယ်၊ ဈေးကတော့ နည်းနည်းကြီးတယ်။ ဒါပေမယ့် တစ်နေရာတည်းမှာ အစုံရတယ်ဆိုတော့လဲ မဆိုးဘူးလို.ပြောရမှာပေါ့။







ဆိုင်ထဲက ငါးကန်ထဲမှာ ငါးတွေ အစုံမွေးထားပါတယ်။ ငါးတွေက ပင်လယ်ငါးတွေ အရောင်စုံ တော်တော်လှပါတယ်။  ငါးတွေ အပြင် တခြား Seafood တွေ ဖြစ်တဲ့ ပုဇွန်တုတ်တွေ၊ ကမာ ကောင်တွေ၊ ခရုတွေ လဲ အစုံရှိပါတယ်။ 






စားသောက်ပြီး ပြန်ခါနီးမှာ ဆိုင်က၀န်ထမ်း ချောလို. ခွင့်တောင်းပြီး အခုလို ဓါတ်ပုံရိုက်ခဲ့တယ်။ လှတယ်မဟုတ်လား? :P


မင်းလမ်းကအပြန် ကျောက်တော်ကြီး (Kyaut Daw Kyi Pagoda) ဘုရားကို Taxi နဲ. ဆက်သွားခဲ့တယ်။ ဒီကျောက်တော်ကြီး ဘုရားဆင်းတုတော်ကို  လွန်ခဲ့တဲ့ ၁၅နှစ်လောက်က မန္တလေးတိုင်း မတ္တရာ မြို. ကနေ ထွင်းထုထားတာလေ။ ပြီးတော့ မန္တလေး မြစ်ဆိပ်ကနေ ရန်ကုန်ကို သဘောင်္နဲ. သယ်သွားတာ။ အဲ့ဒီတုန်းက မန္တလေး မြစ်ဆိပ်မှာ ရန်ကုန် ကို မပင့်ခင် သဘောင်္ပေါ်မှာ အပူဇော်ခံသေးတယ်။ အဲ့ဒီတုန်းက တခါ သွားဖူး ဘူးတယ်။ ဒါကတော့ ရန်ကုန်မှာ ပထမဆုံးအကြိမ် ဖူး ဘူးတာပါ။

















ကျောက်တော်ကြီး ဘုရား အထွက်နားမှာ ဆင်ဖြူတော် (White Elephant) တွေ မွေးထားတဲ့ နေရာ ကို  လမ်းလျှောက်ပြီး ဆက်သွားခဲ့တယ်။ ဒါကလည်း ပထမဆုံး အကြိမ် ဆင်ဖြူတော် ဆိုတာ မြင်ဖူးတာပါ။ ပုံထဲမှာ မြင်ရတဲ့ အတိုင်း ဆင်က အဖြူရောင်တော့ မဟုတ်ပါဘူး။


ပုံထဲမှာ မြင်ရတဲ့အတိုင်း ဆင်တွေကို သံကြိုးနဲ. ခြေထောက်ကို ချည်ထားပါတယ်။ သံကြိုးက တော်တော်လေးကို တိုပါတယ်။ ဒါကြောင့် ဆင်တွေက ရှေ့တလှမ်း၊ နောက်တစ်လှမ်း လောက်သာ လမ်းလျှောက်နိုင်ပါတယ်။  မြင်ရတာ စိတ်မချမ်းသာပါဘူး။ ဒီလို သံကြိုးနဲ. ချည်ထားမယ့် အစား ခြံကောင်းကောင်း ခတ်ထားပြီး လွတ်လွတ်လပ်လပ် ပဲ ထားသင့်တယ်လို. မြင်ပါတယ်။ 



ဒါကတော့ ဆင်တွေရဲ. ဘွဲ.နာမည်တွေနဲ. သမိုင်းကြောင်းပါ။ ရှားပါး ၊ အဖိုးတန် ဆင် လို.လဲပြောသေး၊ အခုလို သံကြိုးတိုတိုလေး နဲ. ရက်ရက်စက်စက် ချည်ထားတော့ လာကြည့်တဲ့ တိရစ္ဆာန် ချစ်တဲ့သူတွေဆိုရင် စိတ်ဆင်းရဲမှာ အမှန်ပဲ။   သူတို.လေးတွေ လွတ်လွတ်လပ်လပ် နေနိုင်ပါစေလို.ပဲ ဆုတောင်းပေးလိုက်ပါတယ်။




နောက်ပို.စ်မှာ  ကျောက်မြောင်းက ဘုရားပွဲ ညဈေး မှာ ရိုက်ခဲ့တဲ့ ပုံတွေ တင်ပါ့မယ်။ 


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis