2013-Dec-12, ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ကို ရွေတိဂုံဘုရားကနေ လမ်းလျှောက်သွားခဲ့တယ်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ကို ရောက်တာ ဒါ ဒုတိယအကြိမ်ပါ။ ပထမတခါ ရောက်တုန်းက ၁၉၉၇ ခုနှစ်လောက်ကထင်တယ်။
Sea Games ပွဲ ရှိနေတော့ လမ်းပေါ်က LED တွေမှာ အားကစား ပြိုင်ပွဲ တွေကို Live ပြနေတယ်။ နေရာတိုင်းမှလဲ Sea Games Decoration တွေ တွေ.ရတယ်။
တိရစ္ဆာန်ဥယျာဉ် ရှေ.က အသုတ်စုံ ဆိုင်ပါ။ လမ်းမပေါ်မှာ ဒီလို အစားအသောက်တွေ ဒီအတိုင်းပုံထားတာ ဖုန်တွေ၊ ယင်တွေ နဲ. စားကောင်းတော့မှာပဲ။ အဖုံးလေး တော့ အုပ်ထားသင့်တယ်လို. ထင်တယ်။
ဝင်ကြေး ၁၀၀၀ ကျပ် ပေးပြီး တိရစ္ဆာန်ဥယျာဉ် အထဲဝင်ခဲ့ပါတယ်။ Foreigner ဆိုရင် ၂၀၀၀ ကျပ်ပါတဲ့။
ဒါကတော့ မျောက်တွေကို ထားတဲ့ ကစားကွင်းဆိုပါတော့။ အမှန်တော့ မျောက်ဆိုတာ သစ်ပင် စိမ်းစိမ်းစိုစိုတွေ နဲ.နေရတာ ပိုပျော်မယ် ထင်တယ်။ စင်ကာပူ တိရစ္ဆာန် ရုံမှာဆို မျောက်တွေ သစ်ပင်တွေ ပေါ်မှာ ဆော့ကစားလို.။ အခုဟာက ခြောက်ခြောက် ကပ်ကပ် နဲ. ဘာမှ စားစရာ မရှိ။ အပြင်က လူတွေ ငှက်ပျောသီး ၀ယ်ပြီး ပစ်ကျွေးမှ စားရတယ်။ ပြီးတော့ ဆိုင်းဘုတ်ချိတ်ထားတာ တွေ.ခဲ့သေးတယ် "တိရစ္ဆာန်များကို ခဲ ဖြင့် မထုရ " ဆိုလား။ ထုတဲ့သူရှိလို. အဲ့လို ရေးထာတာ ဖြစ်မယ်။ ဘယ်လို လူတန်းစားတွေ ကဒါမျိုးလုပ်ရပ်တွေ လုပ်လဲတော့ စဉ်းစားလို.မရဘူး။ လှောင်ပိတ် ခံထားရတဲ့ တိရစ္ဆာန်တွေကို တောင် အနိုင်ကျင့်ချင်ကြတယ်။
တိရစ္ဆာန်ရုံတွေမှာဆို၇င် မျောက်တွေ အပြင်ကလူတွေကို attack လုပ်တယ်လို. ကြားဖူးတယ်။ ဥပမာ- ဆံပင်ဆွဲဆောင့်တာတို.။ လှမ်းပြီး ကုတ်တာတို.၊ အ၀တ်အစားတွေလှမ်းဆွဲတာစသဖြင့်ပေါ့။ အခု မျောက်နဲ. လူနဲ. တယုတယ လက်ဆွဲနူတ်ဆက် နေတာတွေ.တော့ တော်တော်လေး အံ့သြမိတယ်။ အမှန်တော့ တိရစ္ဆာန်ဆိုတာ ကိုယ်ကအကြင်နာပေးရင် သူတို.ဆီကယုံကြည်မူကို ရနိုင်ဆိုတဲ့ သဘောပါပဲ။ မြန်မာပြည်မှာကတော့ တိရစ္ဆာန်ဆိုရင် အနိုင်ကျင့်ချင်ကြတဲ့သူတွေက ခပ်များများ၊ ကြင်နာတတ်တဲ့ သူတွေလဲရှိပါတယ်။ ဒါပေမယ့် တခြားနိုင်ငံကလူတွေ နဲ.ယှဉ်ရင် နည်းတယ်လို. ထင်ပါတယ်။
ဝက်ဝံတွေဆိုရင် တော်တော်လေးကို ဗိုက်ဆာနေကြပုံပဲ။ လူတွေကိုတွေ.ရင် မတ်တပ်ရပ်ပြီး အစာတောင်းနေကြတယ်။ သူတို.ကိုသခွားသီးနဲ. ငှက်ပျောသီး ၀ယ်ကျွေးလို.ရပါတယ်။ ကျွန်တော်ထင်တာက၀က်ဝံဆိုတော အသား၊ငါး စားတာမဟုတ်ဘူးလား? ကျွန်တော်သိချင်တာက ရန်ကုန် တိရစ္ဆာန်ဥယျာဉ် က အစားကျွေးချိန်ဆိုတာ ရှိသလား၊ ဒါမှမဟုတ် တိရစ္ဆာန်တွေက လာလည်တဲ့သူတွေကျွေးမှစားရတာလား? ဘာလို.လဲ ဆိုတော့ တခြားနိုင်ငံမှာဆို တိရစ္ဆာန်တွေကို အစားကျွေးချိန်တွေ နဲ. စနစ်တကျကျွေးထားတယ်။ ဒါကြောင့် တိရစ္ဆာန်တွေက အစားတောင်းတာတွေ၊ ဆာလောင်နေတဲ့ ပုံမတွေ.ရဘူး။ အေးအေးဆေးဆေး ပဲ။ အခု တိရစ္ဆာန်ဥယျာဉ်ကတော့ ပုံပျက်ပန်းပျက် ကို ဖြစ်နေတယ်။ တော်တော်သနားဖို.ကောင်းပါတယ်။
နောက်ထပ် တွေ.ရတာကတော့ Hippo ပါ၊ မြန်မာလို ရေမြင်းလို. ခေါ်မယ်ထင်တယ်။ သူတို.တွေဆိုရင်ပါးစပ် ကြီးဖွင့်ပြီး မတ်တပ်ရပ်နေတယ်။ ကန်စွန်းရွက်အစည်းလိုက်ဝယ်ပြီး ပါးစပ်ထဲကို ပစ်ချပေးရတယ်။ အခက်မသင့်လို. စားလို.မရတဲ့ ဟာ (ဥပမာ - ပလက်စတစ်အိမ်ခွံ)တခုခု မတော်တဆ ပဲ ဖြစ်ဖြစ်၊ တမင်တကာ ပဲ ဖြစ်ဖြစ် ပါးစပ်ထဲ ပစ်ထည့်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ။
ဒီ ကုလားအုတ် နဲ. မြင်းပုလေးဆိုရင် တကောင်းတည်းရှိတာပါ၊ သူတို.ကြည့်ရတာ ပျင်းနေတဲ့ပုံပဲ။ မြင်းပုလေးဆိုရင် ကျွန်တော်လှမ်းခေါ်လို. ကျွန်တော့နား ပြေးလာတယ်။ ဗိုက်ဆာလို.လားမသိဘူး။
ကျားတွေကတော့ အိပ်နေတယ်။ ကျားသစ်ကလည်း လျှာထွက်လို.။ ခြင်္သေ့ကတော့ စိတ်ညစ်နေတဲ့ ပုံပဲ။
ဒါကတော့ သမင်တွေ ပြထားတဲ့နေရာပါ။ သမင်အကောင်ရေ တော်တော်များပါတယ်။ သူတို.ကြတော့ အဖွဲ.လိုက်တွေရတော့၊ ကုလားအုတ် နဲ. မြင်းပုလေး တွေလောက် ပျင်းစရာ မကောင်းဘူး။
ဒါကတော့ မွေးခါက သမင်လေး။
အခုထိ တခါမှ ဒီလို ဆင်မစီးဘူးဖူး။ နောက်လဲ စီးဖို.လဲ အစီအစဉ်မရှိဘူး။
တိရစ္ဆာန်ဥယျာဉ်ထဲမှာ ရှားရှားပါးပါး ဒီလို မုန်.ရောင်းနေတာ တွေ.ခဲ့တယ်။ ဒါမျိုး အသည်တွေကို မတွေ.ရတာ တော်တော်လေးကို ကြာနေပြီ။
ဒီဘက်မှာ ၀က်ဝံအကောင်ငယ်လေးတွေ နဲ. ဓါတ်ပုံရိုက်လို.ရပါတယ်။ ၀က်ဝံလေးတွေ တော်တော်လေးကို ဗိုက်ဆာနေပုံရတယ်။ ၀က်ဝံကို ထိန်းတဲ့သူက ၀ါးလုံးကြီး ကိုင်ထားသေးတယ်။ ပြီးတော့ လည်ပင်းကို ကြိုးနဲ. ချည်ထားတယ်။ အဲ့တုန်းက ဈေးနဲ. သခွားသီး တခါကျွေး ၃၀၀ကျပ်။ ဈေးပေါပါတယ်။ ပြီးရင် ဓါတ်ပုံဆရာ နဲ. ဓါတ်ပုံရိုက်ပြီး ၊ဓါတ်ပုံ ၀ယ်ပေါ့။ ကိုယ်က ကင်မရာ ရှိတော့ ကိုယ့်ကင်မရာ နဲ. ပဲ ကိုယ်ရိုက်မယ်လို. ပြောလိုက်တယ်။ ဓါတ်ပုံဆရာက ကျွန်တော့ ကင်မရာ ကို စမ်းချင်တယ်ဆိုလို. သူပဲ ကျွန်တော့်ကို ရိုက်ပေးခဲ့တာပါ။
သိန်းငှက်တွေနဲ.လည်း ပိုက်ဆံပေးပြီး ဓါတ်ပုံရိုက်လို.ရပါတယ်။ သိန်းငှက်ကျွန်တော့် ပုခုံးကို ကုတ်လို. ကုတ်ရာကျန်သွားသေးတယ်။
ဒီဆင်တွေက မင်္ဂလာဒုံက ဆင်ဖြူတွေထက်တောင် ပိုလွတ်လပ်သေးတယ်။ သံကြိုးတွေချည်မထားဘူး။ ငှက်ပျောသီးကျွေးသလောက်ကို မလောက်နိုင်ဘူး။
ဒါကတော့ တောင်ဆိတ်တွေထင်တယ်။ သူတို.လည်း သမင်တွေလိုပဲ အကောင်ရေ အများကြီးပဲ။ သူတို.ကို ကန်စွန်းရွက်နဲ. ငှက်ပျောသီးကျွေးပါတယ်။
ဒါကတော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ကို ကျွန်တော် ဒုတိယအကြိမ် ရောက်တာပါ။ ကျွန်တော်တူမလေး အတွက်ကတော့ ပထမဆုံးအကြိမ်ဆိုပါတော့။
တိရစ္ဆာန်ဥယျာဉ် ကိုသွားတာ ၀င်ကြေးကတော့ ၁၀၀၀ ကျပ်ပါ။ ဒါပေမယ့် တိရစ္ဆာန်ကို သနားလို. အစားဝယ်ကျွေးတော့ ၅၀၀၀ ကျော်လောက် ကုန်ပါတယ်။ တိရစ္ဆာန်အစာတွေ ကို ဈေးမတန်တဆ ပေးရတယ်။ ပြီးတော့ အစာ တွေက လက်လက်ဆက်ဆက်မရှိဘူး။ ဈေးက အကျန်တွေကို ဈေးပေါပေါနဲ. ၀ယ်ပြီး ဒီမှာဈေးတင် ရောင်းနေတဲ့ ပုံစံမျိုး။ ဒါကြောင့် မြန်မာပြည်မှာ တိရစ္ဆာန်ဥယျာဉ် သွားလည်ရရင် စိတ်အပန်းပြေ တာမျိုး မဟုတ်ပဲ။ စိတ်ဆင်းရဲ စရာ ကောင်းတဲ့ နေရာမျိုး ဖြစ်နေတယ်။
ဒါတောင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ် မို.လို.။ နောက်နှစ် ကျွန်တော် မန္တလေးက ရတနာပုံ တိရစ္ဆာန်ရုံကို ရောက်ဖူးသွား မှ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် က တိရစ္ဆာန်တွေရဲ. အခြေအနေက ပိုကောင်းတယ်ဆိုတာ သိတော့တယ်။ နောက်မှ ပဲ မန္တလေးက ရတနာပုံ တိရစ္ဆာန်ရုံ ပို.စ် ကို တင်ပါ့မယ်။
No comments:
Post a Comment