2013-Dec-15, ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က အပြန် တိရစ္ဆာန်ဥယျာဉ် နားကပဲ Top Choice လက်ဖက်ရည်ဆိုင်ထင်တယ်၊ အဲ့မှာ မုန်.၀င်စားခဲ့တယ်။ လက်ဖက်ရည်ဆိုင်က တော်တော်လေးကို စုံပါတယ်။ ပုံမှန် လက်ဖက်ရည် ဆိုင်မှာ စားလို.ရတဲ့ မုန်.တွေ အပြင်၊ ထမင်းနဲ. ဟင်း တွေပါ ရောင်းပါတယ်။ ပြီးတော့ အသုတ်စုံ နဲ. မြန်မာရိုးရာ အစားအသောက် အစုံရပါတယ်။ ကျွန်တော်ကတော့ ထမင်းသုတ်နဲ. လက်ဖက်ထမင်းစားခဲ့ပါတယ်။
2013-Dec-12, ည ၉နာရီကားနဲ. မန္တလေးကို ပြန်မှာပါ။ ဒါကြောင့် အထုတ်အပိုးတွေ သိမ်း ရပါတယ်။ ပြီးတော့ ၀ယ်ထားတဲ့ မုန်.တွေ ကုန်အောင်စားရပါတယ်။ ကော်ပြန်.ကြော်၊ ၀က်သားလိပ်ကြော် နဲ. အာပူသုတ်။ :)
အောင်မင်္ဂလာ ကားဂိတ်ကို မသွားခင် တခါမှမရောက်ဖူးသေးတဲ့ Juction Square ကို အရင်ဝင်ပါတယ်။ အဲ့အချိန်တုန်းကတော့ ရန်ကုန်မှာ အသစ်ဖွင့်ထားတဲ့ Mall နဲ. အဆင်မြင့် Mall လို.ပြောလို.ရမယ်ထင်ပါတယ်။
Mall ထဲမှာ လူသိပ်မရှိဘူး။ Shopping ထွက်ဖို.လဲ အစီအစဉ်မရှိလို. ၊ Lotteria မှာ ကြက်ကြော် နဲ. ဘာဂါ ၀ယ်စားပါတယ်။ Set Meal ၂ခုမှာတာ ၁သောင်းခွဲလောက်ကျပါတယ်။ မြန်မာပြည်က အခြေခံလုပ်သား လစာ နဲ. ယှဉ်ကြည့်လိုက်ရင်တော့ ဒီလို Fast food ဆိုင်တွေဟာ ဈေးတော်တော်ကြီးနေသေးတာကို တွေ.ရပါတယ်။ သူများ နိုင်ငံမှာ Fast Food ဆိုင်က Meal တခုကို ၁နာရီ စာ အလုပ်လုပ်ရုံနဲ. စားနိုင်တယ်။ မြန်မာပြည်မှာကတော့ ၂ ရက် ၃ ရက်လောက် လုပ်မှစားနိုင်မည့် ဈေးမျိုး ဖြစ်နေတယ်။ ကိုယ်တိုင်ကလည်း ကြိုက်လို. စားတာ မဟုတ်ပါဘူး။ ဒီဆိုင်မှာ တခါမှ မစားဖူးလို. မြည်းစမ်း ကြည့်တဲ့ သဘောပါ။ မြန်မာပြည် ရောက်ရင်တော့ မြန်မာအစားအသောက်ပဲစားချင်တယ်။
ခရစ်စမတ် နဲ. နီးတော့ Junction Square မှာ ခရစ်စမတ် Decoration တွေ လုပ်ထားတာ တွေ.ရပါတယ်။
ည ၉နာရီ ကားနဲ. မန္တလေးကို ပြန်ပါတယ်။ ရန်ကုန် - မန္တလေး ကားစီးတိုင်း အမြဲ စိတ်ပူရပါတယ်။ အမြန်လမ်း ဆိုတာကလည်း သိတဲ့အတိုင်းပဲ အမြဲတမ်း ကြားရတဲ့ သတင်းတွေက ကြောက်စရာ။ ကိုယ်တိုင်းမမောင်းဖူး တော့ လမ်းမှာပဲ အပြစ်ရှိလား၊ မောင်းတဲ့သူပဲအပြစ်လို.လား တော့ မပြောတက်ဘူး။
မန္တလေး ကို မနက်စောစော ရောက်တော့ ကျွဲဆည်ကန်ကားကွင်းကနေ မြို.ထဲကို အသွား ၊ မန္တလေး လေဆိပ် အဟောင်းမှာ မီးပုံးပျံ လွတ်နေတာတွေ.လို. ခဏ ၀င်ကြည့်ခဲ့တယ်။ ဒီမီးပုံးပျံ က မန္တလေးတောင် ဘက်ကို သွားမည့် မီးပုံးပျံ ပါ။ သိပ်ပြီး စီးတဲ့သူမရှိလို.၊ အခုနောက်ပိုင်း မရှိတော့ဘူးထင်တယ်၊ အဲ့ဒီမီးပုံးပျံတွေကို ပုဂံပို.လိုက်တယ်ထင်တယ်။ ဘာလို.လဲ ဆိုတော့ နောက်နှစ် ပုဂံရောက်တော့ ဒီလို မီးပုံ အစိမ်းရောင်တွေ မြင်ခဲ့တယ်။ ခါတိုင်းဆို ပုဂံ မီးပုံက အနီရောင်ပဲ မဟုတ်လား။
မန္တလေး ရောက်ရောက်ချင်းစားဖြစ်တာကတော့ လက်ဖက်ရည်ဆိုင် နန်းကြီးသုတ်၊ ပလာတာကြော်နဲ. မုန်.ဟင်းခါးပါ။
No comments:
Post a Comment