2013-Dec-16, မန္တလေးက မျက်ပါးရပ် ရက်ကွက် ဘုရားပွဲ နဲ. သွားကြုံတယ်။ အရင်ငယ်ငယ်တုန်းက မျက်ပါးရပ် ဘုရားပွဲဆိုရင် အကြီးအကျယ် ကျင်းပတာလေ။ ဇာတ်ပွဲတွေ၊ ချား၊ ရဟတ်တွေနဲ. ခြိမ့်ခြိမ့်သဲ။ ပြီးရင် အလှူရှင်တွေက Calendar တွေ ပေါ်မှာ ပိုက်ဆံတွေ ကပ်ပြီး လှူ ကြတယ်။ Calendar တွေက စုံလွန်းလို. Calendar ဆိုင်မှာ တွေ.ရတာ ထက်တောင် ပိုစုံသေးတယ်။ အခုတွေ.ခဲ့တဲ့ မျက်ပါးရပ် ဘုရားပွဲကတော့ ခြင်းဝိုင်း ရယ်၊ မုန်.ဆိုင် တချို.ပဲ တွေ.ခဲ့တယ်။ မျက်ပါးရပ်ဆိုတာ က မန္တလေးမြို.မှာ ရွေဆိုင်း လုပ်တဲ့ ရက်ကွက်ပေါ့။
ခြင်းခတ်တာ ခဏကြည့်ပြီး မုန်.လင်မလား ၃၀၀ဖိုး ၁၀ခု နဲ. ၀ယ်လာခဲ့တယ်။
ဟောဒီ မုန်.သိုင်းခြုံ နဲ. အဖြူရောင် (အုန်းယိုက အထဲက) မုန်.ကိုလဲ အရမ်းကြိုက်တယ်။ ဒါပေမယ့် မ၀ယ်ခဲ့လိုက်ရဘူး။
ခုန ၀ယ်လာတဲ့ မုန်.လင်မယား ၁၀ခုပါ။ မုန်.လင်မယား၊ မုန်.ရေပါး တို.ဆိုတာ ကျွန်တော် အရမ်းကြိုက် တဲ့ ဘုရားပွဲ မုန်.တွေပါ။
ဒီကြောင် အမေကြီးက သူ.ပိုင်ရှင်ကပြောတာ အသက် ၁၇နှစ်လောက်ရှိပါပြီတဲ့။ ပိုင်ရှင်အိမ်မှာ မနေပဲ ဒီဈေးဆိုင်မှာ လာကပ်နေတာ ၆ နှစ်လောက်ရှိပြီ။ ညဆိုင်ပိတ်တော့လဲ ဆိုင်မှာပဲနေခဲ့တာတဲ့။ ဆိုင်နေရာပြောင်းတော့ မသက်သာလို. ထားခဲ့တာ၊ ပိုင်ရှင်အိမ်ပြန်သွားမယ် မှတ်တာ၊ ဆိုင်ခန်းအဟောင်းမှာနေပြီး ဆိုင်ရှင်ထိုင်စောင့်နေလို.၊ သနားတာနဲ. ဆိုင်အသစ်ကို ပြန်ခေါ်လာရတယ်။ ကြောင်တွေ ဆိုတာကလဲ သူတဲ့ချစ်တဲ့ သခင်တွေဆိုရင် အရမ်း သံယောဇဉ်ကြီးကြတယ်။ ကျွန်တော်တွေ.တုန်းက သူ.မှာ အခုပုံထဲက ကလေးလေး တစ်ကောင်ရှိတယ်။ သူမွေးတဲ့ ကလေးတိုင်း အမြဲတမ်း အဖတ်မတင်ဘူး။ ပျောက်သွားတာနဲ.၊ ဖျားပြီး သေတာနဲ.။ အခု ဒီအကောင်ပေါက်စလေးလဲ ပျောက်သွားတာ ပြန်ရှာမတွေ.တော့ဘူးတဲ့။
![]() |
အရင်တုန်းက လဲ ဆိုင်အဟောင်းမှာ သူ.သမီးလေး တစ်ကောင်အကြောင်းတောင် ပို.စ်တစ်ခု ရေးဖူးသေးတယ်။ သူလေးကတော့ ဖျားပြီး သေသွားတာ။ |
မန္တလေး ရတနာပုံညဈေး မှာ တိုဟူးနွေး ၊ ဆန်စီး အရည်ဖျော် နဲ. မာလာဟင်း ညစာ စား ခဲ့တယ်။ ရတနာပုံဈေး ညဈေးမှာ ကတော့ စားစရာတွေ အစုံရတယ်။ ဈေးဝယ်လို.လဲ ကောင်းတယ်။ ဟင်းသီးဟင်းရွက်၊ အသားငါး အကုန်ရတယ်။ အခုနောက်ပိုင်း အဲ့နားမှာ ဟိုတယ်တွေ ဖွင့်လာတော့ ညဈေးက နာမည်ကြီးလာပြီး Tourist attraction လို နေရာတောင် ဖြစ်လာပြီ။
2013-Dec-17, မန္တလေးကနေ ကျောက်ဆည်ကို ဆိုင်ကယ်နဲ. အလည်သွားတယ်။ ဒီ Church က 26 B လမ်း ကျုံးဘေးနားကပါ။
မန္တလေးကနေ ကျောက်ဆည်ကို ဆိုင်ကယ်မောင်းသွားတာ။ လမ်းမှားပြီး အမြန်လမ်းပေါ် ရောက်သွားတာ။ Highway Police နဲ. တွေ. ပြီး ဒဏ်ရိုက်ခံလိုက်တာ မှတ်မိသေးတယ်။ မောင်းနေရင်းနဲ. လမ်းမှားနေမှန်းသိတယ်။ ဒါပေမယ့် အမြန်လမ်းက မဆုံးနိုင်၊ ကွေ.လို.လဲ မရတော့ မောင်းရင်း နဲ. ဝေးဝေးသွားတာာ။ ဆက်မောင်းသွားရင် ကျောက်ဆည်မရောက်ပဲ၊ နေပြည်တော် တောင် ရောက်သွားမယ် တဲ့။ အစက စိတ်ကုန်ပြီး မန္တလေး ပဲ ပြန်လှည့်မလို.။ ဒါပေမယ့် ကျောက်ဆည်ဘက်သွားတဲ့လမ်း တွေ.တာနဲ. ကျောက်ဆည်ရောက်သွားခဲ့တယ်။ ကျောက်ဆည်က နာမည်ကြီး မြန်မာထမင်းဆိုင်မှာ နေ.လည်စာ စားခဲ့တယ်။ ဆိုင်နာမည်တော့ မမှတ်မိတော့ဘူး။
ကျောက်ဆည်က အရင်မရောက်ဖူးသေးတဲ့ ဘုရားတွေ သွားဖူးခဲ့တယ်။ ဘုရား အမည်တွေကိုတော့ မမှတ်မိတော့ဘူး။ ကျောက်ဆည်ကို ၂၀၀၁ ခုနှစ်လောက်က တခါ ရောက်ဖူးတယ်။ အဲ့တုန်းက မန္တလေးကနေ ဘက်စ်ကား နဲ. လာလည်တာ။ အဲ့တုန်းကတော့ ကျောက်ဆည်တောင်ပေါ်တက်ခဲ့ဖူးတယ်။
အခုတခါ ကျောက်ဆည်ရောက်တာ ရောက်ပြန်လိုဖြစ်သွားတယ်။ မန္တလေးထွက်လာတာလဲ နောက်ကျတယ်။ လမ်းမှားမောင်းလို. ဒဏ်ငွေဆောင်ရတယ်။ လူကလဲ သိပ်စိတ်မပါတော့လို. ဘုရား ၂ခုလောက်ပဲ ဖူးပြီးပြန်လာခဲ့တယ်။ အဲ့နေ.ညမှာပဲ ဘာမှ Plan မရှိပဲ၊ မြန်မာပြည်မှာ ရှိတဲ့ ရက်ကလေးတွေ အသုံးချပြီး ကလောမြို.ကို ဘက်စ်ကား နဲ. ထွက်သွားခဲ့တယ်။ ကလောကို မန္တလေးကနေ ည ၁၀ ကား နဲ. တစ်ယောက်တည်း သွားခဲ့တယ်။
နောက်ပို.စ်မှာ ကလောမြို.အကြောင်းနဲ. Plan မရှိပဲ၊ အလောသုံးဆယ် လုပ်လာတဲ့ ခရီး အဆင်မပြေပုံတွေ ရေးပါ့မယ်။
No comments:
Post a Comment