 |
2013-Dec-16, ၂၀၁၃ ခုနှစ်မှာ ပတ်စပို.စ် သက်တမ်းကုန် ခါနီးမို.။ ခါတိုင်းလို ရန်ကုန်မှာသွားတိုးစရာ မလိုတော့ပဲ မန္တလေးမှာ သက်တမ်း တိုး ခဲ့ လိုက်တယ်။ မန္တလေး ပတ်စပို.စ် ရုံးက မန္တလေး တောင်ခြေ နားမှာပါ။ စန္ဒာမုနီ ၊ ကုသိုလ်တော် ဘုရား တို.နဲ. မျက်နှာချင်းဆိုင်ပါ။ လမ်းလျှောက်သွားလို.ရပါတယ်။ ဒါကြောင့် ပတ်စပို.စ် သက်တမ်း တိုး ပြီး အပြန် အဲ့ဒီဘု၇ားတွေကို သွားဖူးခဲ့တယ်။ ဒီတခါ ပတ်စပို.စ် သက်တမ်း တိုးတာ အရမ်းလွယ်ပါတယ်။ မနက် ၈ နာရီခွဲလောက် သွားတန်းစီ။ ၉နာရီ ရုံးတံခါး ဖွင့်၊ ဖောင်တွေ ဖြည့်ပြီး ၁နာရီလောက် ကြာရင် ပြီးသွားပါတယ်။ ပြသနာက ကျွန်တော့ အရင် စာအုပ်က စင်ကာပူ သံရုံးမှာ သက်တမ်းတိုး ထားတော့ PJ စာအုပ်။ အခု မန္တလေး က ထုတ်ပေးလိုက်တာက PV စာအုပ်။ အခုတလော ဖဘ ထဲမှာ PJ PV ကိစ္စတွေ ပလူပျံနေတာ ၊ အခုနောက်တခါ ပြန်ရင် ဘာဖြစ်မလဲ Immigration မှာ အရစ် ခံရမလား မသိဘူး။ PJ PV အကြောင်း ကျွမ်းကျင်တဲ့ သူတွေ ရှိရင်လဲ ပြောပြကြပါဦးနော်။
အရင်ဦးဆုံး စန္ဒာမုနီ ဘုရားထဲကို အရင်သွားခဲ့တယ်။ ဘု၇ားကျောင်းဝမှာ ပန်းရောင်းတဲ့ ကလေးမလေး နဲ.တွေ.ခဲ့တယ်။ သူက Tourist ဓါတ်ပုံဆရာတွေ အကြားအရမ်းနာမည်ကြီးတာနော်။ သူအမေ ကတောင် ပြောသေးတယ်။ သူ.ကို ဂျပန်ကြီး မွေးစားချင်တာတဲ့။ အဲ့ကောင်မလေးကို ၂၀၁၅ လောက်မှာ တခါ ထပ်တွေ.သေးတယ်။ ၂ နှစ်အတွင်း တော်တော်ထွား လာတယ်။
|
 |
Popular Flower girl at Sandamuni Pagoda. |
စန္ဒမုနိ ဘုရားကအပြန် ကုသိုလ်တော် ဘု၇ားကိုပါ တခါတည်း သွားခဲ့တယ်။ ကုသိုလ်တော်ဘုရားဝန်းထဲမှာ နှစ် ၁၂၀ကျော် ခရေပင်ကြီးရှိတယ်။ ဘုရားဝန်းထဲမှာ နေ.ခင်းပိုင်းဆိုတော့ လူရှင်းတယ်။ Tourist တွေက ဒီဘုရား တွေကို မန္တလေးတောင် ပေါ်မတက်ခင် ညနေခင်းလောက်မှ လာကြတာများတယ်။
ကုသိုလ်တော် ဘုရားက အပြန် တလက်စ တည်း ကျောက်တော်ကြီး ဘုရားကိုပါ တခါတည်း ၀င်ဖူးခဲ့တယ်။ ကျောက်တော်ကြီး ဘုရားက အထွက် အလှူလှည့်တာနဲ. တိုးလို. ရှင်လောင်းတွေ၊ ကွမ်းတောင်ကိုင် တွေကိုပါ ဓါတ်ပုံရိုက်ခဲ့သေးတယ်။
စိတ်မပါတာနဲ. ဘလော့မေ၇းဖြစ်တာ ၁လ ကျော်လောက်ရှိသွားပြီ။ နောက် မှန်မှန်ရေးဖြစ်အောင် ကြိုးစားပါ့မယ်။
No comments:
Post a Comment