2013-Dec-18, မန္တလေးကနေ ည ၁၀နာရီကားနဲ. ကလောမြို. ကိုသွားတယ်။ ကလောမြို.ကို မနက် ၃ နာရီလောက် ရောက်တယ်ထင်တယ်။ ဘက်စ်ကား ပေါ်မှာ အိပ်လို.ကောင်းနေတုန်း၊ ကလော ရောက်ပြီဆိုလို. ကမန်းကတန်းဆင်းလိုက်ရတာ ကားပေါ်မှာ ခြုံထည်ပုဝါ ကျန်ခဲ့တာ မှတ်မိသေးတယ်။ အဲဒီ ဘက်စ်ကားက တောင်ကြီးထိသွားတာပါ။ ပေးထားတဲ့ ကားခနဲ. တောင်ကြီးထိ စီးလို.ရပါတယ်။ ကလောမှာ ဆင်းလို. ဈေးမလျှော.ပါဘူး။
မနက်အစောကြီး ကလောမြို.ရဲ. လမ်းမကြီးပေါ်မှာ ဆင်းခဲ့တာ၊ လမ်းပေါ်မှာ ဘယ်သူမှမရှိ။ Taxi ဆရာတောင်မတွေ.ပါဘူး။ ဒါပေမယ့် မြို.လယ်ခေါင်လမ်းမဆိုတော့ Hotel တွေ တော့ တွေ.တယ်။ ဒါပေမယ့် ဟိုတယ်တွေက တံခါးတွေပိတ်ထားတယ်။ အဲ့နေ.မနက်က တော်တော်လေးကို ချမ်းတယ်။ ဒီလိုနဲ. ဟိုတယ်လိုက်ရှာရင်း အမျိုးသမီးတစ်ယောက်က လှမ်းအော်တယ်။ အစ်ကိုဟိုတယ် ရှာနေတာလား၊ ဒီမှာ တည်းလို.ရတယ် ဆိုတာနဲ. "Pine Land Inn" ကို ၀င်သွားခဲ့တယ်။ ဟိုတယ်က အသေးစားလေးပါ။ တစ်ညမှ ၄၀၀၀ ကျပ်တည်း။ ဟိုတယ်က မိသားစု နဲ. run နေတဲ့ ဟိုတယ်လေးပါ။
ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို Kalaw to Inlay Lake Trekking သွားချင်ကြောင်း ပြောတော့၊ သူက မေးတယ်။ ပုံမှန်အားဖြင့် မြန်မာတွေက Trekking တွေ မသွားပါဘူးတဲ့။ သူပြောတာလဲ မှန်ပါတယ်။ Trekking တွေ သွားတာ အဲ့တုန်းက ဆို နိုင်ငံခြားသားတွေပဲ သွားကြတာများတယ်။ ပြည်တွင်းကလူတွေက အဲ့လို ပင်ပန်းတဲ့ အလုပ်မျိုးဆို သိပ်ပြီး ၀ါသနာမပါဘူး ကြဘူးမလား။ ကိုယ်ကလည်း ဓါတ်ပုံရိုက်ချင်လို. သွားချင်တာလေ။ သူက ဒီဟိုတယ်တည်းနေတဲ့ ဂျပန်တစ်ယောက် ကနေ. မနက် စောစောသွားမှာ သူနဲ. လိုက်ချင်ရင် သွားလို.ရတယ်လို.ပြောတယ်။ ဒါပေမယ့် အခုချက်ချင်း Trekking သွားလိုက်ရင် ကလောမြို.ကို လည်ရမှာ မဟုတ်တော့ဘူး၊ ပြီးတော့ ညကလည်း အိပ်ေ၇း မ၀ဘူးဆိုတော့ နားလိုက်ပါဦးမယ်ဆိုပြီး အခန်းထဲဝင်အိပ်နေလိုက်တယ်။
မနက် ၃ ၊ ၄ နာရီလောက် အိပ်ပြီး ကလောမြို.ထဲကို လျှောက်လည်ပါတော့မယ်။ ဟိုတယ်ကိုမေးလိုက်တာ ဘယ်နေရာတွေ သွားလည်သင့်သလဲပေါ့။ ဟိုတယ်ကပြောလိုက်တယ် ရွေဥမင် ဘုရားနဲ. နှီးဘု၇ားက သိပ်မဝေးဘူး လမ်းလျှောက်သွားလို.ရတယ်ဆိုလို. မှတ်ထားလိုက်တယ်။
ကလော မနက်ခင်းက တော်တော်လေးကို ချမ်းပါတယ်။ လမ်းလျှောက်နေရင်း နွေးလာတယ်။ လမ်းတစ်လျှောက်သေချာအောင် မေးသွားတယ်။ "နှီးဘု၇ား ရောက်တော့မှာလား" ။ လူတွေက ပြောတယ် " ရောက်တော့မယ်၊ ရောက်တော့မယ်။ " တဲ့။ ဒါပေမယ့် သူတို.ရောက်တော့မယ် ဆိုတာက မိနစ်၃၀လောက် လမ်းလျှောက်လိုက်ရတယ်။ လမ်းက အတက်လမ်းဆိုတော့ နည်းနည်းတော့ ပင်ပန်းတယ်။ ဒါတောင် ရာသီဥတုက အေးလို.၊ မဟုတ်ရင် တော်တော်ပင်ပန်းမယ်။ လမ်းတစ်လျှောက် ရူခင်းတွေကတော့ လှတယ်။ အ၀ါရောင် ပန်းခင်းတွေ သိပ်လှတယ်။
ထောပတ်သီးပင် အသီးတွေ သီးတာ အားရစရာကြီး။ ဒါကြောင့်လဲ မြန်မာပြည်မှာ ထောပတ်သီးဈေးပေါတာပေါ။
အရင်ဆုံး နှီးဘု၇ားကို အရင်ရောက်တယ်။ အရမ်းစောနေတော့ ကိုယ်က ပထမဆုံး ဘုရာဖူးဖြစ်နေတယ်။ ဘုရားတောင်တံခါး အကုန်မဖွင့်သေးဘူး။ ဘုရား စောင်းတန်းမှာ ခွေးတွေ အများကြီးအိပ်နေလို. အစက ခွေးကိုက်ခံရမှာ ကြောက်ပြီး လှည့်ပြန်မယ် လုပ်နေတာ။ အဝေးကြီး လမ်းလျှောက်လာရတာ နှမြောလို. ကြောက်ကြောက်နဲ. ရောက်သွားတယ်။
နှီးဘုရားက ရွေချပြီးသားပါ။ ဘုရားရှိခိုး၊ အလှူငွေထည့်ပြီး။ နှီးဘုရားမှာ တခြား ဘာမှ လုပ်စရာမရှိဘူး။ ဘုရားက လူက လက်ဖက်နဲ. ရေနွေးကြမ်း တိုက်လို.သောက်ခဲ့သေးတယ်။ မနက်စာလဲ မစားရသေးဘူးလေ။
နှီးဘု၇ား ကအပြန် စောင်းတန်းကနေ ဆင်းလာပြီးမှ ဘုရားထဲမှာ ဦးထုပ်မေ့ကျန်ခဲ့လို. အပေါ်ပြန်တက်ပြီး ဦးထုပ်ပြန်သွားယူခဲ့တာ မှတ်မိသေးတယ်။ ခွေးတွေကတောင် ကိုယ်ပြန်ရောက်လာတာ မှတ်မိတဲ့ ပုံပေါက်တယ်။ 🌝
နှီးဘုရားကအပြန် ရွေဥမင် ဘုရားကိုသွားတယ်။ လမ်းမှာ golf ကွင်းတခုတွေ.ခဲ့တယ်။ ရွေဥမင် ဘု၇ားကိုေ၇ာက်တော့မှ လှိုဏ်ဂူ ဘုရားမှန်းသိတယ်။ ကလောကို မလာခင်က ဘယ်နေရာ သွားလည်ရမယ်ဆိုတာ ဘာမှ research မလုပ်ပဲ ချက်ချင်းစီစဉ်လိုက်လို. အခုလို နေရာတွေ နဲ. နာမည်တွေကို တွဲမသိဘူး။ ရောက်တော့မှ ပဲ သြော် ဒီနေရာ က ဒီလိုပါလား ဆိုတာ သိတော့တယ်။
ရွေဥမင် ဘုရားမှာလဲ စောသေးလို. ဘုရားဖူးက ကိုယ်တစ်ယောက်တည်း ၊ လှိုက်ဂူထဲမှာလဲ ကိုယ်တစ်ယောက်တည်းပဲ ရှိတယ်။
ရွေဥမင် ဘုရားဖူးပြီးသွားတော့ လာလမ်းအတိုင်း ကလောမြို.ထဲ ကို ပြန်ပြီး လမ်းလျှောက်ရပါတယ်။ လမ်းမှာ မူလတန်းကျောင်းတခုကို ၀င်ပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ်။ နောက်ပို.စ်မှာ ဆက်ရေးပါ့မယ်။
လွန်ခဲ့တဲ့ ၁၇ နှစ် တုံးက Honeymoon ကို ကလော/ တောင်ကြီး /အင်းလေး မှာ နေခဲ့ ၇တာ သတိ၇သွား သဗျာ... :D
ReplyDelete