2013-Dec-18, နှီးဘုရား နဲ. ရွေဥမင် ဘုရား ဖူးတော့ ကလောမြို.ထဲက ပြန်လာခဲ့တယ်၊ လမ်းမှာ မူလတန်းကျောင်း တွေ.လို. ကျောင်းမတက်ခင်ကလေးတွေ ဆော့နေတာ တွေ.လို. ခဏ၀င်ကြည့်ခဲ့တယ်။ ကျောင်းက တောင်ကုန်းပေါ်မှာ ရှိတာပါ။ ကလေးတွေက ကင်မရာတွေ.တော့ သဘောကျနေကြတယ်။ အဲ့တုန်းက ကျွန်တော် ကင်မရာ ၂လုံးပါသွားတယ်။ အသေးတလုံး နဲ. အကြီးတလုံး။ သူတို.ကို အသေးတလုံး ပေးဆော့ ခိုင်းပြီး ကျန်တဲ့ ကင်မရာအကြီး နဲ. သူတို.ကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ကလေးတွေက ကင်မရာ ကိုဆော့ပြီးတော့ ရိုရိုသေသေ ပြန်ပေးပါတယ်။
ကျောင်းထဲမှာ ဓါတ်ပုံဝင်ရိုက်တော့ ကလေးတွေ အရမ်းပျော်နေတယ်လို. ခံစားရတယ်။ ပြီးတော့ ကျွန်တော် ကျောင်းက အပြန် တောင်ကုန်း ပေါ်က ဆင်းသွားတော့ အပေါ်က နေ ကျောင်းသားတွေ စုပြီး ဘိုင်ဘိုင်လို. လှမ်းအော်ကြတော့ စိတ်ထဲမှာ ၀မ်းနည်းသလိုလိုတောင် ဖြစ်လာတယ်။
မြို.ထဲရောက်တော့ ကလေးဈေးထဲကို ၀င်ပြီး မနက်စာ စားဖို. ဆိုင်ရှာတယ်။ ဈေးထဲမှာ တိုဟူးနွေး၊ ရှမ်းခေါက်ဆွဲ ဆိုင်တွေ အများကြီးပဲ။ ရောင်းတဲ့ အစားအသောက်ချင်း တူတဲ့ ဆိုင်တွေ ကပ်လျှက်ဖွင့်ထားကြတယ်။ ကျွန်တော်ကတော့ စားတဲ့သူများပြီး၊ အစားအသောက်စုံတဲ့ ဆိုင်ကိုပဲ ရွေးထိုင်လိုက်တယ်။ တိုဟူးနွေးနဲ. ဟင်းထုတ် ၀င်စားခဲ့တယ်။ အဲ့တုန်းက မန္တလေးမှာ တိုဟူးနွေး တပွဲ ၈၀၀ လောက်ပေးနေရတဲ့ အချိန်ကို ကလောဈေးထဲမှာ တပွဲမှ ၃၀၀ ပဲပေးရတယ်။ ပန်းကန်လေးတွေကသေးတော့ ၂ပွဲလောက်စားမှ တင်းတိမ်တယ်။ စားလို. အရမ်းကောင်းလို. မနက်ဖြန် မနက်လာစားဦးမယ်လို. မှတ်ထားခဲ့တယ်။
မနက်ဖြန် မနက် ၉နာရီလောက် ကလောကနေ၊ အင်းလေကို 3 days 2 nights Trekking သွားဖို. ဟိုတယ်ကိုပြောထားတယ်။ အဆင်ပြေရင် မနက်ဖြစ် မနက် Trekking မထွက်ခင် ဒီမှာ မနက်စား လာစားဦးမယ်။ ပြီးတော့ ဈေးထဲရောက်တုန်း မနက်ဖြန် Trekking သွားရင် လမ်းမှာ ကလေးတွေ တွေ.ရင်ပေးဖို. မုန်.တချို.ကိုလည်း ၀ယ်လာခဲ့တယ်။
No comments:
Post a Comment