Monday, April 17, 2017

0

Cherry blossom in Vancouver 2017



အခု Canada နိုင်ငံ Vancouver မြို.မှာ Cherry ပန်း တွေ စပြီးကြွေနေပါပြီ။ တစ်လမ်းလုံး ပွင့်နေတဲ့ ချယ်ရီပန်းတွေ ကြွေတော့ တစ်လမ်းလုံး ပွင့်ဖတ်တွေ ပျံ.ကျဲပြီပေါ့။ Cherry ပန်းတွေ ကြွေပြီးရင် သစ်ရွက်တွေ နဲ. အသီးတွေ ထွက်လာတော့မယ်။ Cherry သီးတွေသီးပြီ ဆိုရင်လဲ ခူးလို.ကို မနိုင်ပါဘူး။ မုန်းနေအောင် စားရတယ်။ ဈေးဆိုင်တွေမှာလဲ Cherry သီးတွေကို ဈေးသက်သက်သာသာ နဲ. ၀ယ်စားလို.ရပါတယ်။

Saturday, April 8, 2017

1

Vancouver Spring Flower 2017

 
 2017-Apr-06 ကဓါတ်ပုံရိုက်ထားတာ,   Canada နိုင်ငံ Vancouver မြို. မှာ Sakura နဲ. Daffodil ပန်း တွေ ပွင့်နေပြီ။ Cherry နဲ. Tulip တွေကတော့ သိပ် မပွင့်သေးဘူး။ ပွင့်တဲ့ နေရာမှာလဲ ပွင့်နေပြီ။ မနှစ်ကလို ညီညီညာညာ မပွင့်ကြဘူး။ ဘာလို.လဲဆိုတော့  ဒီနှစ်က စံချိန်တင်လောက်အောင် မိုးများပြီး၊ ရာသီဥတုက အရမ်းအေးလို.ပါ။  ဆောင်းတွင်းတုန်းကလဲ နှင်းတွေ တော်တော်ကျခဲ့တယ်။ နွေဦးဝင်တာလဲ နောက်ကျတယ်။  အခုနွေဦးလို.သာ ပြောတယ် တော်တော်လေးကို ချမ်းတုန်းပဲ။ Temperature က  ၁၀ ဒီဂရီ စင်တီဂရိတ်အောက်မှာ ပဲရှိတယ်။  မိုးများပြီး ၊ နေသာတဲ့ ရက် နည်းတော့ ပန်းတွေ ပွင့်တာ နောက်ကျတယ်။ နောက်ပြီး မိုးရေကြောင့် တချို. အပင်တွေဆို အဖူးမှာတင် မိုးရေကြောင့် နွမ်းပြီး ကြွေကုန်တယ်။

Wednesday, March 29, 2017

0

Bagan Trip (2013-Dec) #2


2013-Dec-24,  န၀ါ မြန်မာဘူဖေး ဆိုင်မှာ နေ.လည်စာစားပြီး တည်းဖို. ဟိုတယ်ရှာရပါတယ်။ Christmas Holiday ကာလမို. ပုဂံမှာ ဧည့်သည်တွေ များတယ်၊ ဟိုတယ်တွေ တော်တော်များများက ပြည့်နေပြီ။ ဟိုတယ် ၄၊ ၅ ခုလောက် မေးကြည့်တယ်။ တချို.ဟိုတယ်တွေက ဈေး မတန်မဆ တွေ တောင်းတယ်။ ကိုယ်တိုင်ကလည်း Budget ဟိုတယ်ပဲ ရှာတာဆိုတော့၊ နောက်ဆုံးမှာ ညောင်ဦးဈေးနဲ. သိပ်မဝေး တဲ့ Shwe Na Di Guesthouse မှာ တည်းဖြစ်သွားတယ်။ အဲ့ဒီမှာ အခန်း ၂မျိုး ရှိတယ်။ ဈေးပေါတဲ့ အခန်း (ရေချိုးခန်း၊ အိမ်သာ အပြင်မှာ စုသုံး) အဲ့ယားကွန်းမပါ ၊ ဈေးနည်းနည်းများတဲ့ (ရေချိုးခန်း၊ အိမ်သာ တွဲရပ် ပါ)  အဲယားကွန်းပါ  ဆိုပြီးရှိတယ်။ ဈေးမဆိုတာနဲ. အဲယားကွန်း အခန်းပဲ ယူလိုက်တယ်။

Monday, March 13, 2017

3

Bagan Trip (2013-Dec) #1


2013-Dec-22, မနက်စာ ကို မန္တလေး က  "ရိုးကောင်း" ခုနှစ်လွာပေါက်စီ စားတယ်။ ဆိုင်လိပ်စာ က ၇၄လမ်း၊ ၃၃x၃၂ လမ်းလောက် ကျမယ်ထင်တယ်။  အဲဆိုင်က ပေါက်စီ က မနက် ၈နာရီလောက်ဆို ကုန်ပြီ။ ဒီလို ခုနှစ်လွှာ ပေါက်စီမျိုး တခြား နိုင်ငံမှာ ရှိလားတော့မသိဘူး။ အခုထိတော့ မန္တလေး ပြန်ရောက်မှပဲ စားရတယ်။  ပြီးတော့ အိမ်ရှေ.က ခေါင်းရွက်ရောင်းတဲ့ မုန်.လုံးရေပေါ်နဲ. အချိုတည်လိုက်တယ်။ အဲဒီအချိန်က မန္တလေးမှာ ပန်းလိမ္မော်တွေ အရမ်းပေါတယ်။ လိမ္မော်သီးက တော်တော်ကို ချိုတာ။ အခွံကလဲ ပါးပါးလေးရယ်။

Monday, March 6, 2017

0

1 Day Activities in Mandalay


2013-Dec-21, မနက်စာ တိုဟူးနွေး အိမ်မှာချက်စားတယ်။ ခေါ်ပုတ်တွေ လဲ ၀ယ်ထားတာရှိတော့ တိုဟူးနွေးနဲ. ခေါပုတ်နဲ. တွဲပြီးစားမယ်။ တိုဟူးနွေး ကြိုတဲ့သူ က ကြို။ ခေါ်ပုတ်ဖုတ်တဲ့ သူကဖုတ် နဲ. အလုပ်ကိုရူပ်လို.။

Tuesday, February 7, 2017

0

U Bein Bridge Sunset, 2013


2013-Dec-20, Innwa က အပြန် နေ၀င်ချိန်နဲ. ကွတ်တိမို. လမ်းလဲ သင့်တာနဲ. U Bein Bridge (ဦးပိန်တံတား) ကိုတခါတည်းသွားခဲ့တယ်။ ဆိုင်ကယ်ကို ဘုရားကျောင်းဝန်းထဲမှာ အပ်ရတယ်။ ဘုရားကျောင်းဝန်းတည်းရောက်လက်စ နဲ. တခါတည်း ဘုရားဝင်ဖူးခဲ့တယ်။ ဦးပိန်တံတားကို ရောက်တာ ခဏခဏ ၊ ဒါပမယ့် ဒီဘုရားကို အခုမှ ရောက်ဖူးတာပါ။

Tuesday, January 24, 2017

0

Innwa Old City, Mandalay #2


2013-Dec-20, အင်းဝ မြို.ဟောင်းက နာမည်ကြီး Attraction နေရာတခုဖြစ်တဲ့ ဗားကရာ ကျောင်းကို ရောက်သွားတယ်။ ဗားကရာ ကျောင်းက ဘာနဲ.တူလဲဆိုတော့ မန္တလေးက ရွေကျောင်းကြီး နဲ. တူတယ်။ ဒါပေမယ့် ရွေကျောင်းကြီးကတော့ အနုပညာ လက်ရာပိုပြီး အနုစိတ်တာပေါ့။ ဒီကျောင်းမှာတော့ ဘုန်းကြီးတွေ နေတယ်ထင်တယ်။ ပြီးတော့ ဒီကျောင်းထဲမှာပဲ ဘုန်းကြီးတွေက ကိုရင်လေးတွေ၊ ကလေးငယ်လေးတွေကို စာတွေ သင်ပေးနေတာလဲ တွေ.ခဲ့တယ်။

Friday, January 13, 2017

1

Innwa Old City, Mandalay #1


2013-Dec-19, Kalaw ကပြန်လာတာ မန္တလေးကို ညမှောင်မှ ရောက်တယ်၊ ညစာ စားချိန်နဲ. ကွတ်တိပဲ။ ညစာကိုတော့ ရတနာပုံဈေး ညဈေးက ၀ယ်စားလိုက်တယ်။

Wednesday, January 4, 2017

0

Kalaw Day 1 & 2


2013-Dec-18, မြင်းမထိလှိုဏ်ဂူ ကို ဆိုင်ကယ် Taxi နဲ.သွားပြီး အပြန်မှာ တည်းတဲ့ ဟိုတယ် ရှေ.မှာပြန်ချပေးပါတယ်။ နေမ၀င်သေးတာနဲ. ဟိုတယ် ရှေ.က တောင်ကုန်းလေးတွေ.လို. အဲ့ဒီဘက်ကိုသွားခဲ့တယ်။ တောင်ကုန်း ကို လမ်းမကနေ လှေကားထစ် အတိုင်းတက်သွားရုံပါပဲ။ တောင်ကုန်းအပေါ်မှာ ဘုန်းကြီး ကျောင်းရှိပုံပေါက်တယ်။ အပေါ်မှာဆို View မယ့်ပုံပဲ၊ ပြီးတော့ Sunset လဲ ကြည့်လို.ရလောက်မယ်ထင်ပြီးသွားခဲ့တယ်။

Monday, January 2, 2017

0

Kalaw Day 1 (Myin Ma Hti Cave , Hill Top Villa Resort & Kalaw Train Station)


2013-Dec-18, ကလောမြို.နားက လမ်းလျှောက်သွားလို.ရတဲ့ ရွေဥမင်ဘုရားနဲ. နှီးဘုရားကို သွားပြီး။ ညနေပိုင်း ဆိုင်ကယ် Taxi နဲ. မြင်းမထိ လှိုဏ်ဂူနဲ. Hill Top Villa Resort ကိုသွားခဲ့တယ်။ ဆိုင်ကယ် သမားကို ၆၀၀၀ ပေးရတယ်ထင်တယ်။ မြင်းမထိ လှိုဏ်ဂူက တော်တော်လေးတော့ သွားရတယ်။ လမ်းမှာလဲ လူပြက်တယ်။

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis