2013-Dec-19, Kalaw ကပြန်လာတာ မန္တလေးကို ညမှောင်မှ ရောက်တယ်၊ ညစာ စားချိန်နဲ. ကွတ်တိပဲ။ ညစာကိုတော့ ရတနာပုံဈေး ညဈေးက ၀ယ်စားလိုက်တယ်။
ငှက်ပျောပေါင်း |
ဆန်ပြား ရည်စိမ် ထင်တယ်။ |
ကြက်ဥမွေကြော် |
လိမ္မော်သီးတော်တော် ချိုတယ်။ |
မန္တလေးမြို. အနီးတ၀ိုက်ဘယ်နေရာသွားလည်ရင်ကောင်းမလဲ စဉ်းစားရင်း။ မရောက်တာ တော်တော်ကြာပြီဖြစ်တဲ့ အင်းဝမြို.ဟောင်းကိုသွားသတိရတယ်။ ၁၀နှစ်လောက်နေပြီးမှ ပြန်ရောက်ဖြစ်တယ်ဆိုပါတော့။
2013-Dec-20, မနက်ခင်း မန္တလေးကနေ ဆိုင်ကယ်နဲ. အင်းဝဘက်ကိုသွားခဲ့တယ်။ အင်းဝ ကို တံတားဦး ဘက်ကနေသွားလို.ရတယ်ဆိုတာတော့ သိတယ်။ ဒါပေ့မယ် ဇက်နဲ. ကူးသွားရင် ပိုနီးတယ်ဆိုလို. အင်းဝဘက်ကမ်းကို ဇက်နဲ. ကူးသွားခဲ့တယ်။ တံတားဦးဘက်ကနေသွားရင် ပိုဝေးမယ်ထင်တယ်။
ဆိုင်ကယ်ကို ဇတ်ပေါ်တင်ပြီးကူးသွား ပါတယ်။ ဇတ်ဆိုတာ ဟိုဘက်ကမ်း နဲ. ဒီဘက်ကမ်း ကူးပေးတဲ့ သဘောင်္ပါ။ မန္တလေးမှာတော့ အဲ့လိုပဲခေါ်ကြတယ်။ သဘောင်္အထွက်စောင့်နေတုန်း ဒီချစ်စရာ Puppy လေးတွေ နဲ. ဆုံခဲ့တယ်။
အင်းဝဘက်ကို ကမ်းကပ်ရင် မြင်းလှည်းသမားတွေ စောင့်နေပါတယ်။ အင်းဝမှာက ကိုယ်ပိုင် ယဉ်ပါမလာတဲ့ သူတွေက မြင်းလှည်းနဲ. လည်ကြတယ်။ တချို.ကြတော့လဲ မန္တလေးကနေ ဆိုင်ကယ်၊ စက်ဘီးတွေ နဲ. လာကြတာလဲ ရှိပါတယ်။ တခြား မန္တလေး အနီးတ၀ိုက်က attraction တွေ နဲ. စာရင် အင်းဝက Tourist တွေ လာတာ နည်းတယ်လို.ပြောရမယ်။
အရင်ဆုံး အင်းဝမြို. ရဲ. အထင်ကရ မယ်နုအုတ်ကျောင်းကို ရောက်ပါတယ်။ ဒီကျောင်းက သမိုင်းကြောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ခဏ ပဲ ၀င်ကြည့်လိုက်တယ်။ ကျောင်း ပတ်ဝန်းကျင်မှာလဲ တခြား စေတီတွေ ရှိပါသေးတယ်။ ပြီးတော့ ဧရာဝတီ မြစ်၊ စစ်ကိုင်းတံတားကို လှမ်းမြင်ရတဲ့ View ရှိပါတယ်။
စိတ်ဝင်စားသူတွေ ဖတ်ရအောင်လို. |
မယ်နုအုတ်ကျောင်း ပြီးတော့၊ အင်းဝက နန်းမြင့် မျှော်စင်ကို ရောက်သွားပါတယ်။ ငယ်ငယ်တုန်းရောက်တုန်းက အဲ့မျှော်စင်ပေါ် လူတွေ တက်ကြည့်လို.ရတယ်။ အခုတော့ ပေးမတက်တော့ဘူး။ အောက်ကနေပဲ လှမ်းကြည့်ရုံပဲ။
အင်းဝမြို.က စိုက်ပျိုးရေး အဓိကလုပ်တဲ့ မြို. ထင်တယ်။ နေရာတိုင်းမှာ စိုက်ခင်းတွေချည်းပဲ။ ရောက်တုန်းကတော့ ငှက်ပျော်ခင်းတွေ၊ နေကြာခင်းတွေ တွေ.ခဲ့တယ်။ပြီးတော့ မန္တလေးနဲ. မြစ်လေးပဲ ခြားပြီးတော့ မန္တလေး မြို. နဲ. ယှဉ်ရင် တော်တော်လေး ဖွံ.ဖြိုး မူတွေ နောက်ကျနေတယ်လို.ပြောရမယ်။ သီးခြား ကမ္ဘာလေးလိုပဲ။ သူဟာနဲ.သူ သီးသန်. မြို.လေးဖြစ်နေတယ်။
ရတနာဆီမီးဘုရား (Yadana Hsemee Pagoda) ကတော့ ထိုင်းနိုင်ငံ က အယုဒ္ဒယက ဘုရားပုံစံလိုပဲ။ ဓါတ်ပုံရိုက်လို.ကောင်းတဲ့ နေရာ တနေရာပါ။
ပုံတွေ ကကြည်လင် ပြတ်သား လှပ ပါပေတယ်...: D
ReplyDelete