Tuesday, January 24, 2017

0

Innwa Old City, Mandalay #2


2013-Dec-20, အင်းဝ မြို.ဟောင်းက နာမည်ကြီး Attraction နေရာတခုဖြစ်တဲ့ ဗားကရာ ကျောင်းကို ရောက်သွားတယ်။ ဗားကရာ ကျောင်းက ဘာနဲ.တူလဲဆိုတော့ မန္တလေးက ရွေကျောင်းကြီး နဲ. တူတယ်။ ဒါပေမယ့် ရွေကျောင်းကြီးကတော့ အနုပညာ လက်ရာပိုပြီး အနုစိတ်တာပေါ့။ ဒီကျောင်းမှာတော့ ဘုန်းကြီးတွေ နေတယ်ထင်တယ်။ ပြီးတော့ ဒီကျောင်းထဲမှာပဲ ဘုန်းကြီးတွေက ကိုရင်လေးတွေ၊ ကလေးငယ်လေးတွေကို စာတွေ သင်ပေးနေတာလဲ တွေ.ခဲ့တယ်။






ကျောင်းတကျောင်းလုံး အတွင်းရော အပြင်ရော ရေနံချီးတွေ သုတ်ထားတော့ အထဲမှာ တော်တော်လေး မှောင်တယ်။










ဒါကတော့ မန္တလေးကနေ မနက်က ၀ယ်လာတဲ့ ထမင်းဝါ


ဗားကရာကျောင်းကအပြန် နောက်ထပ်ရောက်သွားတဲ့ ဘုရားကတော့ လောကသရဖူဘုရားပါ။ ဒီဘုရားက အင်းဝမှာ အမြင့်ဆုံး နဲ. ဘုရားဝန်းအကျယ်ဆုံးဘုရားလို.ပြောရမယ်။ ပြီးတော့ ဘုရားဟောင်းတွေကြားထဲမှာ သူက နည်းနည်းအသစ်ပုံစံ ပေါက်နေတယ်။ အထဲမှာလဲ ဘုရားဆင်းတုတော်အကြီးကြီး ရှိပါတယ်။






နောက်ထပ် ရောက်သွားတာကတော့ အင်းဝ ဆင်ကျုံးခံတပ်ပါ။ အဲ့မှာ အလုပ်ကြမ်းလုပ်နေတဲ့ အမျိုးသမီးတွေကို တွေ.ခဲ့တယ်။ အဲ့ဒါကို ဓါတ်ပုံလှမ်း ရိုက်နေတုန်း ဆိုင်ကယ်နဲ. လူက ကိုယ့်ကို နိုင်ငံခြားသား မှတ်လို.နဲ.တူတယ်။ အဲ့ဒီ အလုပ်သမ အမျိုးသမီးတွေကို ဆရာကြီး စတိုင်နဲ. " ဟေ့ နင့်တို.မျက်နှာတွေ လက်နဲ. အုတ်ထား၊ နိုင်ငံခြားသားတွေက နင်တို.ပုံ တွေရိုက်ပြီး ဓါတ်ပုံတွေ ကို ရောင်းစားတာ၊ ကင်မရာထဲ မပါအောင် နေကြတဲ့"။  သူက ဘာမှ မလုပ်ပဲ ဆိုင်ကယ်မှာပေါ်မှာ ဇိမ်နဲ.ထိုင်ပြီး မဟုတ်တာတွေ လျှောက်ပြောနေတယ်။ အဲ့ဒီ အမျိုးသမီးတွေက မျက်နှာလက်နဲ. အုပ်လို. ခေါင်းပေါ်က ရွက်ထားတာ ပြုတ်ကျရင် သူက ကူထမ်းပေးမှာလား။ နောက်ပြီး ဓါတ်ပုံထဲ မပါအောင်နေဆိုတော့၊ သူ.တို.က မြစ်ထဲ ခုန်ချရမှာလား?"


အခုမှ ပုံကိုသေချာပြန်ကြည့်တော့ နောက်ဆုံးက အမျိုးသမီးတစ်ယောက် မျက်နှာကို လက်နဲ.အုပ်ထားတာကို တွေ.တယ်။ ကျွန်တော့်အနေနဲ. ကိုယ်နဲ. မသိတဲ့သူ၊ သူစိမ်းကို ဓါတ်ပုံရိုက်ရတာ လဲ မျက်နှာပူပါတယ်။ အားလဲနာတယ်။ ခွင့်တောင်းပြီး ရိုက်ဖြစ်တာပဲ များပါတယ်။ ဒါပမယ့် ဒီလိုနေရာမျိုး ၊ ဒီလိုပုံစံမျိုးမှာ ရိုက်တဲ့ ဓါတ်ပုံက ဘယ်လောက်ကောင်းပြီး၊ ဘယ်သူတွေက ပိုက်ဆံပေးပြီး ၀ယ်မှာလဲဆိုတာ စဥ်းစားဖို.တောင်မလိုပါဘူး။ ဒီလိုပုံတွေက ခရီးသွားမှတ်တမ်း ဓါတ်ပုံအနေပဲရှိပါတယ်။  ကျွန်တောေ်ပြာချင်တာက အခုလို အာချောင်ပြီး၊ ဘာမှ မသိပဲ ဆရာကြီးလုပ်တဲ့လူတွေကြောင့် ၊ ရိုးသားတဲ့ သူတွေ မဟုတ်မမှန်တဲ့၊ အတွေးအခေါ်တွေ ရသွားမှာကိုပဲ မလိုလားတာ။  မနှစ်ကလည်း ဦးပိန်တံတားမှာ ကလေးကိုယ်တိုင် က သူ.ကို  ဓါတ်ပုံရိုက်ပေးဖို. ပြောလို. ဓါတ်ပုံရိုက်ပေးတာ။ ဘေးက လူတစ်ယောက်က လှမ်းအော်တယ်။ "ဓါတ်ပုံအရိုက်ခံပြီးရင် ပိုက်ဆံတောင်းဖို. မမေ့နဲ.ဦး" တဲ့။ ဘာမှမသိတဲ့ ကလေးကို အဲ့လိုတွေ သင်ပေးတော့။ နောက် နိုင်ငံခြားသားတွေကို ပိုက်ဆံ သွားတောင်းရင်၊ သူတောင်းစား ပုံစံ ဖြစ်မသွားဘူးလား?






ဒါကတော့ အင်းဝမြို.ဟောင်းက နောက်ထပ်တွေ.ရတဲ့ ခံတပ်တခုပါ။ မင်းလှခံတပ် ဆိုတာအဲ့ဒါလားမသိဘူး။ အင်းဝမြို.ဟောင်းထဲကို ဆိုင်ကယ်နဲ. ပတ်တာ လမ်းတစ်လျှောက် ရှေးဟောင်းဘုရားတွေ အများကြီးပဲ။ ကျွန်တော်က စိတ်ဝင်စားဖို. ကောင်းတဲ့ ဘုရားတချို. တွေ.မှပဲပြီး ၀င်ပြီး ဓါတ်ပုံရိုက်ဖြစ်တယ်။ ဘုရားတွေ အကုန်ဖူးမယ် ဆို၇င်တော့ အင်းဝမှာ တနေကုန်သွားမယ်။










ညနေပိုင်း ကျောင်းဆင်းချိန်ရောက်တော့ ကလေးတွေ ကျောင်းကပြန်လာတာ အခုလိုတွေ.ရတော့၊ ငယ်ငယ်က ကိုယ်လဲ သူ.တို.တွေလိုပဲ စက်ဘီးစီးပြီး ကျောင်းသွားခဲ့တဲ့ အချိန်တွေကို ပြန်ပြီး သတိရမိတယ်။





ဒါကတော့ ရှေးဟောင်းဘုရားကျောင်း အပျက်ကြီးပါ။ ဘာကြောင့် ဒီလိုပျက်စီးသွားသလဲတော့ မသိဘူး။ ထုည်က တော်တော်ကြီးပါတယ်။ ပြီးတော့ ကုန်းအမြင့်ပေါ်မှာ ဆောက်ထားတော့ အဝေးကနေ လှမ်းမြင်ရပါတယ်။






နောက်ဆုံး အင်းဝက မပြန်ခင်၊ ငယ်ငယ်တုန်းက ရောက်ဖူးတဲ့ ဇီးကွတ်၂ကောင်ရှိတဲ့ ဘုရားကို လိုက်ရှာတယ်။ ရှာလို.မတွေ.ဘူး။ ဒီကလေးလေးတွေရဲ. အမေကိုမေးလို. လမ်းညွန်လိုက်မှ ရောက်သွားတယ်။ 



ငယ်ငယ်တုန်းက မှတ်မိသေးတယ်။ အင်းဝကိုလာရင် ဒီ ဇီးကွတ်၂ကောင် ရုပ်ထုရှိတဲ့ ဘုရားက နာမည်ကြီးပဲ။ ဘုရားဖူးတွေလဲ အများကြီး။ ပြီးတော့ အဲ့မှာ ညောင်ပင် အကြီးကြီးရှိတာကိုလဲ မှတ်မိတယ်။ ပြီးတော့ အောင်မြေ ဆိုလား လာယူကြတယ်။ ဒါပေမယ့် ကျွန်ေတာ်အခုရောက်တဲ့ အချိန်မှာတော့ ဒီဘုရားမှာ ကျွန်တော်တို.ပဲရှိတယ်။ တခြားဘယ်ဘုရားဖူးမှ မတွေ.ခဲ့ဘူး။ ပြီးတော့ အဲ့ဘုရားကိုသွားတဲ့လမ်းကလဲ မကောင်းဘူး။ သွားတဲ့သူ မရှိလို. လမ်းကို မပြင်ပဲ ပစ်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဘုရားဝန်းထဲမှာလဲ မြတ်ပင်တွေ၊ ချုံ တွေနဲ. ဘုရားကျောင်းပျက်ကြီးလို ဖြစ်နေတယ်။ ကြည့်ရတာ အခုနောက်ပိုင်း ဘုရားအသစ်တွေ ပေါ်လာတော့ ဒီနေရာကို လူတွေ သိပ်မလာကြတော့တာ ဖြစ်မယ်။  စာဖက်သူတွေကော အရင်က အင်းဝကိုရောက်ဖူးရင်၊ ဒီဘုရားကို ကော ရောက်ဖူးကြလား?

ငွေဇီးကွတ် နဲ. ရွေဇီးကွတ်





ဒါကတော့ ဧရာမ ညောင်ပင်ကြီးရဲ. သစ်ကိုင်းတွေ ကို ထောက်တိုင်တွေနဲ. ထောက်ထားပါ။ အမှန်တကယ် အချိန်ရရင် ဒီဘုရားထဲမှာ ဓါတ်ပုံရိုက်စရာတွေ အများကြီး၊ တခြားလူတွေ မရှိတော့ အေးအေးဆေးဆေးပဲ။








ညနေ Sunset ချိန်မရောက်ခင် အင်းဝကနေ ပြန်လာခဲ့ပါတယ်။ အပြန်လဲ မန္တလေးဘက်ကို လှေနဲ. ပဲ ပြန်လာပါတယ်။ ဆိုင်ကယ်ကို လှေပေါ်တင်ပြီး ကူးခဲ့ပါတယ်။  ဟိုးဘက်မှာ မြင်နေရတာက စစ်ကိုင်းတံတား အဟောင်းနဲ. အသစ်ပါ။ ပြီးရင် ဦးပိန်တံတားကို သွားပါ့မယ်။




No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis