Wednesday, January 4, 2017

0

Kalaw Day 1 & 2


2013-Dec-18, မြင်းမထိလှိုဏ်ဂူ ကို ဆိုင်ကယ် Taxi နဲ.သွားပြီး အပြန်မှာ တည်းတဲ့ ဟိုတယ် ရှေ.မှာပြန်ချပေးပါတယ်။ နေမ၀င်သေးတာနဲ. ဟိုတယ် ရှေ.က တောင်ကုန်းလေးတွေ.လို. အဲ့ဒီဘက်ကိုသွားခဲ့တယ်။ တောင်ကုန်း ကို လမ်းမကနေ လှေကားထစ် အတိုင်းတက်သွားရုံပါပဲ။ တောင်ကုန်းအပေါ်မှာ ဘုန်းကြီး ကျောင်းရှိပုံပေါက်တယ်။ အပေါ်မှာဆို View မယ့်ပုံပဲ၊ ပြီးတော့ Sunset လဲ ကြည့်လို.ရလောက်မယ်ထင်ပြီးသွားခဲ့တယ်။






တောင်ကုန်းအပေါ်မှာ ဘုန်းကြီးကျောင်းရှိပါတယ်။ ပြီးတော့ ကိုယ့်လိုပဲ Sunset လာကြည့်တဲ့ သူတွေ ရှိပါတယ်။ Tourist တွေ များပါတယ် တောင်ကုန်းပေါ်မှာ ထင်းရူးပင်လို သစ်ပင်အကြီးကြီးတွေ ရှိတယ်။ ပြီးတော့ ကလောမြို.ကို အပေါ်စီးကနေ မြင်ရတယ်။ ကလောမြို. ဈေးနားမှာ တည်း၇င် စားပြီးသောက်ပြီး အညောင်းပြေ လမ်းလျှောက်ပြီး လာလို.ကောင်းတဲ့ နေရာ တနေဆိုပါတော့။ ကျွန်တော်ကတော့ ခဏနေမှ ညစာစားရမယ်။










တောင်ကုန်းပေါ်က ပြန်အဆင်း ညစာ ဘာစားရမလဲ ဆိုင်ရှာပါတယ်။ တောင်ကုန်းအဆင်း လမ်းမပေါ်မှာ စားသောက်ဆိုင်တွေရှိပါတယ်။ တချို.ဆိုင်တွေက Tourist တွေ စားတဲ့ ဗိုလ်စာ တွေ ရောင်းတဲ့ ဆိုင်တွေ ရှိပါတယ်။ သူတို.က ကိုယ့်ကို Tourist မှတ်လို. အင်္ဂလိပ်လိုပြောပြီး ခေါ်ပါတယ်။ ကျွန်တော်ကတော့ မြန်မာထမင်းဆိုင်တွေ.တာနဲ. ရွေးချယ်ရတာလွယ်သွားတယ်။  မြန်မာထမင်းဆိုင်မှာ ကြက်သားဆီပြန်နဲ. ထမင်းစားခဲ့တယ်။ ၃၀၀၀ ကျပ်လား ပေးရတယ်။ အရံဟင်းတွေကတော့ ကြိုက်သလောက်စား။ ကြက်ဆီပြန်ထက် အရံဟင်းတွေက ပိုစားကောင်းတယ်။







ညစာ စားပြီး ဟိုတယ်မပြန်ခင် စောင်၊ ပုဝါတွေ ရောင်းတဲ့ဆိုင်းမှာ မနက်ဖြန် Trekking သွားရင် သုံးရအောင် စောင်အသေးလေး တစ်ထည်ဝယ်ခဲ့တယ်။ ဟိုတယ်ရောက်တော့ ဟိုတယ်က အမျိုးသမီးကို မနက်ဖြန် Trekking ၂ညအိပ်၊ ၃ရက်အတွက် ၃သောင်းခွဲပေးပြီး Booking လုပ်လိုက်တယ်။ သူကပြောတယ် မနက်ဖြန် မနက် ၉နာရီဟိုတယ်ကိုလာခေါ်မယ်တဲ့။   အဲ့ဒီတော့ မနက်ဖြန် Trekking အတွက် Camera တွေ ဖုန်းတွေကို Battery အားအပြည့်သွင်းတယ်၊ ရွာတွေမှာ အိပ်ရမှာဆိုတော့ မီးမရှိရင် အားမသွင်းရမှာ ဆိုးရတယ်။ အဓိက သွားရတဲ့ ရည်ရွက်ချက်က ဓါတ်ပုံရိုက်ချင်တာကိုး။




2013-Dec-19, မနက်စောစောထပြီး Trekking လာမခေါ်ခင် ကလောဈေးကိုပြေးပြီး ဒုတိယအကြိမ် ရှမ်းခေါက်ဆွဲသွားစားတယ်။ ရှမ်းခေါက်ဆွဲဆိုင်တွေက မုန်.တီသုတ်နဲ. မုန်.ဟင်းခါး တွေပါရောင်းနေတာ တွေ.ခဲ့တယ်။





၉နာရီလာခေါ်မယ်ဆိုပြီးစောင့်နေတာ ၉နာရီခွဲထိလာမခေါ်သေးဘူး။ ဟိုတယ်မှာ တည်းပြီး တခြား Trekking Tour နဲ.သွားမယ့်သူတွေ ထွက်သွားတာကြည့်ပြီး ကိုယ်က တစ်ယောက်တည်းကျန်ခဲ့တယ်။ ၉နာရီခွဲ တော့ ဟိုတယ်က အမျိုးသမီးကို မေးပါတယ်။ ဘယ်လိုလဲ။ လာခေါ်ဦးမှားလားပေါ့။  အဲ့တော့ သူကဖုန်းဆက်ပါတယ်။ အဲ့ဒီတော့မှ သိလိုက်တယ်။ လာမခေါ်တော့ ဘူး။ ထွက်သွားပြီတဲ့။ သူတို.အဖွဲ.က နိုင်ငံခြားတွေ ချည်းပဲ။ မြန်မာတွေမပါဘူးတဲ့။  သဘောကတော့ မြန်မာမို.လို. မခေါ်ချင်တဲ့ ပုံစံပေါ့။ အဲ့ဒီတော့ တော်တော်လေး စိတ်ပျက်သွားတယ်။ ကိုယ့်နိုင်ငံမှာတောင် ကိုယ်က ချောင်ထိုးခံရတဲ့ ပုံစံမျိုး။ သူတို.တောင်းသလောက်လဲ ကိုယ်က ပေးထားတာကို။ ဟိုတယ် အမျိုးသမီးက စိတ်မကောင်းကြောင်း ပြောပြီး၊ ပိုက်ဆံ ပြန်အမ်းပါတယ်။ နောက်နေ.သွားဦးမလား မေးတယ်။ 


ကိုယ်က အခုအဆင်သင့်ဖြစ်နေတာမို. ၊ ကလောမြို.ထဲလည်း လည်ပြီးနေတော့ ၊ ကလောမှာ ထပ်မနေချင်တော့ဘူး။ အခုပဲ သွားချင်နေတာလေ။ အဲ့တော့ အခုသွားလို.ရအောင် ဘယ်လိုလုပ်လို.ရသေးလဲ မေးကြည့်တော့။ သူ.တို.က ဖုန်းတွေ ဆက်ကြည့်တယ်။ အဲ့မှာ ၁၀နာရီခွဲ မှာ အဖွဲ.တဖွဲ.ရှိတယ်လိုက်မလားပေါ့။ ကိုယ်ကလဲ အဆင်သင့်ဖြစ်နေတော့ လိုက်မယ်လို.ပြောလိုက်တယ်။ အဲ့ဒီတော့ အဲ့ဒီအဖွဲ.အတွက် Guide တစ်ယောက်ရောက်လာပြီး  ရွာမှာ စားဖို.သောက်ဖို. ကလောဈေးမှာ သွားဝယ်ရမယ် စပေါ် ၅၀၀၀ ပေးရမယ်ဆိုလို.ပေးလိုက်တယ်။ ခဏနေတော့ ကျွန်တော်နဲ. သွားရမည့်အဖွဲ.ကလူတွေ ရောက်လာပါပြီ။ အဲ့ဒီတော့မှ Trekking မသွားဖို. လုံးဝဆုံးဖြတ်လိုက်ပြီ။


ဘာလို.လဲ ဆိုတော့ ကိုယ်နဲ.လုံးဝ အဆင်မပြေတဲ့ လူမျိုးတွေပါတဲ့  အဖွဲ.မို.လို.ပါ။ 😉 နေ.ချင်းပြန်ဆိုရင်တော့ သီးခံလို.ရဦးမယ်။ ၂ညအိပ် ၃ရက်ကို သူ.တို.နဲ.သွားဖို.ဆိုတာ တော့ မဖြစ်နိုင်ဘူး။ Racist ဖြစ်တာတော့ မဟုတ်ဘူး။ အဲ့လူမျိုးနဲ. ဆို လုံးဝအကျိုးမပေးတာ။ ကျောင်းမှာရော၊ အလုပ်ထဲမှာတော့ အဲ့လူမျိုးနဲ.ဆို ဘယ်လိုမှ တွဲပြီး အလုပ်လုပ်ကို မရတာ။ အခုအခြေအနေ က ကိုယ်က ရွေးချယ်လို. ရတဲ့ အနေအထားဆိုတော့ မသွားတော့ဘူး လို. ဟိုတယ်က အမျိုးသမီးကိုပြောလိုက်တယ်။ သူ.က လဲ အံ့သြသွားတယ်။ ဘာလို. မသွားတာလဲပေါ့။ ကျွန်တော်ကလည်း ပြောလိုက်တယ်။ မန္တလေး ကိစ္စတခုပေါ်လာလို. ပြန်ရတော့မယ်ပေါ့။ ဈေးသွားဝယ်ပြီး ပြန်လာတဲ့  Guide က ကျွန်တော်မလိုက်တော့ဘူး ပြောတော့၊ ခုန ဈေးဖိုး ၅၀၀၀ က  ဈေးဝယ်ပြီးသွားလို. ပြန်မအမ်း နိုင်ဘူးလို.ပြောပါတယ်။ ကိုယ်ကလည်း ၅၀၀၀လောက်ကတော့ ကိစ္စမရှိဘူး၊ ရတယ်လို.ပြောလိုက်တယ်။ အဲ့ဒီတော့ အဲ့ဒီ ချစ်စရာကောင်းတဲ့ လူမျိုးတွေက "Very good၊ we can eat more" ဆိုပြီး ပြောပါတယ်။ ဘယ်လောက်တောင် ချစ်ဖို.ကောင်းသလဲ။ သူတို.နဲ. ၂ည အိပ်ခရီးမသွားမိတာ ကံကောင်းသွားတယ်။  😌


Trekking မလိုက်ဖြစ်တော့ မန္တလေးကို ပြန်မည့် ကားကို စုံစမ်းပါတယ်။ Express Bus ကားတွေက တောင်းကြီး ကနေ ညမှ လာမှာဆိုတော့ ၊ ကလောကနေ ညမှ ထွက်ရမှာလေ။ အဲ့တော့ ကလောမှာ တနေကုန် သောင်တင်နေပြန်ရော။ ဒါနဲ. ဈေးနား လမ်းလျှောက်ထွက်ရင်း မိတ်ထီလာ ၊ မိတ်ထီလာ ဆိုတဲ့ အသံကြားတာနဲ. ကားဘယ်အချိန်ထွက်မှာလဲဆိုတော့ အခုထွက်မှာတဲ့။ အဲ့ဒါနဲ. ဟိုတယ်ကို အမြန်ပြေးပြီး အထုတ်အပိုးတွေ သွားယူပါတယ်။ ကားက ကလောကနေ မိတ်ထီလာကို ပြေးတဲ့ Hilux ကားလေးပါ။ သက်တောင့် သက်သာ တော့ မရှိဘူး။ ဒါပေမယ့်  ကားခက ဈေးပေါမှပေါ။ မိတ်ထီလာ ရောက်သွားရင် ၊ မန္တလေးကို သွားဖို.က ကားတွေ ပေါသွားပြီလေ။



နေ.လည့် ရွာငံဘက်မှာ ထမင်းစား ခဏနားပြီး မိတ်ထီလာကို ညနေ အစောပိုင်းမှာ ရောက်ပါတယ်။ မိတ်ထီလာ ကားကွင်းမှာ ကားဆိုက်တယ်။ မန္တလေးသွားတဲ့ Mini Bus တွေ ပေါမှပေါ။  ဒါနဲ. Mini Bus ကိုပြောင်းစီးပါတယ်။ ကားပေါ်မှာ ဈေးသည်တွေ ပါတယ်။ သူတု.ိက ၀မ်းတွင်းကို ပြန်မယ့်သူတွေပါ။ ကားပေါ်မှာ မုန်.တွေ ၀ယ်စားလိုက်တယ်။ နွားနို.ခဲ ရောင်းတဲ့ ဈေးသည်လဲ ကားပေါ်မှာတင် ဈေးတော်တော်ရောင်းလိုက်ရတယ်။ ဒီလိုကားစီးရတာလဲ အတွေ.အကြုံ တမျိုးရတာပေါ့။ Express ကားတွေလောက် သက်တောင့်သက်သာ မရှိပေမယ့် Local တွေ ဘယ်လို ရုန်းကန်၊လူပ်ရှားနေရတဲ့ ဘ၀တွေကို ခံစားရတာပေါ့။




မန္တလေး ကို ညမှောင်ခါနီး အချိန်မှာ ရောက်တယ်။ ကလောကနေ Express ကားသာစောင့်စီးရင်၊ မနက်ဖြန် မနက်မှ ရောက်မှာလေ။ ကလောခရီးစဉ်ကတော့ သေချာ မစီစဉ်ခဲ့တော့ အခုလို ပေါက်ကရတွေ ဖြစ်ပြီး ၊ အရမ်းသွားချင်တဲ့ Trekking လဲ မသွားဖြစ်လိုက်ဘူး။ 


No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis