Monday, January 2, 2017

0

Kalaw Day 1 (Myin Ma Hti Cave , Hill Top Villa Resort & Kalaw Train Station)


2013-Dec-18, ကလောမြို.နားက လမ်းလျှောက်သွားလို.ရတဲ့ ရွေဥမင်ဘုရားနဲ. နှီးဘုရားကို သွားပြီး။ ညနေပိုင်း ဆိုင်ကယ် Taxi နဲ. မြင်းမထိ လှိုဏ်ဂူနဲ. Hill Top Villa Resort ကိုသွားခဲ့တယ်။ ဆိုင်ကယ် သမားကို ၆၀၀၀ ပေးရတယ်ထင်တယ်။ မြင်းမထိ လှိုဏ်ဂူက တော်တော်လေးတော့ သွားရတယ်။ လမ်းမှာလဲ လူပြက်တယ်။





မြင်းမထိလှိုဏ်ဂူရောက်တော့ လာလည်တဲ့သူဆိုလို. ကျွန်တော်တစ်ယောက်တည်းရှိတယ်။ လှိုဏ်ဂူ နားမှာ လက်ဖက်ရည်ဆိုင်တွေ နဲ. ဈေးဆိုင်တွေတော့ ရှိတယ်။













လှိုဏ်ဂူထဲ ၀င်ကြည့်တော့ လှိုဏ်ဂူထဲမှာလဲ ကိုယ်တစ်ယောက်တည်းရှိတယ်။ တိတ်ဆိတ်နေပြီး လှိုဏ်ဂူထဲမှာ အကောင်ပလောင်တွေ တွေ.မှာ ဆိုးလို.တောင် စိတ်ပူမိတယ်။ အထဲတည်းတော်တော် ၀င်ပြီးသွားတော့ အသက်ရူတောင် မ၀တော့ဘူး။ အဆုံးထိမလျှောက်တော့ဘူး ပြန်လှည့်မယ်လို.တောင်တွက်ထားမှ ထွက်ပေါက်တွေ.သွားမှ အသက်ရူချောင်သွားတယ်။ အ၀င်ကနေ ပြန်ထွက်စရာမလိုပါဘူး။ ထွက်ပေါက်က သသက်သက်တစ်ပေါက်ပါ။ လှိုဏ်ဂူထဲမှာလဲ ချော်မလဲအောင် ကြမ်းပြင်ကို ခြေမချော်တဲ့ ကော်ဇောတွေ ခင်ထားပေးပါတယ်။







လှိုဏ်ဂူထဲက အထွက် ဆိုင်ကယ် ဆရာဆီအသွား ခွေး ၃ကောင်လောက် အဝေးကနေပြီးလာပြီး လူကို ခုန်အုတ်ပါတယ်။ ကျော်ပိုးအိတ်ကို လက်တွေနဲ. ပုတ်ပါတယ်။ ရုတ်တရက်ဆိုတော့ တော်တော်ကိုလန်.သွားတယ်။ ချက်ချင်းပဲ မုန်.ဆိုင်က အမျိုးသမီးတစ်ယောက်က လှမ်းအော်တယ်။ မကြောက်နဲ. သူတို.က အစာတောင်းတာ ဘာမှ မလုပ်ဘူးတဲ့။ ဘာမလုပ်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ခွေးကြောက်တဲ့သူဆိုရင် သတိတောင် လစ်သွားမလားမသိဘူး။


မြင်းမထိလှိုဏ်ဂူက အပြန် Hill Top Villa Resort ကို ပို.ပေးပါတယ်။ ဆိုင်ကယ်နောက်ကနေ လမ်းတလျောက်ရူခင်းတွေ ကို ဓါတ်ပုံရိုက်ခဲ့တယ်။ မနက်ဖြန် Trekking သွားရင် ဒီဘက်တွေ သွားမယ်ထင်တယ်။







Hill Top Villa Resort ကိုရောက်ပါပြီ။ ဟိုတယ်ကတော်တော်လေးကို သာယာပါတယ်။ အေးအေးဆေးဆေး နေချင်တယ်ဆိုရင်တော့ တကယ်နေရာကောင်းပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ကလောဈေးနားက ဟိုတယ်တွေမှာပဲ နေချင်တယ်။ ဈေးနားမှာက စားသောက်ဆိုင်တွေ ၊ ဈေးဆိုင်တွေ ပေါတယ်။ ဒီမှာ သီးသန်.ကြီးဖြစ်နေတယ်။ ဒီမှာနေ ၊ ဒီမှာစား ပုံစံမျိုးကြီး။




ဟိုတယ်က နာမည်အတိုင်း တောင်ပေါ်မှာပါ။  ဆိုင်ကယ်ကို အရှိန်နဲ. တက်ရတယ်။ ဟိုတယ်ဝန်းထဲမှာ ပန်းတွေ အများကြီး စိုက်ထားတယ်။ ပတ်ဝန်းကျင် View ကောင်းကောင်း မြင်ရပါတယ်။


















အစက နေ၀င်တဲ့ ထိ ဒီမှာ နေမလို. ၊ ဆိုင်ကယ် ဆရာကို အားနာတာနဲ. ဓါတ်ပုံနည်းနည်းရိုက်ပြီး ပြန်လာခဲ့တယ်။ သူက အပြင်မှာ ကလောဘူတာ မှာ ခဏပို.ပေးမယ်ဆိုတော့။



ဒါကတော့ ဟိုတယ် ရှိတဲ့ တောင်ကနေ အဆင်းနားမှာ ရှိတဲ့ ကလောဘူတာပါ။ ရောက်သွားတဲ့ အချိန်က ရထား ထွက်ချိန်မဟုတ်တော့ ခြောက်ကပ်နေတယ်။






ဒီဆိုင်းဘုတ်အရ ရွေညောင်ကို ရန်ကုန်ကနေ ရထားနဲ. လာလို.ရတယ်ထင်တယ်။



No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis