Tuesday, February 7, 2017

0

U Bein Bridge Sunset, 2013


2013-Dec-20, Innwa က အပြန် နေ၀င်ချိန်နဲ. ကွတ်တိမို. လမ်းလဲ သင့်တာနဲ. U Bein Bridge (ဦးပိန်တံတား) ကိုတခါတည်းသွားခဲ့တယ်။ ဆိုင်ကယ်ကို ဘုရားကျောင်းဝန်းထဲမှာ အပ်ရတယ်။ ဘုရားကျောင်းဝန်းတည်းရောက်လက်စ နဲ. တခါတည်း ဘုရားဝင်ဖူးခဲ့တယ်။ ဦးပိန်တံတားကို ရောက်တာ ခဏခဏ ၊ ဒါပမယ့် ဒီဘုရားကို အခုမှ ရောက်ဖူးတာပါ။





နေ၀င်ချိန်က နီးပြီဆိုတော့ လှေအမြန်သွားငှားရတယ်။ ဒီလှေကို မန္တလေးအခေါ် ငှက်ပေါ့။ လှေလှော်တဲ့သူကိုလဲ ငှက်ဆရာ လို. ခေါ်တယ်။ လှေစီးတာကို လည်း ငှက်စီးတာလို.ခေါ်ကြတယ်။ အဲ့တုန်းက ၂၀၁၃ ဈေး ၇၀၀၀ ကျပ်ပါ။ မိုးရာသီဆိုရင် ဈေးနည်းနည်းသက်သာပါတယ်။ အခုလို ဆောင်းတွင်းကတော့ စီးတဲ့သူပေါလို. ဈေးတော့ နည်းနည်းတက်သွားတယ်။ ကနေ.ရာသီဥတုကောင်းတော့ Sunset တော်တော်လှမယ်လို.ထင်တယ်။






ဦးပိန်တံတားကို ခဏခဏလာဖူးပေမယ့်၊ အခုမှ ပထမဦးဆုံး ငှက်စီးဖူးတာပါ။ ခါတိုင်းက တံတားပေါ်လမ်းလျှောက်ပြီးသွားခဲ့တယ်။ ငှက်စီးဖူးမှ ငှက်စီးရတဲ့ အရသာကို သိတော့တယ်။ ဘာလို.လဲဆိုတော့ ရေပြင်ပေါ်ကနေ ရွေရောင်ဖြာနေတဲ့ အင်းနဲ. တံတားဗြူးး က တော်တော်လေးကိုလှတယ်။ ရေက ငြိမ်ပြီးတော့ လှေစီးတာ ငြိမ့်ငြိမ့်လေး။ တချို.လဲ လှေမစီးပဲ သောင်ထွန်းနေတဲ့ နေရာတွေကနေ နေ၀င်တာကို စောင့်ကြည့်တဲ့သူနဲ. ဓါတ်ပုံရိုက်တဲ့ သူနဲ. အားလုံး အဆင့်သင့် နေရာယူနေကြပါပြီ။










နေလုံးကြီး ပေါ်မလာခင် တံတားရဲ. ညာဘက်ခြမ်းကို လိုက်ပို.ပါတယ်။ အဲ့ဘက်မှာတော့ နာမည်ကြီး သစ်ပင်ခြောက်ကြီးရှိပါတယ်။ ဓါတ်ပုံထဲမှာ သေချာမမြင်ရပေးမယ့် ဦးပိန်းတံတား မှာ နေရာတိုင်းမှာ အမိုက်တွေ တော်တော်များတယ်။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် ပလက်စတစ် အိတ်တွေ၊ ဗူးခွံတွေ ပွစိတက်လို.။ ဒီလို နာမည်ကြီး Attraction တခုကို စနစ်တကျ အမိုက်စွန်.ပစ်တာတွေကို အရေးပေးပြီး လုပ်သင့်တယ်လို.ထင်တယ်။





နေလုံးကြီးထွက်လာခါနီးတော့ လှေတွေအားလုံး တံတားရဲ. ဘက်ဘယ်ကို အရောက်သွားကြပါတယ်။ အဲ့ဘက်မှာမှ တံတားနောက်ခံနဲ. Sunset ဗြူး ရတာပါ။ နေရာကောင်းရဖို. လှေသမားက စောစောသွားမယ်လို. ပြောပါတယ်။




တံတားရဲ. ဘယ်ဘက်ကိုသွားနေတုန်း ဒီအတွဲနှစ်ယောက်ကိုတွေ.တော့ အရမ်းသဘောကျတာနဲ. ဓါတ်ပုံရိုက်လိုက်တယ်။ ကိုယ်ရိုက်နေတာကို တွေ.သွားတော့ ကောင်မလေးက၊ ကောင်လေးကို နမ်းလိုက်တယ်။ ဓါတ်ပုံလေး အရမ်းလှလို. သူတို.ကို လက်ပြပြီး နူတ်ဆက်လိုက်တယ်။ နေ၀င်ချိန် နီးပြီးဆိုတော့ အားလုံးက ဓါတ်ပုံရိုက်ဖို. ပဲ အားသန်နေတာ ကိုယ်တိုင်ေ၇ာပါ။ ပြီးမှသတိရတယ် သူတို.ကို Email ဖြစ်ဖြစ်တောင်းပြီး ဓါတ်ပုံလေး ပို.ပေးချင်တယ်။ သူများတွေတော့ မသိဘူး၊ ကျွန်တော့်အနေနဲ. ဒီဓါတ်ပုံလေးက တော်တော်လေးကို အသက်ဝင်ပြီး အရမ်းကို Romantic ဆန်တဲ့ ပုံလေးပါ။ စင်ကာပူမှာလဲ ဒီဓါတ်ပုံနဲ. ဓါတ်ပုံပြိုင်ပွဲ ၀င်တာလဲ နှစ်သိမ့်ဆု ရဖူးပါတယ်။ မြန်မာပြည်က Tour company တချို.ရဲ. facebook မှာလဲ ဒီပုံကို ကျွန်တော့ ခွင့်ပြုချက် မတောင်းပဲ သုံးနေတာကို တွေ.ရတယ်။ ဒါကြောင့် ဒီပုံကို မြင်တိုင်း ကာယကံရှင်ကို ပို.မပေးနိုင်လို. ဓါတ်မကောင်း ဖြစ်မိတယ်။




ဒီဘက်ကိုရောက်တော့ နေ၀င်တာနဲ. ကွတ်တိပါပဲ။ ကနေ. ရာသီဥတုကောင်းတော့ နေအလုံးလိုက်ကြီး မြင်ရပါတယ်။ တခါမှ ဦးပိန်တံတားမှာ ဒီလောက်လှတဲ့ Sunset ကို မကြည့်ဖူးဘူး။ ဒါကြောင့်လည်း နိုင်ငံတကာက လူတွေ လာပြီး ကြည့်ကြတာပေါ့။ တချို.ဆို လှေပေါ်မှာ ၀ိုင်တွေ၊ ဘီယာတွေ သောက်ပြီးတော့ကို ကြည့်ကြတာ။ တကယ်လို. အမိုက်တွေ သာရှင်းနေမယ်ဆိုရင်တော့ အရမ်းကို Perfect ဖြစ်သွားမှာပဲ။











နေ၀င်သွားတော့ တံတားပေါ်မှာ လမ်းလျှောက်ချင်တာနဲ. လှေဆိပ်ကို မပို.ခိုင်းပဲနဲ.။ တံတားနားမှာ ရပ်ခိုင်းပါတယ်။ တံတားပေါ်မှာ နောက်ကျမှ ရောက်လာသူတွေရော၊ Sunset ကို ကြည့်ပြီး ပြန်မယ့်သူတွေနဲ. စည်ကားနေပါတယ်။ ပြန်ခါနီ အရမ်းကြိုက်တဲ့ ကုလား ဗယာကြော်သည် တွေ.လို. ၀ယ်စားခဲ့သေးတယ်။ 



အဲ့ဒီနေက ဦးပိန်တံတားက အပြန်မှတ်မှတ်ရရ၊ ကျွန်တော်တို.မောင်းနေတဲ့ ဆိုင်ကယ် ရှေ.က ကားက ခွေးပေါက်စလေးကို တက်ကြိုက်သွားတယ်။ လမ်းဘေးကလူတွေက လမ်းမပေါ်မှာ လူးလိမ့်နေတဲ့ ခွေးလေးကို ၀ိုင်းကြည့်နေကြတယ်။ ဘယ်သူမှတော့ လာမချီကြဘူး။  ကျွန်တော်  ဆိုင်ကယ် ကို အရှိန်လျော့ ပြီး လမ်းဘေးမှာ ခဏရပ်လိုက်တယ်။လမ်းက တော်တော် မှောင်နေပြီ။ ကြိတ်သွားတဲ့ကားက မရပ်ပဲ ဆက်မောင်းသွားတယ်။ ခွေးက လူပ်နေတုန်းဆိုတော့ သွားမခေါ်ရင် နောက်ကား က ဆက်ကြိတ်မှာလေ။  အဲ့ဒါနဲ. ကျွန်တော်က ပြေးပြီး ခွေးကိုချီလာပြီး လမ်းဘေးကိုခေါ်လာတယ်။ ခွေးက တအီအီနဲ. အော်နေပြီး။ ကျွန်တော်လက်ထဲမှာပဲ ခေါင်းငိုက်ဆိုက်ကျပြီး။ သေသွားပါတယ်။ လမ်းဘေးမှာ ချလိုက်တော့၊  သူ.ရဲ. မောင်နှမတွေ ဖြစ်မယ် ခွေးပေါက်စလေး ၂ကောင်ထွက်လာပြီး၊ သူကို လာနမ်းတယ်။ သူကတော့ လုံးဝမလူပ်တော့ပါဘူး။ တကယ်လို. မသေဘူးဆိုရင်တော့ ဆေးခန်းတွေ ခေါ်သွား လို.ရတာပေါ့။ သူကတော့ ၀တ်ကျွတ်သွားပြီ၊ ကျန်တဲ့ အကောင်လေးတွေလည်း နောက်နေ. ကားပဲကြိတ်သေမလား၊ ဆောင်းတွင်ချမ်းလို. အေးပြီးသေမလား မသိဘူး။ ခွေးအမေလဲ အနားမှာ မတွေ.မိတော့ ကြည့်ရတာ ခွေးလေးတွေကို လမ်းဘေးမှာ လာပစ်ထားတာလားမသိဘူး။ ကိုယ်ကလည်း အလည်လာတဲ့သူဆိုတော့ ဘာမှ လုပ်မပေးနိုင်ဘူးလေ။


အဲဒီနေ.ညစာကိုတော့ ရတနာပုံ ညဈေးနားက ထမင်းကြော်ဆိုင်မှာ စားခဲ့တယ်။ အဲ့ဒီနားမှာ ထမင်းကြော်ဆိုင် ၃ ဆိုင်လောက် ဖွင့်ထားတယ်။ ထမင်းကြော်နဲ. ဟင်းတွေ မှာစားလို.ရတယ်။ စားတဲ့သူတွေ ကြိတ်ကြိတ်တိုးပဲ။



No comments:

Post a Comment

My Foot Prints

Tun Tun’s Travel Map

Tun Tun has been to: Cambodia, Canada, Indonesia, Malaysia, Myanmar, Singapore, Thailand, Vietnam.
Get your own travel map from Matador Network.

ShareThis